မန္တလေးက သုံးဘီးယာဥ်အားလုံး အဝါရောင် ပြောင်းလဲရမယ့်အပေါ် သုံးဘီးသမားတွေ ဘာပြောလဲ

မတ် ၆ – ၂၀၂၃
VOM +GG (VOM)

မန္တလေးမြို့တော်စည်ပင်နယ်နမိတ်အတွင်း ပြေးဆွဲနေတဲ့ သုံးဘီးအားလုံး အဝါရောင်အဖြစ် ပြောင်းလဲရမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီ(မြို့တွင်း)က အသိပေးလိုက်တယ်လို့သိရပါတယ်။

အဝါရောင်ပြောင်းလဲခြင်းကိုတော့ အခုမတ်လ ကနေ ဇွန်လ ၃၀ ရက်အတွင်း အပြီးဆောင်ရွက်ရမှာဖြစ်ပြီး အဝါရောင်ပြောင်းတဲ့အခါမှာလည်း ဌာနကသတ်မှတ်တဲ့ အဝါရောင် (Code 445)ဖြစ်ရမယ်လို့သိရပါတယ်။

” ဘီးပိုင်ရှင်တွေ အတော်များများ အဝါရောင်ပိုင်ရှင်တွေကလွဲပီးတော့ ကျန်တဲ့ပိုင်ရှင်တွေအကုန် ဆေးအဝါရောင်ပြောင်းကိုပြောင်းရတော့မှာ၊ အဝါတောင် ရိုးရိုးဝါလို့မရဘူး၊ ကုတ်နံပါတ် ၄၅၅ တဲ့ သူသတ်မှတ်ထားတဲ့အတိုင်းပဲဝါလို့ရမယ် ရစ်ချင်ရင် မင်းအဝါက ငါတို့သတ်မှတ်ထားတဲ့အဝါမဟုတ်ဘူးဆိုပြီးရစ်လို့ရတယ်။အခြေအနေကခုမှအပြောင်းအလဲစလုပ်တဲ့ကာလဆိုတော့ စောင့်ကြည့်ရအုံးမှာပါ “လို့ မန္တလေးက သုံးဘီးပိုင်ရှင်တဦးကပြောပါတယ်။

ဆေးအဝါရောင်ပြောင်းပြီးတဲ့ သုံးဘီးတွေကိုတော့ မတ်လ ၁၆ ရက်နေ့ကစပြီး ဇန်လကုန်အထိ ယာဉ်စစ်မှတ်တမ်းတင်ခြင်းလုပ်ပေး မှာဖြစ်ကြောင်း၊ ကားဆေးရောင်ပြောင်းခြင်းအတွက် အခွန်အခကတော့ ယာဥ်စစ်ဆေးခ ၅၀၀၀ ၊ ဆေးရောင်ပြောင်းခ ၂၀၀၀၀ ကျပ်၊ ယာဥ်မှတ်ပုံတင်သက်သေခံလက်မှတ်နဲ့ Hologram ၄၀၀ ကျပ် ​ပေးဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။

” ဘာကြောင့် အခုလိုလုပ်လဲစဥ်းစားမရဘူး။ကျနော်တို့သုံးဘီးသမားတွေ ပိုက်ဆံထပ်အပိုကုန်တာပဲအဖတ်တင်မယ်၊ အလုပ်အကိုင်လုပ်ရတာမလွယ်ရတဲ့အထဲသူတို့က အခုတမျိုး တော်ကြာတမျိုးလုပ်နေတာ။အစ ကားတွေသွင်းကတည်းက အဝါရောင်တမျိုးပဲ သွင်းခိုင်းပေါ့၊ကြိုက်တဲ့ ဘော်ဒီရုံမှာဆေးမှုတ်လို့ရတယ်ပြောတာပဲ “လို့ သုံးဘီးမောင်းသူတဦးကပြောပါတယ်။

သုံးဘီးသမားတဦးကတော့ ” ဆေးမှုတ်ခပဲအရင်ပြောမယ်ဗျာ ၁သိန်းကျော် ကုန်မှာလေ ၊ သူတို့ကိုလည်း ဆေးပြောင်းခဆိုလား ပေးရအုံးမှာဆိုတော့ မပြောတတ်တော့ပါဘူးဗျာ”လို့ ပြောပါတယ်။

တာဝန်ရှိသူတွေကတော့ အခုလိုသုံးဘီးတွေကို အဝါရောင်အဖြစ်ပြောင်းလဲဖို့သတ်မှတ်လိုက်တာဟာ မန္တလေးမြို့ကို မြို့ပြအင်္ဂါရပ်နဲ့အညီ သန့်ရှင်းသာယာလှပစေလိုခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းစနစ်တကျရှိစေ​လို​​ခြင်း၊ ခရီးသည်တွေ လုံခြုံချောမွေ့စွာသွားလာမှု ပိုမိုအဆင်ပြေစေဖို့နဲ့သယ်ယူပို့ဆောင်ရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်စေဖို့ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် သုံးဘီးပိုင်ရှင်တွေအနေနဲ့ သတ်မှတ်ကာလအတွင်း အဝါရောင်ပြောင်းဖို့လိုအပ်ကြောင်း သတ်မှတ်ကာလအကျော်မှာ မပြောင်းခဲ့တာကို စစ်ဆေးတွေ့ရှိပါက ဥပဒေ၊လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ငန်းလိုင်စင်ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်

Photo Crd – Original Uploader
#voiceofmyanmar #VOM #မန္တလေး #သုံးဘီးယာဥ်အဝါရောင်ပြောင်းလဲခြင်း

Related posts

Leave a Comment

VOM News

FREE
VIEW