မတ် ၁-၂၀၂၃ Voice Of Myanmar(VOM) နေပြည်တော်၊ရွှေကြာပင်ရပ်ကွက်၊မြစ်ငယ်လမ်းရှိ ယခင် ကြံခိုင်ရေးအစိုးရလက်ထက်က အမျိုးသားလွှတ်တော် ဒုက္ကဋ္ဌဟောင်း ဦးမြတ်ငြိမ်းရဲ့ နေအိမ်မှာ မနေ့ ဖေဖော်ဝါရီ ၂၈ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ နေပြည်တော်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ မနေ့ ညနေ ၆း၃၀ နာရီခန့်က ဗုံးနဲ့ လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး နေအိမ်မှာ အိမ်စောင့်သာရှိတာကြာင့် အထိအခိုက်၊အပျက်အစီးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #ပေါက်ကွဲမှု
Read MoreMonth: March 2023
မြောင်းမြမှာ ခရီးသည်တင် ရေယာဉ်(၁)စီး နစ်မြုပ်ပြီး ကလေး(၂)ဦးအပါအဝင် (၄)ဦးပျောက်ဆုံးနေ
မတ်လ၊ ၁-၂၀၂၃ MM(VOM) ဧရာဝတီတိုင်း၊ မြောင်းမြခရိုင် ၊ မြောင်းမြမြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက ခရီးသည်တင်ရှပ်ပြေးရေယာဉ်(၁)စီးနစ် နစ်မြုပ်ပြီးကလေး(၂)ယောက်အပါအဝင် ခရီးသည်(၄)ယောက်ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ဒေသခံ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။ ဒီနေ့ မတ်လ ၁ ရက်က မနက်ပိုင်းက လှိုင်းရာဇာ (၂)ရှပ်ပြေးခရီးသည်တင်ရေယာဉ်ဟာ ပြင်ရွာကျေးရွာကို ဘိလပ်မြေအိတ်တွေ ကုန်ချဖို့ ကမ်းဆိပ်ကို ကပ်တဲ့အချိန် ရေယာဉ် ပွင့်ထွက်ပြီး ရေတွေဝင်ကာ နစ်မြုပ်သွားတာလို့ သိရပါတယ်။ ”နစ်မြုပ်သွားတဲ့ယာဉ်က လှိုင်းရာဇာ(၂)ပါ ၊ ရေယာဉ်ပေါ် မှာ ပါလာတဲ့ ဘိလပ်မြေအိတ်တွေချဖို့ ကမ်းကို ကပ်ရင်း ရုတ်တရက် နစ်မြုပ်သွားတာ၊ ခရီးသွား ၄ ယောက် ပျောက်နေတယ် ၊ရဲတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေ ရှာဖွေကယ်ဆယ်ရေးတွေလုပ်နေတယ်၊ နေ့လယ် ၁ နာရီအထိတော့ ပျောက်နေတဲ့သူတွေကို တယောက်မှ ပြန်မတွေ့သေးဘူး။”လို့ ရှာဖွေကယ်ဆယ်ရေး…
Read Moreဒီကနေ့မနက် ပုဇွန်တောင် CB bank လုယက်ခံရမှုဖြစ်ပွါး၊ လုယက်သူတွေကိုဖမ်းမိ
မတ် ၁ – ၂၀၂၃ GG(VOM) ရန်ကုန်၊ပုဇွန်တောင်မြို့နယ်၊ (၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းက CB bank ကိုဒီနေ့ မတ်လ ၁ ရက်နေ့မနက်ပိုင်းက သေနတ်တုနဲ့ဝင်ရောက်လုယက်ခဲ့သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ” ဖမ်းမိတာ အသက်မပြည့်သေးတဲ့ကလေးတွေတဲ့။သေနတ်နဲ့ဓားပါတယ်။ ဖမ်းမိလို့စစ်တော့ သေနတ်ကအတုလို့ပြောတယ်။မနက် ၁၀ နာရီကျော်လောက်မှာဖြစ်တာပါ”လို့ ပုဇွန်တောင်မြို့နယ်နေထိုင်သူတဦးကပြောပါတယ်။ ဘဏ်ထဲကို ဝင်ရောက်လုယက်ခဲ့သူတွေဟာ အသက် ၁၅ နှစ်အရွယ် မောင်သူထူးအောင်ဆိုသူနဲ့ အသက်၁၄ နှစ်အရွယ် မောင်သန့်ဇင်အောင်ဆိုသူတို့ဖြစ်ပြီး ပုဇွန်တောင်မြို့နယ်နေထိုင်သူတွေဖြစ်တယ်လို့သိရပါတယ်။ လုယက်မှုကျူးလွန်သူနှစ်ယောက်ဟာ ပစ္စတိုသေနတ်အတု နဲ့ ဓါး ၂ ချောင်းကိုင်ဆောင်ကာ ခြိမ်းခြောက်ပြီး ဘဏ်ကောင်တာပေါ်က ငွေသိန်း ၆၅၀ လုယက်ဖို့ကြိုးစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ငွေထုပ်ကိုယူပြီးထွက်ပြေးချိန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း လက်ရှိမှာ ရဲစခန်းကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရ၂၄ ရက်ကလည်း…
Read Moreနိုင်ငံပေါင်း ၃၀ ပါ၀င်တဲ့ အာရှရဲ့အကြီးဆုံး ကော်ဘရာဂိုးစစ်ရေးလေ့ကျင့်မှု ထိုင်းမှာစတင်နေ
ဘန်ကောက်၊ မတ်-၁-၂၀၂၃ မျိုးဆက်(VOM) အာရှရဲ့အကြီးဆုံး နှစ်စဉ်စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ကော်ဘရာဂိုး စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂၈ ရက်က စတင်ပြုလုပ်နေပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်အပါအ၀င် နိုင်ငံပေါင်း ၃၀ မှ တပ်ဖွဲ့၀င်ပေါင်း ၇၄၀၀ ပါ၀င်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မကြာသေးမီနှစ်များအတွင်း လေ့ကျင့်မှုအရွယ်အစားကို လျှော့ချခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အကြီးစားစစ်ရေးလေ့ကျင့်မှုလည်းဖြစ်ပါတယ်။ လက်ရှိစစ်ရေးလေ့ကျင့်မှုမှာ အာကာသအတွင်းတိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ စစ်ရေးလေ့ကျင့်မှုတွေလည်းပါ၀င်ပြီး ပါ၀င်တဲ့နိုင်ငံတွေအနေနဲ့ ဂြိုဟ်တုတွေကို ကာကွယ်ဖို့အတွက် နိုင်ငံအများအပြားနဲ့ဆောင်ရွက်နေတဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း အတည်ပြုသွားမှာဖြစ်ပါတယ်။ ကော်ဘရာဂိုးစစ်ရေးလေ့ကျင့်မှုဟာ မိမိတို့ရဲ့ဘုံအကျိုးစီးပွားကို မြှင့်တင်ပြီး မဟာမိတ်တွေနဲ့ အပြန်အလှန် အကျိုးပြုနိုင်မှာဖြစ်ကာ လွတ်လပ်တဲ့ အင်ဒို-ပစိဖိတ်ဒေသဖြစ်ဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရောဘတ်ဂေါ့ဒက်က ပြောပါတယ်။ ဒါ့အပြင် အမေရိကန်စစ်ဘက်အနေနဲ့ အာရှနိုင်ငံတွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ အရေးကြီးကြောင်း အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်၏သြဇာလွှမ်းမိုးမှုမြင့်တင်နေတာတွေကို ကိုးကားပြီး သူက…
Read Moreလက်ရှိ နိုင်ငံရေးနဲ့ ထိုင်း-မြန်မာ မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအခြေအနေ
မတ် ၁ – ၂၀၂၃ GG(VOM) ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွေထဲက မြဝတီကုန်သွယ်ရေးဇုန်က တနေ့ကို အမေရိကန်ဒေါ်လာ ၅ သန်းကနေ ၈ သန်းကြား ကုန်သွယ်မှု ရှိနေပေမယ့် လမ်းကြောင်းလုံခြုံရေးအခြေအနေမကောင်းပါက ချက်ခြင်းရပ်တန့်သွားနိုင်တယ်လို့ ကုန်သည်တဦးကပြောပါတယ်။ ပို့ကုန်တင်ပို့တဲ့လမ်းကြောင်း အန္တရာယ်ကင်းပါက ကုန်သွယ်မှုပိုအားကောင်းလာမှာဖြစ်ပြီး အကယ်၍ လမ်းခရီးအခြေအနေ စိတ်ချရမှုမရှိပါက နယ်စပ်လမ်းကြောင်းကိုရပ်တန့်ကာ ပင်လယ်ရေကြောင်းကတဆင့် ပြောင်းလဲတင်ပို့ခြင်းကို ပြန်လည်စဥ်းစားရတော့မှာဖြစ်တယ်လို့ ဆိုပါတယ် ။ “မြ၀တီဆိုရင် ခဏခဏ တံတားချိုးခံရတယ်၊ တွဲကားမီးရှို့ခံရ ခဏခဏ ဖြစ်တယ်။လမ်းကြောင်း အန္တရာယ်ကင်းနေသရွှေ့ ကောင်းနေမယ်။ကောင်းနေသ၍တော့ သွားနေတယ်။ အခုလည်း ကုန်ပို့သာနေရတယ် စိတ်ကတော့မအေးဘူးပေါ့။ဒီတော့ ကားတက်ပြီဆိုတာနဲ့ဘားအံရောက်ရင် မြဝတီကိုဖုန်းဆက်မေးရတယ် အခြေအနေကာင်းလားပေါ့ ကောင်းတယ်ဆိုရင်သွားပေါ့။တခါတလေ ကိုယ်သွားမှ ကံဆိုးပြီး လမ်းမှာ သေနတ်ပစ်တာနဲ့တိုးရင်တော့လည်း ခံရတာပဲ”လို့ မြဝတီနယ်စပ်ကနေ ထိုင်းကို ပြောင်းတင်ပို့နေတဲ့ ကုန်သည်တဦးကပြောပါတယ်။ မြဝတီမဲဆောက်ချစ်ကြည်ရေးအမှတ်၁တံတားကို ဇန်နဝါရီလ ၁၂…
Read Moreအခုနှစ် ဆယ်တန်စာမေးပွဲဖြေဆိုသူ ၁၈၀၀၀၀ နီးပါးသာရှိ၊အရင်နှစ်ထက် ဖြေဆိုသူ ၁သိန်းကျော်လျော့
မတ် ၁ – ၂၀၂၃ GG(VOM) မကြာခင်ကျင်းပတော့မယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသားကျောင်းသူ ဦးရေ (၁၈၀၀၀၀)ဝန်းကျင်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။ ပြီးခဲ့တဲ့နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုချ်န်က ဝင်ရောက်ဖြေဆိုသူ ၂သိန်း ၈၀၀၀၀ ကျော်ရှိခဲ့တာကြောင့် အခုနှစ် တက္ကသိုလ်ဝင်တန်းစားမေးပွဲဖြေဆိုတဲ့နူန်းဟာ အရင်နှစ်ကထက် ၁ သိန်းကျော် လျော့ကျသွားတယ်လို့ သိရပါတယ်။ ” နိုင်ငံရေးငြိမ်မှပဲဲ ပြန်တက်မယ်ဆိုတဲ့ကျောင်းသားတွေလည်းရှိတယ်၊အရင်နှစ်က ကျပြီး အခုနှစ် ဆက်မတက်တော့တာတွေလည်းရှိတယ်၊ တချို့ကျလည်း စားဝတ်နေရေးမပြေလည်တော့ ကျောင်းမတက်နိုင်လို့ဆိုတာတွေလည်းရှိတယ်၊နယ်မြေမအေးချမ်းသေးတဲ့ဘက်တွေက ကလေးတွေဆိုလည်း မတတ်နိုင်ကြဘူး ၊ ဒီနှစ်ကို ပြန်ဖြေစေချင်တာက စနစ်ဟောင်း နဲ့ နောက်ဆုံးစစ်ပေးတာကြောင့်ပါ”လို့ ကျောင်းဆရာမတဦးကပြောပါတယ်။ အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ စနစ်ဟောင်း၊ သင်ရိုးဟောင်းနဲ့ နောက်ဆုံးအကြိမ် စစ်ဆေးတဲ့ စာမေးပွဲဖြစ်တယ်လို့ သိရပါတယ်။ အဓိက ကတော့ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မအောင်မြင်ခဲ့တဲ့ကျောင်းသား…
Read Moreစစ်ကိုင်း၊မကွေး နဲ့ ချင်းပြည်နယ်မှာ ၁ လအတွင်း စစ်ခုံရုံးကနေ လူ(၅၉)ဦးကို အမြင့်ဆုံး ပြစ်ဒဏ်တွေချမှတ်ခဲ့
မတ် ၊ ၁ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း နဲ့ ချင်းပြည်နယ်အတွင်းက စစ်အုပ်ချုပ်ရေး ကြေညာခြင်းခံရတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကနေ ၂၈ ရက်အထိ ၁ လအတွင်း စစ်ဘက်ဆိုင်ရာ တရားရုံး (စစ်ခုံရုံး)ကနေ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ခံရတဲ့သူပေါင်း ၆၀ နီးပါးရှိတယ်လို့ တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” စစ်ခုံရုံးနဲ့ အာဏာဝန်ဆံ့တဲ့ အရေးပေါ် ပြစ်မှု အမျိုးအစား ၂၃ မျိုး သတ်မှတ်ထားတယ် ၊ အဲ့ဒီအထဲက ပြစ်မှုထင်ရှားတဲ့သူ ၅၉ ဦးကို အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ်တာ ဖြစ်တယ် ၊ တသက်တကျွန်း ပြစ်ဒဏ်တွေ ပါဝင်တယ်”လို့ တရားလွှတ်တော်ရှေ့နေ တယောက်က ပြောပါတယ်။ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)တရားရေးအဖွဲ့နဲ့…
Read Moreရန်ကုန်မှာ ကားတစီး အရှိန်မထိန်းနိုင်ဘဲ ခြံစည်းရိုးဝင်တိုက်ရာကနေ မီးလောင်ပြီး ယာဥ်မောင်းသေဆုံး
မတ် ၁ – ၂၀၂၃ GG(VOM) ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ် ၊သစ္စာလမ်း၊စာတိုက်မှတ်တိုင် မီးပွိုင့်အနီးမှာ အငှားယာဉ်တစီး မီးလောင်မှုဖြစ်ပြီး ယာဥ်မောင်းသေဆုံးခဲ့သလို ယာဥ်ပေါ်ပါသူ နောက်တဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ဖြစ်စဥ် မနေ့ ဖေဖော်ဝါရီ ၂၈ရက် ညပိုင်းကဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ မနေ့ ည ၈ နာရီခွဲဝန်းကျင်လောက်မှာ ကားကမောင်းလာရင်း အရှိန်လွန်ပြီး ခြံစည်းရိုးဝင်တိုက်မိရာကနေ ဂက်စ်အိုးပေါက်ကွဲကာ မီးလောင်ခဲ့တာဖြစ်ကြောင်း ဒဏ်ရာရသူကလည်း စိုးရိမ်ရတယ်လို့ သိရပါတယ်။ ” ကျနော်တို့ရောက်တော့ ယာဥ်မောင်းက အခင်းနေရာမှာ သေဆုံးနေပြီ၊နောက်တယောက်ကလည်း အနီရောင်အဆင့်ပါ။ မီးလောင်တဲ့အချိန်ခဏလေးကို ဖြစ်သွားတာ၊ကားကအရှိန်မထိန်းနိုင်ဘဲ ခြံစည်းရိုးဝင်တိုက်မိပြီးCNGအိုးမီးလောင်ပေါက်ကွဲတာ “လို့ ကူညီမှုပေးခဲ့တဲ့ ရွှေရောင်တွဲလက်ပရဟိတအသင်း အဖွဲ့ဝင်တဦးပြောပြပါတယ်။ အငှားယာဥ်ဟာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ချိန် ၁၀ မိနစ်ခန့်အတွင်း လူသေဆုံးတဲ့အထိ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားနောက်ပိုင်းလည်း ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရအမျိုးသားဟာ ခြေထောက်၊လက်တွေ ပြတ်ထွက်နေပြီး စိုးရိမ်ရပြီး…
Read More