ဗိုလ်တထောင်မှာ ကွန်ဒိုပေါ်ကနေ စင်ကာပူနိုင်ငံသား ပြုတ်ကျသေဆုံးမှု ဖြစ်ပွား

မတ် ၆ – ၂၀၂၃
GG (VOM)

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ Time Square ကွန်ဒိုပေါ်ကနေ အသက် ၂၉ နှစ်အရွယ် စင်ကာပူ နိုင်ငံသား အမျိုးသား ၁ဦး ပြုတ်ကျသေဆုံးမှု ဒီနေ့မတ်လ ၆ရက် နေပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ပြုတ်ကျတာ ၁၂ နာရီ ၄၀လောက်မှာပြုတ်ကျတယ်။ရန်ကုန်အရှေ့ပိုင်းဆေးရုံကိုပို့တယ်၊ ဆေးရုံရောက်တော့လူနာက dead body ဖြစ်တယ်။db ဖြစ်တော့ အရှေ့ပိုင်းဆေးရုံက အဆင်မပြေတော့ ရန်ကုန်ဆေးရုံကြီးကိုပြန်လွှဲတယ် ဆေးရုံမှာ လိုအပ်တာလုပ်ပြီးပြန်လာတာပါ။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပရဟိတအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။

စင်ကာပူနိုင်ငံသားဟာ ပြုတ်ကျတဲ့အရှိန်ကြောင့် ပြင်ပဒဏ်ရာအဖြစ် ခြေကျင်းဝတ် အရိုးပေါက်ထွက်ဒဏ်ရာနဲ့ ခန္ဓာကိုယ် ပွန်းပဲ့ သွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့သိရပါတယ်။

” ဘယ်နှစ်လွှာကပြုတ်ကျလဲဆိုတာ ဘယ်သူကတွန်းချတာလဲ သူ့ဟာသူခုန်ချတာလား မတော်တဆပြုတ်ကျတာလား သူ့မိသားစုဝင်ကကို မသိတာ။သူပြုတ်ကျတာ ကွန်ဒိုကလူတွေသိတာ။သူ့ညီမတွေ့တယ်၊သူ့အမျိုးသမီးဆိုတာတွေ့တယ်။”လို့ ကူညီခဲ့သူက ထပ်မံပြောပြပါတယ်။

လက်ရှိမှာ သေဆုံးသွားတဲ့ စင်ကာပူနိုင်ငံသားနဲ့ပတ်သက်ပြီး ဗိုလ်တထောင်မြို့မရဲစခန်းက စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #စင်ကာပူနိုင်ငံသား #ကွန်ဒိုပေါ်ကနေပြုတ်ကျသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW