မြန်မာလုပ်သားတွေကို ထိုင်းကနေ မလေးရှားပို့နေတဲ့ လူကုန်ကူးဂိုဏ်းခေါင်းဆောင်အမျိုးသမီး ဖမ်းဆီးခံရ

ဘန်ကောက်၊ မတ်-၉-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းနိုင်ငံကတဆင့် မလေးရှားကို မြန်မာလုပ်သားတွေကို တရာမ၀င်ပို့ပေးနေတဲ့ အဓိကလူမှောင်ခိုဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူအမျိုးသမီးကို ထိုင်းလူ၀င်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်လိုက်ပါတယ်။

အသက် ၅၃ နှစ်အရွယ် မစ္စပါလီနီးလို့အမည်ရတဲ့ အမျိုးသမီးကို နန်သာဘူရီပြည်နယ်မှာရှိတဲ့ သူမရဲ့နေအိမ်မှာ မတ် ၇ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ထိုင်းတာ၀န်ရှိသူတွေက ပြောပါတယ်။

မစ္စပါလီနီးဟာ ဆာကေအိုပြည်နယ်မှာရှိတဲ့ ပို့ဆောင်ရေးကုမ္ပဏီတခုရဲ့ မန်နေဂျာလည်းဖြစ်ပါတယ်။ သူမဟာ မြန်မာ-ထိုင်းနယ်စပ်၊ ထိုင်း-မလေးရှားနယ်စပ်ကနေ မြန်မာအလုပ်သမားတွေကို တရားမ၀င်လူကုန်ကူးပို့ဆောင်နေတယ်လို့ တာ၀န်ရှိသူတွေက စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ လူကုန်ကူးမှု ခုနှစ်ခုမှလည်း သူမပါ၀င်ပတ်သက်နေတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

အလုပ်သမားတွေကို တရားမ၀င်ပို့ဆောင်ရာမှာ သယ်ယူပို့ဆောင်ရေးနဲ့ နေရာထိုင်ခင်းစီစဉ်ပေးတာတွေလုပ်ခဲ့တဲ့ အဲဒီလူကုန်ကူးဂိုဏ်းက သံသာရှိသူ အဖွဲ့၀င် ၁၃ ဦးကို တာ၀န်ရှိသူတွေက ဖမ်း၀ရမ်းထုတ်ထားပါတယ်။

အဲဒီထဲက မစ္စပါလီနီးရဲ့ အနီးကပ်အဖွဲ့၀င်နှစ်ဦးအပါအ၀င် အချို့ကိုတော့ ဖမ်းဆီးထားပြီးဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဟာ သူမရဲ့ဘဏ်အကောင့်ကို စစ်ဆေးရာမှာတော့ လွန်ခဲ့ခြောက်လအတွင်း ဘတ် ၂၁ သန်းထိ လည်ပတ်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။

Ref: Bangkok Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW