ရွှေကူမြို့နယ်မှာ လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနေအိမ် ၂၀ ကျော် မီးလောင်

မတ် ၇ – ၂၀၂၃
SP ( VOM)

ကချင်ပြည်နယ် ၊ဗန်း‌မော်ခရိုင်‌ ၊ ရွှေကူမြို့နယ် ၊ကျောက်ကြီးကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာအထက်ဘက်က မင်းညီ‌နောင်ရပ်ကွက်မှာ မ​နေ့ မတ် ၅ ရက် ညနေပိုင်းက လက်နက်ကြီး ကျည်တွေကျရောက် ပေါက်ကွဲခဲ့ပြီးနောက် လူနေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်းကစလို့ ကျောက်တလုံးရွာနားမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ဝင်ရောက်လာပြီး ပစ်ခတ်တိုက်ခိုက်တာတွေဖြစ်တယ် ၊ အဲ့ဒါကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးရတယ် ၊ လက်နက်ကြီးကျည်တွေ ရွာထဲကို ကျရောက်ပေါက်ကွဲတယ် ၊ လူနေအိမ် ၂၂ လုံး မီးလောင်ပျက်စီးတယ် ၊ ရွာကလူတွေဟာ ပြေးနေရတော့ ဘယ်အဖွဲ့အစည်းက မီးရှို့တယ်ဆိုတာ မသိရဘူး ” လို့ ကျောက်တလုံး ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ကျောက်တလုံးရွာက လူနေအိမ်တွေ မီးလောင်တာနဲ့ ပတ်သက်လို့ ဗန်းမော်ခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက် က ” ရွှေကူနယ်ထဲမှာ နယ်မြေရှင်းလင်းနေတယ် ၊ လိုက်လံရှင်းလင်းနေဆဲ ဆိုတော့ အထိခိုက် ကျဆုံး မသိရသေးဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ချပ်ကြီးကျေးရွာထဲမှာ မတ် ၂ ရက် မနက်အစောပိုင်းက ပစ်ခတ် တိုက်ခိုက်တာတွေဖြစ်ပွားပြီး လူ ၁၂ ယောက် လက်နက်ငယ် ထိမှန်တာနဲ့ မီးလောင်တာကြောင့် သေဆုံးရပြီး ၊ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ရွှေကူ

Related posts

Leave a Comment

VOM News

FREE
VIEW