အသားခြောက် ကြပ်ကင်ရာကနေ မီးလောင်မှုဖြစ်ပြီး နေအိမ်(၉)လုံး မီးထဲပါသွားတဲ့ဖြစ်စဥ် မန္တလေးမှာဖြစ်ပွားခဲ့

မတ် ၁၀-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်မှာ ဒီကနေ့ မနက်အစောပိုင်း ၂နာရီခွဲအချိန်ခန့်က နေအိမ်(၉)လုံး မီးလောင်မှုဖြစ်စဥ်ဖြစ်ပွါးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” အိမ်ငှားနေသူက အသားခြောက်လုပ်တာပေါ့၊ အသားခြောက် ကြပ်ကင်ရာကနေ စလောင်တာပါ၊ ကင်တဲ့အချိန် မီးဖိုထဲမှာ ဆီများသွားပြီး မီးတောက်ထွက်ရာကနေ အိမ်အမိုးကို မီးကူးစက်တယ် အဲ့ဒီက စလောင်တာပေါ့၊ မီးလောင်မှုက နာရီဝက်လောက်တော့ကြာတယ်”လို့ မီးသတ်တပ်ဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။ မီးလောင်မှုကြောင့် နေအိမ်အဆောက်အဦ(၉)လုံး မီးလောင်ခဲ့ပြီး မီးသတ်တွက်ချက်တန်ဖိုး ကျပ် သိန်း (၁၈၀)ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။ မီးလောင်မှုကို Level-1အဆင့် သက်မှတ်ကာ သန္ဓေတပ်ဖွဲ့ဝင် (၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၂၀)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၅)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီးနဲ့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး မနက် ၃နာရီးအချိန်ခန့်မှာ မီးလုံးဝငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး မီးစလောင်ခဲ့တဲ့ အသားခြောက်လုပ်ငန်းပိုင်ရှင်ဖြစ်သူ အသက်(၄၃)နှစ်အရွယ်…

Read More

ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပြီး ပတ်စ်ပို့နဲ့ပါ ဖြတ်သန်းသွားလာခွင့်ပြု

မတ် ၉ – ၂၀၂၃ GG (VOM) တနင်္သာရီတိုင်း၊ကော့သောင်း – ရနောင်း နယ်စပ်ဂိတ်ကို ​ပြန်ဖွင့်ပေးလိုက်ပြီး ပတ်စ်ပို့စာအုပ်နဲ့ CI မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်စာအုပ်ရှိသူတွေကိုပါ ဝင်ထွက်သွားလာခွင့်ပြုလိုက်တယ်လို့ ကော့သောင်းဒေသခံတွေဆီက သိရပါတယ်။ ပတ်စ်ပို့ကိုင်သူတွေကိုပါ ဖြတ်သန်းသွားလာခွင့်ပြုလိုက်တာဟာ ပထမဆုံးအဖြစ် စတင်ခွင့်ပြုတာဖြစ်ကြောင်း ၊ မတ်လ ၇ ရက်နေ့ကစပြီး ဝင်ထွက်ခွင့်ပြုတာဖြစ်တယ်လို့ သိရပါတယ်။ ” အရင်တုန်းကလည်း ပတ်စပို့စာအုပ်နဲ့သွားလာခွင့်ပြုတာမရှိဘူး။ဒါအခုမှ စပြီးခွင့်ပြုတာပါ။ ၇ ရက်နေ့ကတည်းကခွင့်ပြုတယ်၊စာတွေချိတ်ထားတာလည်းတွေ့တယ် “လို့ ကော့သောင်းဒေသခံတဦးကပြောပြပါတယ်။ ပတ်စ်ပို့စာအုပ်နဲ့သွားရောက်မယ့်သူတွေအနေနဲ့ ဗီဇာလျှောက်ဖို့တော့လိုအပ်ကြောင်း ၊လက်ရှိမှာတော့ ပတ်စ်ပိုစာအုပ်နဲ့ဖြတ်သန်းသွားလာမှုက ထိုင်းဘက်ကနေ ဝင်ရောက်လာသူသာရှိပြီး မြန်မာဘက်ကသွားရောက်သူတွေတော့မရှိသေးဘူးလို့ သိရပါတယ်။ ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်ကို ကိုဗစ်ကာလမှာ ဖြတ်သန်းသွားလာခွင့်ပိတ်ထားရာကနေ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ နှစ်နိုင်ငံသဘောတူညီမှုနဲ့ Temporary Boderpass ယာယီနယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်နဲ့ သွားလာခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ကော့သောင်း-ရနောင်းနယ်စပ်ဂိ​တ်ကနေ…

Read More

ပုဏ္ဏားကျွန်းမှာ နေအိမ် ၃ လုံးမီးလောင်ပြီး ကျပ်သိန်း ၃၀၀ နီးပါးဆုံးရှုံး

မတ် ၉- ၂၀၂၃ SW (VOM) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင် စံပြရွာမှာ နေအိမ် (၃)လုံး မီးလောင်မှုဖြစ်ပွားပြီး ငွေကျပ်သိန်း ၃၀၀ နီးပါးလောက်ဆုံးရှုံးခဲ့တယ်လို့ ကျေးရွာ ရပ်မိရပ်ဖတွေဆီကနေ သိရပါတယ်။ မီးလောင်မှုဟာ ဒီကနေ့ မနက် ၁၁ နာရီခန့်က ပိုးရွှီပြင်စံပြရွာ၊ ရွာမလမ်းရပ်ကွက်၊ ရွာရဲ့အနောက်ဘက် ချောင်းကမ်းစပ်က နေအိမ် (၃) လုံး မီးလောင်ဆုံးရှုံးသွားတာဖြစ်တယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။ ပိုးရွီပြင်စံပြရွာ ရပ်မိရပ်ဖဖြစ်တဲ့ ဆရာဦးကံထွန်းမောင်က ” အရက်မူးပြီးတော့ ကိုယ့်အိမ်ကို မီးရှို့တာလို့သိရတယ်။ ဘေးနားက အိမ်နှစ်ဆောင်ပါသွားတယ်။ အဲဒီအိမ်နှစ်ဆောင်မှာ တိုက်အိမ်တဆောင်ပါတယ်။ အဲဒီတိုက်အိမ်ကြောင့် ထိန်းနိုင်လိုက်တာ မဟုတ်ရင် လမ်းတောက်လျှောက်အိမ်တွေ ပါသွားနိုင်တယ်။ ” လို့ ပြောပါတယ်။ အရက်မူးပြီး မိမိအိမ်ကို မီးရှို့သူကတော့ ကိုနိုင်နိုင်ချေ အသက် (၂၇) နှစ်ဖြစ်ပြီး မိခင်ဖြစ်သူနဲ့…

Read More

ခြိမ်းခြောက်စာတွေရလို့ Yangon Water Bus ​​ပြေးဆွဲမှု ယာယီရပ်နား

မတ် ၉ – ၂၀၂၃ SN (VOM) ခြိမ်းခြောက်စာတွေရလို့ Yangon Water Bus ခရီးစဉ် ပြေးဆွဲမှုတွေကို ယာယီရပ်နားထားမယ်လို့ ဒီနေ့ မတ်လ ၉ ရက်မှာ အသိပေးချက်ထုတ်ပြန်လာပါတယ်။ “Yangon Water Bus ရုံးချုပ်နဲ့ CEO ရဲ့ကားတွေပေါ်မှာ မည်သူမည်ဝါဆီကမသိရတဲ့ ခြိမ်းခြောက်စာတွေ သုံးကြိမ်တိုင်တိုင် ရရှိထားတာကြောင့် ခရီးသည်တွေနဲ့ ဝန်ထမ်းတွေရဲ့လုံခြုံရေးအတွက် ခရီးစဉ် ပြေးဆွဲမှုတွေကို ခေတ္တ ရပ်နားထားမှာဖြစ်ပါတယ်။ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ လုပ်ဆောင်ပြီးရင်တော့ ပြန်လည် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်“ လို့ Yangon Water Bus ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေး ရေးသားထားပါတယ်။ လက်ရှိမှာ Yangon Water Bus အနေနဲ့ ၎င်းတို့နဲ့ပတ်သက်တဲ့ ကြေညာချက်တချို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါရှိခြင်းနဲ့ပတ်သက်လို့ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ဂုဏ်သတင်းညိုးနွမ်းစေဖို့ ရည်ရွယ်ကာ လီဆယ် ကြေညာခြင်းသာဖြစ်ကြောင်းကို…

Read More

ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းတွေ ရာနှုန်းပြည့် မလည်ပတ်နိုင်သေးတာကြောင့် လုပ်သား(၅)သိန်းနီးပါး အလုပ်လက်မဲ့ဖြစ်နေ

မတ်လ၊၉-၂၀၂၃ MM [ VOM] နိုင်ငံတဝှမ်း ပုဂ္ဂလိကဆောက်လုပ်ရေလုပ်ငန်းတွေ ရာနှုန်းပြည့်မလည်ပတ်နိုင်သေးတာကြောင့် လုပ်သား (၅)သိန်းဝန်းကျင်အထိ အလုပ်လက်မဲ့ဖြစ်နေရတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ရဲ့စာရင်းတွေအရ သိရပါတယ်။ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က စတင်လို့ လုပ်သားပေါင်း ၁ ဒသမ ၂ သန်းခန့်ကို အလုပ်အကိုင်အခွင့်အလမ်းတွေရရှိခဲ့ပြီး လက်ရှိ ၂၀၂၃ ခုနှစ်အထိ လုပ်ငန်းတွေ ၆၀ ရာခိုင်နှုန်းအထိသာလည်ပတ်နေရတဲ့အတွက် ကျန် ၄၀ ရာခိုင်နှုန်းမှာရှိတဲ့ လုပ်သားဦးရေ ၄၈၀၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်နေတယ်လို့ သိရပါတယ်။ ”လက်ရှိ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းတွေ ရာနှုန်းပြည့် မလည်ပတ်နိုင်သေးတာက ပြည်တွင်းနိုင်ငံရေး အကျပ်အတည်း ဖြစ်နေတာ ၊ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးတက်လာတာနဲ့ လက်ရှိ ၆၀ ရာခိုင်နှုန်းအထိလောက်သာဘလည်ပတ်နိုင်သေးပါတယ်၊ ဆောက်လုပ်စရိတ်နဲ့ ကုန်စရိတ်တွေအရမ်းတက်နေတာနဲ့ အကျိုးအမြတ်တွေ ကွာဟမှုတွေရှိတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ကျဆင်းနေတာဖြစ်တယ်၊ ဒါ့ကြောင့်လည်း လုပ်သားပျှမ်းမျှ ၅…

Read More

မြန်မာလုပ်သားတွေကို ထိုင်းကနေ မလေးရှားပို့နေတဲ့ လူကုန်ကူးဂိုဏ်းခေါင်းဆောင်အမျိုးသမီး ဖမ်းဆီးခံရ

ဘန်ကောက်၊ မတ်-၉-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံကတဆင့် မလေးရှားကို မြန်မာလုပ်သားတွေကို တရာမ၀င်ပို့ပေးနေတဲ့ အဓိကလူမှောင်ခိုဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူအမျိုးသမီးကို ထိုင်းလူ၀င်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်လိုက်ပါတယ်။ အသက် ၅၃ နှစ်အရွယ် မစ္စပါလီနီးလို့အမည်ရတဲ့ အမျိုးသမီးကို နန်သာဘူရီပြည်နယ်မှာရှိတဲ့ သူမရဲ့နေအိမ်မှာ မတ် ၇ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ထိုင်းတာ၀န်ရှိသူတွေက ပြောပါတယ်။ မစ္စပါလီနီးဟာ ဆာကေအိုပြည်နယ်မှာရှိတဲ့ ပို့ဆောင်ရေးကုမ္ပဏီတခုရဲ့ မန်နေဂျာလည်းဖြစ်ပါတယ်။ သူမဟာ မြန်မာ-ထိုင်းနယ်စပ်၊ ထိုင်း-မလေးရှားနယ်စပ်ကနေ မြန်မာအလုပ်သမားတွေကို တရားမ၀င်လူကုန်ကူးပို့ဆောင်နေတယ်လို့ တာ၀န်ရှိသူတွေက စွပ်စွဲထားပါတယ်။ ပြီးခဲ့တဲ့ လူကုန်ကူးမှု ခုနှစ်ခုမှလည်း သူမပါ၀င်ပတ်သက်နေတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ အလုပ်သမားတွေကို တရားမ၀င်ပို့ဆောင်ရာမှာ သယ်ယူပို့ဆောင်ရေးနဲ့ နေရာထိုင်ခင်းစီစဉ်ပေးတာတွေလုပ်ခဲ့တဲ့ အဲဒီလူကုန်ကူးဂိုဏ်းက သံသာရှိသူ အဖွဲ့၀င် ၁၃ ဦးကို တာ၀န်ရှိသူတွေက ဖမ်း၀ရမ်းထုတ်ထားပါတယ်။ အဲဒီထဲက မစ္စပါလီနီးရဲ့ အနီးကပ်အဖွဲ့၀င်နှစ်ဦးအပါအ၀င် အချို့ကိုတော့ ဖမ်းဆီးထားပြီးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဟာ သူမရဲ့ဘဏ်အကောင့်ကို စစ်ဆေးရာမှာတော့…

Read More

ပြည်မြို့က နေအိမ်(၄)လုံးမီးလောင်ပြီး ကားနဲ့ဆိုင်ကယ် မီးလောင်ပျက်စီးခဲ့

မတ် ၉ – ၂၀၂၃ GG(VOM) ပဲခူးတိုင်း ၊အနောက်​ခြမ်း၊ ပြည်မြို့၊ မြို့သစ် ၁၀ လမ်းနဲ့ ၁၁ လမ်းမှာ မီးလောင်မှုဖြစ်ပြီး နေအိမ် (၄)လုံးနဲ့ ကား ၊ဆိုင်ကယ် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မတ်လ ၉ ရက် မနက် ၁၀ နာရီလောက်မှာ မြို့သစ် ၁၀လမ်းက နေအိမ်တအိမ်ရဲ့ ဂက်စ်မီးဖိုကနေ မီးစတင်လောင်ကျွမ်းပြီး အဲ့ဒီကမှ နောက်ထပ် နေအိမ် ၃ အိမ်ကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” မြို့သစ်၁၀လမ်းမှာ ၃အိမ်၊သူနဲ့ကျောချင်းကပ်လျက် ၁၁လမ်းက ၁အိမ်ပါသွားတယ်၊ကားဂိုဒေါင်လည်း မီးလောင်လို့ ကားတစီးမီးလောင်တယ်။ဆိုင်ကယ်နှစ်စီးမီးလောင်တယ်။အိမ်ရှင်ကပြောပါတယ် ဂက်စ်မီးဖိုကနေ လောင်တာပါ၊ အကုန်လုံး ညှိညှိနိူင်းနိူင်း အဆင်ပြေပါတယ် “လို့မီးလောင်ပြင်​ကိုကူညီကယ်ဆယ်ရေး​သွားရောက်ခဲ့တဲ့ ပြည်မြို့က ပျူနှလုံးသားပရဟိတအသင်း ဥက္ကဋ္ဌကပြောပါတယ်။ မီးလောင်ခဲ့တဲ့နေအိမ်တွေကတော့ ပျဥ်ထောင်အိမ်၊ အုတ်အခံနဲ့ပျဥ်ကာနေအိမ်တွေဖြစ်တယ်လို့သိရပါတယ်။ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုးမရှိကြောင်းနဲ့ မီးလောင်မှုကြောင့်…

Read More

မလေးရှား၀န်ကြီးချုပ်ဟောင်း မူယစ်ဒင် ကို အဂတိလိုက်စားမှုနဲ့ စွဲချက်တင်မယ်

ကွာလာလမ်ပူ၊ မတ်-၉-၂၀၂၃ မျိုးဆက်(VOM) မလေးရှား၀န်ကြီးချုပ်ဟောင်း မူယစ်ဒင်ယာဆင်ကို အဂတိလိုက်စားမှုဆိုင်ရာတွေနဲ့ပတ်သက်ပြီး မတ် ၁၀ ရက်မှာ စွဲချက်တင်မယ်လို့ မလေးရှားအဂတိလိုက်စားမှုတိုက်ဖျက်ရေးအကြီးအကဲက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ၀န်ကြီးချုပ်ဟောင်းအပေါ် စွဲချက်တင်မယ့်ကိစ္စ အသေးစိတ်အချက်အလက်တွေကို အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး မတ် ၉ ရက်နှောင်းပိုင်းမှာ ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်အကြားမှာ ၁၇ လကြာ ၀န်ကြီးချုပ်တာ၀န်ထမ်းဆောင်ခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း မူယစ်ဒင်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနကို မတ် ၉ ရက်မနက်ပိုင်းက လာရောက်စစ်ဆေးခံခဲ့ပါတယ်။ နို၀င်ဘာလမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် အန်ဝါအီဗရာဟင်ကို ရှုံးနိမ့်ပြီးနောက် ၀န်ကြီးချုပ်ဟောင်း မူယစ်ဒင်နဲ့သူ့ပါတီဟာ အကျင့်ပျက်ချစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူလက်ထက်ကအတည်ပြုခဲ့တဲ့ ကိုဗစ်ပြန်လည်ထူထောင်ရေးအစီအစဉ်အပါအ၀င် ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ အစိုးရစီမံကိန်းတွေကို ပြန်လည်သုံးသပ်ဖို့ လက်ရှိ၀န်ကြီးချုပ် အန်ဝါအီဗရာဟင်က ပြီးခဲ့တဲ့နှစ်မှာအမိန့်ထုတ်ခဲ့ပြီး လုပ်ထုံးလုပ်နည်းတွေကို မလိုက်နာခဲ့ဘူးလို့ ဆိုပါတယ်။ ၀န်ကြီးချုပ်ဟောင်း…

Read More

မကွေးနဲ့ စစ်ကိုင်းတိုင်းက ငွေကြေးဝန်ဆောင်မှုကုမ္မဏီဝန်ထမ်းတွေ ဖမ်းဆီး၊လုယက်ခံရပြီး ပျောက်ဆုံးမှုရှိနေ

  မတ် ၊ ၉-၂၀၂၃ SP (VOM) မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ဝိုင်းကြီးချုပ် စနစ်နဲ့ ငွေချေးပေးနေတဲ့ ကုမ္မဏီဝန်ထမ်းတွေဟာ ငွေချေးလုပ်ငန်းနဲ့ပတ်သက်ပြီး ကျေးရွာတွေဆီ သွားလာတဲ့လမ်းမှာ ဖမ်းဆီး၊ လုယက်ခံရပြီး ပျောက်ဆုံးမှုတွေရှိနေတယ်လို့ ငွေစုငွေချေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ရက်ပိုင်း မတ် ၄ ရက်က မင်းဘူးမြို့နယ်ထဲမှာ ပက်(စ်)မြန်မာနဲ့ BG Microfinance ငွေချေးလုပ်ငန်း ကုမ္မဏီ ၂ ခုက အမျိုးသမီး ဝန်ထမ်း ၁ ယောက်နဲ့ အမျိုးသားဝန်ထမ်း ၃ ယောက်တို့ဟာ ငွေချေးလုပ်ငန်းနဲ့ပတ်သက်ပြီး ကျေးရွာတွေဆီသွားတဲ့အခါ လမ်းမှာ ကုမ္မဏီပိုင်စာရွက်စာတန်းတွေ၊ လက်ကိုင်ဖုန်း ၄ လုံးနဲ့ ပိုက်ဆံ သိန်း ၅၀ ကျော် လုယူခံရတာ ဖြစ်ပွားခဲ့တယ်”လို့ မင်းဘူးမြို့နယ် အသေးစား ငွေစု ငွေချေး လုပ်ငန်းရှင် တယောက်က…

Read More

ယူကရိန်းနိုင်ငံတ၀န်းကို ရုရှားက ဒုံးကျည်တွေနဲ့ အကြီးအကျယ် ပစ်ခတ်တိုက်ခိုက်နေ

ကိယက်ဗ်၊ မတ်-၉-၂၀၂၃ မျိုးဆက်(VOM) ရုရှားဟာ ယူကရိန်းနိုင်ငံတ၀န်းကို ဒုံးကျည်တွေနဲ့တိုက်ခိုက်နေပြီး မြောက်ဘက် ခါကိဗ်မှ တောင်ဘက် အိုဒီဆာနှင့် အနောက်ဘက် ဇိုင်တိုမိုင်တို့ထိ ပါ၀င်တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။ ခါကိဗ်နဲ့ အိုဒီဆာတို့မှာတော့ လူနေအဆောက်အဦတွေနဲ့ အခြားအခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး နေရာအများအပြားမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်နေကာ မြို့တော်ကိယက်ဗ်ကိုလည်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဘက်မွတ်မြို့မှာလည်း တိုက်ပွဲတွေပြင်းထန်လျှက်ရှိပါတယ်။ ရုရှားထိန်းချုပ်ထားတဲ့ ဇာပိုရစ်ဇီးယား နျူကလီးယားဓါတ်အားပေးစက်ရုံကနေ လျှပ်စစ်ဓါတ်အားပေးဝေမှုလည်း ပြတ်တောက်နေပါတယ်။ အိုဒီဆာဆိပ်ကမ်းမြို့က ဓါတ်အားပေးစက်ရုံတရုံကိုလည်း ရုရှားရဲ့ဒုံးကျည်တွေထိမှန်ပြီး ဓါတ်အားပြတ်တောက်နေပြီး လူနေရပ်ကွက်တွေကိုလည်း ဒုံးကျည်ကျရောက်မှုတွေရှိပေမယ့် ထိခိုက်သေဆုံးမှုမရှိဘူးလို့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။ ယူကရိန်းအနောက်ပိုင်း လာဗစ်မြို့မှာတော့ ဒုံးကျည်ကျရောက်မှုကြောင့် လူလေးဦးသေဆုံးခဲ့ပြီး ဒီနီပရိုပက်ထရိုဗက်ဒေသမှာတော့ ရုရှားရဲ့ဒရုန်းတွေ ဒုံးကျည်တွေနဲ့တိုက်ခိုက်မှုကြောင့် လူတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #ကိယက်ဗ်

Read More
VOM News

FREE
VIEW