မတ် ၆ – ၂၀၂၃ VOM +GG (VOM) မန္တလေးမြို့တော်စည်ပင်နယ်နမိတ်အတွင်း ပြေးဆွဲနေတဲ့ သုံးဘီးအားလုံး အဝါရောင်အဖြစ် ပြောင်းလဲရမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီ(မြို့တွင်း)က အသိပေးလိုက်တယ်လို့သိရပါတယ်။ အဝါရောင်ပြောင်းလဲခြင်းကိုတော့ အခုမတ်လ ကနေ ဇွန်လ ၃၀ ရက်အတွင်း အပြီးဆောင်ရွက်ရမှာဖြစ်ပြီး အဝါရောင်ပြောင်းတဲ့အခါမှာလည်း ဌာနကသတ်မှတ်တဲ့ အဝါရောင် (Code 445)ဖြစ်ရမယ်လို့သိရပါတယ်။ ” ဘီးပိုင်ရှင်တွေ အတော်များများ အဝါရောင်ပိုင်ရှင်တွေကလွဲပီးတော့ ကျန်တဲ့ပိုင်ရှင်တွေအကုန် ဆေးအဝါရောင်ပြောင်းကိုပြောင်းရတော့မှာ၊ အဝါတောင် ရိုးရိုးဝါလို့မရဘူး၊ ကုတ်နံပါတ် ၄၅၅ တဲ့ သူသတ်မှတ်ထားတဲ့အတိုင်းပဲဝါလို့ရမယ် ရစ်ချင်ရင် မင်းအဝါက ငါတို့သတ်မှတ်ထားတဲ့အဝါမဟုတ်ဘူးဆိုပြီးရစ်လို့ရတယ်။အခြေအနေကခုမှအပြောင်းအလဲစလုပ်တဲ့ကာလဆိုတော့ စောင့်ကြည့်ရအုံးမှာပါ “လို့ မန္တလေးက သုံးဘီးပိုင်ရှင်တဦးကပြောပါတယ်။ ဆေးအဝါရောင်ပြောင်းပြီးတဲ့ သုံးဘီးတွေကိုတော့ မတ်လ ၁၆ ရက်နေ့ကစပြီး ဇန်လကုန်အထိ ယာဉ်စစ်မှတ်တမ်းတင်ခြင်းလုပ်ပေး မှာဖြစ်ကြောင်း၊ ကားဆေးရောင်ပြောင်းခြင်းအတွက် အခွန်အခကတော့ ယာဥ်စစ်ဆေးခ ၅၀၀၀ ၊…
Read MoreMonth: March 2023
အိန္ဒိယမှာ ဒုက္ခသည်မြန်မာအမျိုးသမီးတဦး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရ
ဒေလီ၊ မတ်-၆-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကာလင်ဒီခွန်ဂ်ျမှာ အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီးတဦး အုပ်စုဖွဲ့အဓမ္မကျင့်ခဲ့ရတယ်လို့ India Today သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ အဲဒီမြန်မာအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ဗီကာစပူရီမှာနေထိုင်သူဖြစ်ပြီး ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသားဖြစ်ပြီး (၂)နှစ်ခွဲအရွယ် သမီးတဦးလည်းရှိပါတယ်။ သူဟာ လွန်ခဲ့တဲ့လကစပြီး အစာအိမ်ရောဂါခံစားနေရတာကြောင့် ခင်ပွန်းနဲ့အတူ ကာလင်ဒီခွန်ဂ်ျကို ဖေဖော်ဝါရီ ၂၂ ရက်က ရောက်ရှိနေတာဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေ့မှာတော့ သူမနဲ့ခင်ပွန်းတို့ဟာ ဆရာ၀န်နဲ့ပြသပြီးနောက် မြေအောက်ဘူတာကို ည ၉ နာရီ မိနစ် ၃၀ မှာရောက်ရှိခဲ့ပြီး ခင်ပွန်းဖြစ်သူက အိမ်သာသွားချိန်မှာ ကားတစီးထိုးရပ်ပြီး သူမကိုပါးစပ်ကို အ၀တ်ဆို့ပြီး တင်ခေါ်သွားခဲ့တာဖြစ်ပါတယ်။ သူမသတိပြန်ရချိန်မှာတော့ ယောက်ကျားလေးယောက်ဟာ အခန်းထဲမှာပိတ်ပြီး အဓမ္မပြုကျင့်ခဲ့ပြီး မတ် ၂၃ ရက်အရောက်မှာ ဝေးလံခေါင်သီတဲ့နေရာတခုမှာ ကားပေါ်ကနေ ပစ်ချထားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်သူမဟာ…
Read Moreပုံတူပန်းချီတွေ ရေးဆွဲရာမှာ ထင်ရှားတဲ့ ပန်းချီဆရာကြီး မောင်ညိုဝင်း ကွယ်လွန်
မတ်၊ ၆-၂၀၂၃ MM(VOM) အနုပညာနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းအတွင်း ပုံတူပန်းချီတွေ ရေးဆွဲရာမှာ ထင်ရှားခဲ့ပြီး လက်ရာကောင်းမွန်တဲ့ ပန်းချီကားများစွာကို ရေးဆွဲခဲ့တဲ့ ပန်းချီဆရာကြီး မောင်ညိုဝင်းဟာ ဒီနေ့ မတ်လ ၆ရက် မနက်အစောပိုင်းက ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ”ဆရာ မောင်ညိုဝင်းက ဒီကနေ့ မနက် နံနက် ၁ နာရီ ကျော်က မြောက်ဒဂုံမြို့နယ်က ဆေးရုံတစ်ခုမှာကွယ်လွန်သွားခဲ့တာပါ၊ ကွယ်လွန်သူ ဆရာ့ရဲ့ဆန္ဒအတိုင်း နာရေးအခမ်းအနားကို ဒီနေ့ မနက် ၁၁ နာရီမှာ ရေဝေးသုဿန်မှာမီးသဂြိုလ်တယ်၊ ဆရာက ကွယ်လွန်ချိန်မှာ အသက် ၈၃ နှစ်အရွယ်ရှိပါပြီ။”လို့ နီးစပ်သူ ဝါရင့် ပန်းချီဆရာတယောက်ကပြောပါတယ်။ ပန်းချီဆရာ မောင်ညိုဝင်းဟာ ၁၉၄၂ ခုနှစ်၊ ဂျပန်ခေတ်အတွင်း မန္တလေးမြို့မှာ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၁၉၅၂ ခုနှစ်မှာ မိသားစုနဲ့ ရန်ကုန်ကို ပြောင်းရွေ့ လာခဲ့တာလို့ မှတ်တမ်းတွေအရ သိရပါတယ်။…
Read Moreဘင်္ဂလားဒေ့ရှ် ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ကျွမ်းမှုအကြီးအကျယ်ဖြစ်ပွား
ဒါကာ၊ မတ်-၆-၂၀၂၃ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရ်ှနိုင်ငံအရှေ့တောင်ပိုင်းရှိ လူနေထူထပ်တဲ့ ဒုက္ခသည်စခန်းတခုမှာ မီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် ဒုက္ခသည်ထောင်ပေါင်းများစွာ နေထိုင်စရာအမိုးအကာများ ဆုံးရှုံးခဲ့ရကြောင်း တာ၀န်ရှိသူတွေက မတ် ၆ ရက်မှာ ပြောပါတယ်။ မီးလောင်ကျွမ်းမှုဟာ ကော့ဘဇားဒေသရှိ ဒုက္ခသည်စခန်းမှာ မတ် ၅ ရက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်တွေအတွက် ယာယီနေထိုင်စရာ နှစ်ထောင်ခန့်မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပါဘူး။ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်သေဆုံးမှုမရှိဘဲ ဒုက္ခသည် ၁၂၀၀၀ ကျော် နေထိုင်စရာဆုံးရှုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ မီးလောင်ကျွမ်းမှုဟာ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၄၅ မိနစ်မှာ စတင်ခဲ့ပြီးနောက် ဒုက္ခသည်တွေနေထိုင်ရာ ဝါးနဲ့တာပေါ်လင်အဆောက်အအုံတွေကို လျှင်မြန်စွာကူးစက်လောင်ကျွမ်းခဲ့ပြီး အမိုးအကာ ၂၀၀၀ မီးလောင်ပျက်စီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မီဂျာနာရာမန်းက အေအက်ဖ်ပီကိုပြောပါတယ်။ မီးလောင်မှုဖြစ်ပွားပြီးနောက် သုံးနာရီအတွင်း မီးထိန်းနိုင်ခဲ့ပေမယ့် ဗလီ…
Read Moreစစ်တွေကမ်းခြေမှာ ပြုလုပ်တဲ့ ရိုးရာရှစ်သျှောင်းမြောက် သဲပုံစေတီပွဲ
မတ် ၆-၂၀၂၃ SW(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပွိုင့်ကမ်းခြေမှာ ရခိုင်ရိုးရာ သျှစ်သောင်းမြောက်ပွဲ (ခေါ်) သဲပုံစေတီပွဲကို မနေ့ မတ်လ ၅ ရက်နေ့က ရိုးရာမပျက်ကျင်းပခဲ့တယ်လို့ သိရပါတယ်။ တပေါင်းလပြည့်နေ့ရောက်တိုင်း စစ်တွေကမ်းခြေမှာ အခုလို သဲပုံစေတီပွဲ ကျင်းပတာဖြစ်ပြီး စစ်တွေမြို့ခံတွေနဲ့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ လာရောက်ပါဝင်ဆင်နွှဲတဲ့ ရိုးရာပွဲတော်ဖြစ်ပါတယ်။ အဲဒီ သျှစ်သောင်းမြောက်ပွဲတော်ကို သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ရခိုင်မင်္ဂလာစည်တော် တီးပြီး ပင်လယ်ကမ်းခြေကသဲတွေနဲ့ ဘုရား၊ ပုထိုးပုံတွေ၊ ရခိုင်တို့ရဲ့ တန်ဖိုးထားရတဲ့အရာတွေကို ပုံဖော်ပြုလုပ်ကြတဲ့ပွဲတော်ဖြစ်ပါတယ်။ ကျင်းပတဲ့ပွဲတော်ကို လူပေါင်း ထောင်နဲ့ချီ ပါဝင်ဆင်နွှဲခဲ့ကြပြီး စစ်တွေဟိုတယ်အဝင်လမ်းနဲ့ ရှုခင်းသာ ကမ်းနားလမ်းတွေမှာ ဆိုင်ကယ်တွေနဲ့ ယာဉ်ကြောပိတ်ဆို့တာတွေအထိ ဖြစ်ခဲ့ကြောင်း သဲပုံစေတီပွဲမှာ ပါဝင်သူတဦးက ပြောပါတယ်။ ” ဒါကရိုးရာပွဲဆိုတော့ ရသေ့တောင်ကနေလာပြီးတော့ ပါဝင်ဆင်နွှဲတာဖြစ်ပါတယ်။ ကမ်းခြေမှာ လူတွေအများကြီးနဲ့ဆိုတော့ ပျော်စရာကောင်းပါတယ်။ လမ်းက…
Read Moreရွှေကူမြို့နယ်မှာ လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနေအိမ် ၂၀ ကျော် မီးလောင်
မတ် ၇ – ၂၀၂၃ SP ( VOM) ကချင်ပြည်နယ် ၊ဗန်းမော်ခရိုင် ၊ ရွှေကူမြို့နယ် ၊ကျောက်ကြီးကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာအထက်ဘက်က မင်းညီနောင်ရပ်ကွက်မှာ မနေ့ မတ် ၅ ရက် ညနေပိုင်းက လက်နက်ကြီး ကျည်တွေကျရောက် ပေါက်ကွဲခဲ့ပြီးနောက် လူနေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်းကစလို့ ကျောက်တလုံးရွာနားမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ဝင်ရောက်လာပြီး ပစ်ခတ်တိုက်ခိုက်တာတွေဖြစ်တယ် ၊ အဲ့ဒါကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးရတယ် ၊ လက်နက်ကြီးကျည်တွေ ရွာထဲကို ကျရောက်ပေါက်ကွဲတယ် ၊ လူနေအိမ် ၂၂ လုံး မီးလောင်ပျက်စီးတယ် ၊ ရွာကလူတွေဟာ ပြေးနေရတော့ ဘယ်အဖွဲ့အစည်းက မီးရှို့တယ်ဆိုတာ မသိရဘူး ” လို့ ကျောက်တလုံး ဒေသခံတယောက်က ပြောပါတယ်။…
Read Moreစစ်အသုံးစရိတ် ဒေါ်လာ ၂၂၅ ဘီလီယံထိ တိုးမြှင်သုံးစွဲမယ်လို့ တရုတ်အစိုးရ ကြေညာ
ပေကျင်း၊ မတ်-၅-၂၀၂၃ မျိုးဆက်(VOM) ပြည်ပ ခြိမ်းခြောက်မှုတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း သတိပေးမှုတွေရှိနေချိန်မှာ တရုတ်နိုင်ငံဟာ စစ်အသုံးစရိတ် တိုးမြှင့်မယ်လို့ မတ် ၅ ရက်မှာ ကြေညာလိုက်ပါတယ်။ တရုတ် ခေါင်းဆောင်တွေဟာ လာမယ့်နှစ်မှာ စီးပွားရေး ၅ ရာခိုင်နှုန်းခန့် တိုးလာဖို့ ရည်မှန်းထားတာကြောင့် ကမ္ဘာ့ဒုတိယအများဆုံးထိ ကာကွယ်ရေးအသုံးစရိတ် တိုးလာခြင်းဖြစ်ပါတယ်။ စစ်အသုံးစရိတ်ကို ဒေါ်လာ ၂၂၅ ဘီလီယံအထိ သုံးစွဲသွားမှာဖြစ်ပြီး တရုတ်နိုင်ငံကို နှိပ်ကွပ်ဖို့နဲ့ ထိန်းချုပ်ဖို့ ပြည်ပကအားထုတ်မှုတွေ ပိုမိုပြင်းထန်လာတယ်လို့ ဝန်ကြီးချုပ် လီကားချန်က နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အစည်းအဝေးမှာပြောပါတယ်။ တရုတ် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ အရှိန်မြှင့်ပြီး ပြင်ဆင်မှုတွေ လုပ်သင့်ကြောင်း ၊ တိုက်ပွဲအခြေအနေများအောက်တွင် ကဏ္ဍပေါင်းစုံနှဲ့ နယ်ပယ်ပေါင်းစုံမှာ စစ်အင်အားကို အားကောင်းစေဖို့ သူကတိုက်တွန်းပြောဆိုပါတယ်။ ယခုနှစ် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုဟာ ရှစ်ကြိမ်မြောက် ဆက်တိုက် တိုးလာခြင်းဖြစ်ကြောင်း သိရပါတယ်။ Ref:CNA…
Read Moreအင်ဒိုနီးရှားမှာ လောင်စာဆီသိုလှောင်ရုံမီးလောင်မှု ၁၅ ဦးသေဆုံး၊ ၅၀ ကျော်ဒဏ်ရာရ
ဂျကာတာ၊ မတ်-၅-၂၀၂၃ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ လောင်စာဆီ သိုလှောင်ရုံတခု မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိကာ ဒေသခံရာပေါင်းများစွာကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ မီးလောင်ကျွမ်းမှုဟာ ဒေသစံတော်ချိန် ည ၈ နာရီနောက်ပိုင်း စတင်ခဲ့ပြီး အစိုးရပိုင် ရေနံကုမ္ပဏီတခု လည်ပတ်နေတဲ့ လောင်စာဆီ သိုလှောင်ရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ကာအနီးနားရှိ လူနေရပ်ကွက်ကို ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ ကလေး နှစ်ဦး အပါအဝင် လူ ၁၅ ဦး သေဆုံးကြောင်း တာဝန်ရှိသူ တွေက အတည်ပြုခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြထား ပြီး မီးလောင်ဒဏ်ရာတွေ ရရှိတဲ့ လူ၅၀ ကေျာ်ကို ဆေးရုံတင်ထားရပါတယ်။ မီးလောင်မှုကြောင့် ဒေသခံ ၆၄၀ ခန့်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။မီးလောင်မှုကို အမြန်ဆုံး…
Read Moreနေ့ ည မပြတ် အစောင့်တွေရှိနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းစျေးက ရတနာဆိုင်တခု ဖောက်ထွင်းခံရ
မတ် ၅ -၂၀၂၃ GG(VOM) ရန်ကုန်၊ဗိုလ်ချုပ်အောင်ဆန်းစျေးထဲမှာဖွင့်ထားတဲ့ Rose Jewellery နှင်းဆီရတနာဆိုင် ဖောက်ထွင်းခံရပြီး တန်ဖိုးကြီးကျောက်စိမ်းပစ္စည်းတွေ အများအပြားပါသွားတယ်လို့ သိရပါတယ်။ ဖောက်ထွင်းခံရမှုမှာ ကျောက်စိမ်းလက်ကောက်တွေ၊ ကျောက်စိမ်းပန်းပုတွေ၊ကျောက်စိမ်းလက်စွပ်တွေ၊ ကျောက်စိမ်းနားကပ် စတဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုပဲ အများအပြားရွေးယူသွားတာဖြစ်ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးက သိန်းရာဂဏန်းကျော်ရှိတယ်လို့ ဆိုင်ပိုင်ရှင်ကပြောပါတယ်။ ” ဆိုင်ကဖွင့်တဲ့ရက်ဖွင့်တယ်၊ပိတ်တဲ့ရက်ပိတ်တယ်၊ ၃ ရက်နေ့ကမှ ဆိုင်ဖွင့်တယ် ညနေ ၄နာရီလောက်မှာ အိမ်ကိုပြန်တယ်။ မနေ့က မနက်မှာ ဆိုင်ဘေးနားက မိတ်ဆွေတွေက နင့်ဆိုင်က သော့လေး ဟ နေသလိုပဲဆိုပြီးဖုန်းဆက်လာမှသိရတာ။ဆိုင်က လေးခန်းတွဲဆိုတော့ တံခါးက တချပ်တည်းမဟုတ်ဘူး။အကုန်လုံးအကြောင်းကြားပြီး လူကြီးစုံမှဖွင့်တော့ အထဲမှာအကုန်ပွနေပြီ။သူကပုံးထဲကဟာပဲ အာရုံစိုက်တာ အဲ့ဒီလူက သိတဲ့အထဲကပါပဲ၊သေချာဖျက်ဆီးကလော်ပြီး ကောင်းတဲ့ဟာတွေကိုပဲ ယူသွားတာ။သူကခိုးသွားတာ ကောင်းတဲ့ဟာတွေအကုန်ခိုးသွားတာ။ တန်ဖိုးကတော့ မတွက်ရသေးဘူး။သိန်းကတော့ ရာဂဏန်းလောက်ရှိပါတယ်။” လို့ ဆိုင်ပိုင်ရှင်ကပြောပြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းစျေးမှာ နေ့စဥ် ၊ ညဘက် အလှည့်ကျ စည်ပင်သာယာရေးကော်မတီက…
Read Moreယူကရိန်း ဘက်မွတ်မြို့ကို ရုရှားတပ်တွေ သိမ်းဖို့ပြင်ဆင်နေ၊ ယူကရိန်းတပ်တွေ ဆုတ်ခွာဖို့ ရာဇသံပေး
ကိဗ်ယက်၊ မတ်-၅-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံရဲ့ အဓိကမြို့ဖြစ်တဲ့ ဘက်မွတ်မြို့ ကို သိမ်းယူတော့မယ်လို့ ရုရှားတပ်ဖွဲ့တွေက ပြောပြီး ယူကရိန်းသမ္မတကို သူ့တပ်တွေ ရုပ်သိမ်းဖို့ ရာဇသံပေးလိုက်ပါတယ်။ ရုရှားနိုင်ငံ ဝက်ဂနာကြေးစားအဖွဲ့ရဲ့ အကြီးအကဲ Yevgeny Prigozhin က သူ့တပ်တွေဟာယူကရိန်း နိုင်ငံအရှေ့ဘက် ဒွန်နက်ဒေသရှိ ယူကရိန်းတပ်ဖွဲ့တွေရဲ့ အမာခံနယ်မြေ ဘက်မွတ်ကို လက်တွေ့ကျကျ ဝိုင်းရံထားကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ အဲဒီမြို့မှာ ကျန်ရှိနေတဲ့ ယူကရိန်းစစ်သားတွေအတွက် ဆုတ်ခွာဖို့ လမ်းကြောင်းတခုသာ ကျန်တော့တယ်လို့ သူကပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ရန်သူတွေကို ချေမှုန်းခြင်းဟာ လာမယ့်လတွေအတွင်း မိမိတို့ရဲ့ ကာကွယ်ရေး စစ်ဆင်ရေးတွေ အောင်မြင်မှုအတွက် မဖြစ်မနေ လိုအပ်ကြောင်း ပြောဆိုထားပါတယ်။ ဘက်မွတ်မြို့မှာ ရန်သူတွေကို ခုခံတိုက်ခိုက်နေတဲ့ ရဲစွမ်းသတ္တိအတွက် ယူကရိန်းစစ်သားတွေကို ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတက ပြောပါတယ်။ လက်ရှိမှာတော့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေဟာ ယုကရိန်းအတွက်…
Read More