ဗိုလ်တထောင်မှာ ကွန်ဒိုပေါ်ကနေ စင်ကာပူနိုင်ငံသား ပြုတ်ကျသေဆုံးမှု ဖြစ်ပွား

မတ် ၆ – ၂၀၂၃ GG (VOM) ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ Time Square ကွန်ဒိုပေါ်ကနေ အသက် ၂၉ နှစ်အရွယ် စင်ကာပူ နိုင်ငံသား အမျိုးသား ၁ဦး ပြုတ်ကျသေဆုံးမှု ဒီနေ့မတ်လ ၆ရက် နေပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “ပြုတ်ကျတာ ၁၂ နာရီ ၄၀လောက်မှာပြုတ်ကျတယ်။ရန်ကုန်အရှေ့ပိုင်းဆေးရုံကိုပို့တယ်၊ ဆေးရုံရောက်တော့လူနာက dead body ဖြစ်တယ်။db ဖြစ်တော့ အရှေ့ပိုင်းဆေးရုံက အဆင်မပြေတော့ ရန်ကုန်ဆေးရုံကြီးကိုပြန်လွှဲတယ် ဆေးရုံမှာ လိုအပ်တာလုပ်ပြီးပြန်လာတာပါ။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပရဟိတအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။ စင်ကာပူနိုင်ငံသားဟာ ပြုတ်ကျတဲ့အရှိန်ကြောင့် ပြင်ပဒဏ်ရာအဖြစ် ခြေကျင်းဝတ် အရိုးပေါက်ထွက်ဒဏ်ရာနဲ့ ခန္ဓာကိုယ် ပွန်းပဲ့ သွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့သိရပါတယ်။ ” ဘယ်နှစ်လွှာကပြုတ်ကျလဲဆိုတာ ဘယ်သူကတွန်းချတာလဲ သူ့ဟာသူခုန်ချတာလား မတော်တဆပြုတ်ကျတာလား သူ့မိသားစုဝင်ကကို မသိတာ။သူပြုတ်ကျတာ ကွန်ဒိုကလူတွေသိတာ။သူ့ညီမတွေ့တယ်၊သူ့အမျိုးသမီးဆိုတာတွေ့တယ်။”လို့ ကူညီခဲ့သူက ထပ်မံပြောပြပါတယ်။…

Read More

မန္တလေးက သုံးဘီးယာဥ်အားလုံး အဝါရောင် ပြောင်းလဲရမယ့်အပေါ် သုံးဘီးသမားတွေ ဘာပြောလဲ

မတ် ၆ – ၂၀၂၃ VOM +GG (VOM) မန္တလေးမြို့တော်စည်ပင်နယ်နမိတ်အတွင်း ပြေးဆွဲနေတဲ့ သုံးဘီးအားလုံး အဝါရောင်အဖြစ် ပြောင်းလဲရမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီ(မြို့တွင်း)က အသိပေးလိုက်တယ်လို့သိရပါတယ်။ အဝါရောင်ပြောင်းလဲခြင်းကိုတော့ အခုမတ်လ ကနေ ဇွန်လ ၃၀ ရက်အတွင်း အပြီးဆောင်ရွက်ရမှာဖြစ်ပြီး အဝါရောင်ပြောင်းတဲ့အခါမှာလည်း ဌာနကသတ်မှတ်တဲ့ အဝါရောင် (Code 445)ဖြစ်ရမယ်လို့သိရပါတယ်။ ” ဘီးပိုင်ရှင်တွေ အတော်များများ အဝါရောင်ပိုင်ရှင်တွေကလွဲပီးတော့ ကျန်တဲ့ပိုင်ရှင်တွေအကုန် ဆေးအဝါရောင်ပြောင်းကိုပြောင်းရတော့မှာ၊ အဝါတောင် ရိုးရိုးဝါလို့မရဘူး၊ ကုတ်နံပါတ် ၄၅၅ တဲ့ သူသတ်မှတ်ထားတဲ့အတိုင်းပဲဝါလို့ရမယ် ရစ်ချင်ရင် မင်းအဝါက ငါတို့သတ်မှတ်ထားတဲ့အဝါမဟုတ်ဘူးဆိုပြီးရစ်လို့ရတယ်။အခြေအနေကခုမှအပြောင်းအလဲစလုပ်တဲ့ကာလဆိုတော့ စောင့်ကြည့်ရအုံးမှာပါ “လို့ မန္တလေးက သုံးဘီးပိုင်ရှင်တဦးကပြောပါတယ်။ ဆေးအဝါရောင်ပြောင်းပြီးတဲ့ သုံးဘီးတွေကိုတော့ မတ်လ ၁၆ ရက်နေ့ကစပြီး ဇန်လကုန်အထိ ယာဉ်စစ်မှတ်တမ်းတင်ခြင်းလုပ်ပေး မှာဖြစ်ကြောင်း၊ ကားဆေးရောင်ပြောင်းခြင်းအတွက် အခွန်အခကတော့ ယာဥ်စစ်ဆေးခ ၅၀၀၀ ၊…

Read More

အိန္ဒိယမှာ ဒုက္ခသည်မြန်မာအမျိုးသမီးတဦး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရ

ဒေလီ၊ မတ်-၆-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကာလင်ဒီခွန်ဂ်ျမှာ အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီးတဦး အုပ်စုဖွဲ့အဓမ္မကျင့်ခဲ့ရတယ်လို့ India Today သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ အဲဒီမြန်မာအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ဗီကာစပူရီမှာနေထိုင်သူဖြစ်ပြီး ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသားဖြစ်ပြီး (၂)နှစ်ခွဲအရွယ် သမီးတဦးလည်းရှိပါတယ်။ သူဟာ လွန်ခဲ့တဲ့လကစပြီး အစာအိမ်ရောဂါခံစားနေရတာကြောင့် ခင်ပွန်းနဲ့အတူ ကာလင်ဒီခွန်ဂ်ျကို ဖေဖော်ဝါရီ ၂၂ ရက်က ရောက်ရှိနေတာဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေ့မှာတော့ သူမနဲ့ခင်ပွန်းတို့ဟာ ဆရာ၀န်နဲ့ပြသပြီးနောက် မြေအောက်ဘူတာကို ည ၉ နာရီ မိနစ် ၃၀ မှာရောက်ရှိခဲ့ပြီး ခင်ပွန်းဖြစ်သူက အိမ်သာသွားချိန်မှာ ကားတစီးထိုးရပ်ပြီး သူမကိုပါးစပ်ကို အ၀တ်ဆို့ပြီး တင်ခေါ်သွားခဲ့တာဖြစ်ပါတယ်။ သူမသတိပြန်ရချိန်မှာတော့ ယောက်ကျားလေးယောက်ဟာ အခန်းထဲမှာပိတ်ပြီး အဓမ္မပြုကျင့်ခဲ့ပြီး မတ် ၂၃ ရက်အရောက်မှာ ဝေးလံခေါင်သီတဲ့နေရာတခုမှာ ကားပေါ်ကနေ ပစ်ချထားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်သူမဟာ…

Read More

ပုံတူပန်းချီတွေ ရေးဆွဲရာမှာ ထင်ရှားတဲ့ ပန်းချီဆရာကြီး မောင်ညိုဝင်း ကွယ်လွန်

မတ်၊ ၆-၂၀၂၃ MM(VOM) အနုပညာနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းအတွင်း ပုံတူပန်းချီတွေ ရေးဆွဲရာမှာ ထင်ရှားခဲ့ပြီး လက်ရာကောင်းမွန်တဲ့ ပန်းချီကားများစွာကို ရေးဆွဲခဲ့တဲ့ ပန်းချီဆရာကြီး မောင်ညိုဝင်းဟာ ဒီနေ့ မတ်လ ၆ရက် မနက်အစောပိုင်းက ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ”ဆရာ မောင်ညိုဝင်းက ဒီကနေ့ မနက် နံနက် ၁ နာရီ ကျော်က မြောက်ဒဂုံမြို့နယ်က ဆေးရုံတစ်ခုမှာကွယ်လွန်သွားခဲ့တာပါ၊ ကွယ်လွန်သူ ဆရာ့ရဲ့ဆန္ဒအတိုင်း နာရေးအခမ်းအနားကို ဒီနေ့ မနက် ၁၁ နာရီမှာ ရေဝေးသုဿန်မှာမီးသဂြိုလ်တယ်၊ ဆရာက ကွယ်လွန်ချိန်မှာ အသက် ၈၃ နှစ်အရွယ်ရှိပါပြီ။”လို့ နီးစပ်သူ ဝါရင့် ပန်းချီဆရာတယောက်ကပြောပါတယ်။ ပန်းချီဆရာ မောင်ညိုဝင်းဟာ ၁၉၄၂ ခုနှစ်၊ ဂျပန်ခေတ်အတွင်း မန္တလေးမြို့မှာ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၁၉၅၂ ခုနှစ်မှာ မိသားစုနဲ့ ရန်ကုန်ကို ပြောင်းရွေ့ လာခဲ့တာလို့ မှတ်တမ်းတွေအရ သိရပါတယ်။…

Read More

ဘင်္ဂလားဒေ့ရှ် ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ကျွမ်းမှုအကြီးအကျယ်ဖြစ်ပွား

ဒါကာ၊ မတ်-၆-၂၀၂၃ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရ်ှနိုင်ငံအရှေ့တောင်ပိုင်းရှိ လူနေထူထပ်တဲ့ ဒုက္ခသည်စခန်းတခုမှာ မီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် ဒုက္ခသည်ထောင်ပေါင်းများစွာ နေထိုင်စရာအမိုးအကာများ ဆုံးရှုံးခဲ့ရကြောင်း တာ၀န်ရှိသူတွေက မတ် ၆ ရက်မှာ ပြောပါတယ်။ မီးလောင်ကျွမ်းမှုဟာ ကော့ဘဇားဒေသရှိ ဒုက္ခသည်စခန်းမှာ မတ် ၅ ရက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်တွေအတွက် ယာယီနေထိုင်စရာ နှစ်ထောင်ခန့်မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပါဘူး။ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်သေဆုံးမှုမရှိဘဲ ဒုက္ခသည် ၁၂၀၀၀ ကျော် နေထိုင်စရာဆုံးရှုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ မီးလောင်ကျွမ်းမှုဟာ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၄၅ မိနစ်မှာ စတင်ခဲ့ပြီးနောက် ဒုက္ခသည်တွေနေထိုင်ရာ ဝါးနဲ့တာပေါ်လင်အဆောက်အအုံတွေကို လျှင်မြန်စွာကူးစက်လောင်ကျွမ်းခဲ့ပြီး အမိုးအကာ ၂၀၀၀ မီးလောင်ပျက်စီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မီဂျာနာရာမန်းက အေအက်ဖ်ပီကိုပြောပါတယ်။ မီးလောင်မှုဖြစ်ပွားပြီးနောက် သုံးနာရီအတွင်း မီးထိန်းနိုင်ခဲ့ပေမယ့် ဗလီ…

Read More

စစ်တွေကမ်းခြေမှာ ပြုလုပ်တဲ့ ရိုးရာရှစ်သျှောင်းမြောက် သဲပုံစေတီပွဲ

မတ် ၆-၂၀၂၃ SW(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပွိုင့်ကမ်းခြေမှာ ရခိုင်ရိုးရာ သျှစ်သောင်းမြောက်ပွဲ (ခေါ်) သဲပုံစေတီပွဲကို မနေ့ မတ်လ ၅ ရက်နေ့က ရိုးရာမပျက်ကျင်းပခဲ့တယ်လို့ သိရပါတယ်။ တပေါင်းလပြည့်နေ့ရောက်တိုင်း စစ်တွေကမ်းခြေမှာ အခုလို သဲပုံစေတီပွဲ ကျင်းပတာဖြစ်ပြီး စစ်တွေမြို့ခံတွေနဲ့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ လာရောက်ပါဝင်ဆင်နွှဲတဲ့ ရိုးရာပွဲတော်ဖြစ်ပါတယ်။ အဲဒီ သျှစ်သောင်းမြောက်ပွဲတော်ကို သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ရခိုင်မင်္ဂလာစည်တော် တီးပြီး ပင်လယ်ကမ်းခြေကသဲတွေနဲ့ ဘုရား၊ ပုထိုးပုံတွေ၊ ရခိုင်တို့ရဲ့ တန်ဖိုးထားရတဲ့အရာတွေကို ပုံဖော်ပြုလုပ်ကြတဲ့ပွဲတော်ဖြစ်ပါတယ်။ ကျင်းပတဲ့ပွဲတော်ကို လူပေါင်း ထောင်နဲ့ချီ ပါဝင်ဆင်နွှဲခဲ့ကြပြီး စစ်တွေဟိုတယ်အဝင်လမ်းနဲ့ ရှုခင်းသာ ကမ်းနားလမ်းတွေမှာ ဆိုင်ကယ်တွေနဲ့ ယာဉ်ကြောပိတ်ဆို့တာတွေအထိ ဖြစ်ခဲ့ကြောင်း သဲပုံစေတီပွဲမှာ ပါဝင်သူတဦးက ပြောပါတယ်။ ” ဒါကရိုးရာပွဲဆိုတော့ ရသေ့တောင်ကနေလာပြီးတော့ ပါဝင်ဆင်နွှဲတာဖြစ်ပါတယ်။ ကမ်းခြေမှာ လူတွေအများကြီးနဲ့ဆိုတော့ ပျော်စရာကောင်းပါတယ်။ လမ်းက…

Read More

ရွှေကူမြို့နယ်မှာ လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနေအိမ် ၂၀ ကျော် မီးလောင်

မတ် ၇ – ၂၀၂၃ SP ( VOM) ကချင်ပြည်နယ် ၊ဗန်း‌မော်ခရိုင်‌ ၊ ရွှေကူမြို့နယ် ၊ကျောက်ကြီးကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာအထက်ဘက်က မင်းညီ‌နောင်ရပ်ကွက်မှာ မ​နေ့ မတ် ၅ ရက် ညနေပိုင်းက လက်နက်ကြီး ကျည်တွေကျရောက် ပေါက်ကွဲခဲ့ပြီးနောက် လူနေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်းကစလို့ ကျောက်တလုံးရွာနားမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ဝင်ရောက်လာပြီး ပစ်ခတ်တိုက်ခိုက်တာတွေဖြစ်တယ် ၊ အဲ့ဒါကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးရတယ် ၊ လက်နက်ကြီးကျည်တွေ ရွာထဲကို ကျရောက်ပေါက်ကွဲတယ် ၊ လူနေအိမ် ၂၂ လုံး မီးလောင်ပျက်စီးတယ် ၊ ရွာကလူတွေဟာ ပြေးနေရတော့ ဘယ်အဖွဲ့အစည်းက မီးရှို့တယ်ဆိုတာ မသိရဘူး ” လို့ ကျောက်တလုံး ဒေသခံတယောက်က ပြောပါတယ်။…

Read More
VOM News

FREE
VIEW