အိန္ဒိယမှာ ဒုက္ခသည်မြန်မာအမျိုးသမီးတဦး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရ

ဒေလီ၊ မတ်-၆-၂၀၂၃
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကာလင်ဒီခွန်ဂ်ျမှာ အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီးတဦး အုပ်စုဖွဲ့အဓမ္မကျင့်ခဲ့ရတယ်လို့ India Today သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

အဲဒီမြန်မာအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ဗီကာစပူရီမှာနေထိုင်သူဖြစ်ပြီး ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသားဖြစ်ပြီး (၂)နှစ်ခွဲအရွယ် သမီးတဦးလည်းရှိပါတယ်။

သူဟာ လွန်ခဲ့တဲ့လကစပြီး အစာအိမ်ရောဂါခံစားနေရတာကြောင့် ခင်ပွန်းနဲ့အတူ ကာလင်ဒီခွန်ဂ်ျကို ဖေဖော်ဝါရီ ၂၂ ရက်က ရောက်ရှိနေတာဖြစ်ပါတယ်။

အခင်းဖြစ်တဲ့နေ့မှာတော့ သူမနဲ့ခင်ပွန်းတို့ဟာ ဆရာ၀န်နဲ့ပြသပြီးနောက် မြေအောက်ဘူတာကို ည ၉ နာရီ မိနစ် ၃၀ မှာရောက်ရှိခဲ့ပြီး ခင်ပွန်းဖြစ်သူက အိမ်သာသွားချိန်မှာ ကားတစီးထိုးရပ်ပြီး သူမကိုပါးစပ်ကို အ၀တ်ဆို့ပြီး တင်ခေါ်သွားခဲ့တာဖြစ်ပါတယ်။

သူမသတိပြန်ရချိန်မှာတော့ ယောက်ကျားလေးယောက်ဟာ အခန်းထဲမှာပိတ်ပြီး အဓမ္မပြုကျင့်ခဲ့ပြီး မတ် ၂၃ ရက်အရောက်မှာ ဝေးလံခေါင်သီတဲ့နေရာတခုမှာ ကားပေါ်ကနေ ပစ်ချထားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်သူမဟာ ကုလသမဂ္ဂဒုက္ခသည်ကတ်ပြားကို ပြသပြီးနောက် ဒေသခံတွေက သူ့နေအိမ်ကိုလိုက်ပို့ခဲ့ရပါတယ်။ အဲဒီနောက် ကာလင်ဒီခွန်ဂ်ျရဲစခန်းမှာ ဖေဖော်ဝါရီ ၂၆ ရက်က အမှုဖွင့်တိုင်ကြားခဲ့တာလို့ India Today သတင်းဌာနက ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိတော့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ အဲဒီအမှုကို စုံစမ်းစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့တာ၀န်ရှိသူတဦးက ပြောဆိုထားပါတယ်။

Ref: India Today
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW