ယူကရိန်းနိုင်ငံတ၀န်းကို ရုရှားက ဒုံးကျည်တွေနဲ့ အကြီးအကျယ် ပစ်ခတ်တိုက်ခိုက်နေ

ကိယက်ဗ်၊ မတ်-၉-၂၀၂၃
မျိုးဆက်(VOM)

ရုရှားဟာ ယူကရိန်းနိုင်ငံတ၀န်းကို ဒုံးကျည်တွေနဲ့တိုက်ခိုက်နေပြီး မြောက်ဘက် ခါကိဗ်မှ တောင်ဘက် အိုဒီဆာနှင့် အနောက်ဘက် ဇိုင်တိုမိုင်တို့ထိ ပါ၀င်တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။

ခါကိဗ်နဲ့ အိုဒီဆာတို့မှာတော့ လူနေအဆောက်အဦတွေနဲ့ အခြားအခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး နေရာအများအပြားမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်နေကာ မြို့တော်ကိယက်ဗ်ကိုလည်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဘက်မွတ်မြို့မှာလည်း တိုက်ပွဲတွေပြင်းထန်လျှက်ရှိပါတယ်။ ရုရှားထိန်းချုပ်ထားတဲ့ ဇာပိုရစ်ဇီးယား နျူကလီးယားဓါတ်အားပေးစက်ရုံကနေ လျှပ်စစ်ဓါတ်အားပေးဝေမှုလည်း ပြတ်တောက်နေပါတယ်။

အိုဒီဆာဆိပ်ကမ်းမြို့က ဓါတ်အားပေးစက်ရုံတရုံကိုလည်း ရုရှားရဲ့ဒုံးကျည်တွေထိမှန်ပြီး ဓါတ်အားပြတ်တောက်နေပြီး လူနေရပ်ကွက်တွေကိုလည်း ဒုံးကျည်ကျရောက်မှုတွေရှိပေမယ့် ထိခိုက်သေဆုံးမှုမရှိဘူးလို့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

ယူကရိန်းအနောက်ပိုင်း လာဗစ်မြို့မှာတော့ ဒုံးကျည်ကျရောက်မှုကြောင့် လူလေးဦးသေဆုံးခဲ့ပြီး ဒီနီပရိုပက်ထရိုဗက်ဒေသမှာတော့ ရုရှားရဲ့ဒရုန်းတွေ ဒုံးကျည်တွေနဲ့တိုက်ခိုက်မှုကြောင့် လူတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW