မြောက်ကိုရီးယားရဲ့ထောက်လှမ်းရေးဂြိုဟ်တု ပိုင်နက်ထဲပြုတ်ကျလာရင် ပစ်ချဖို့ ဂျပန်ကာကွယ်ရေး၀န်ကြီး အမိန့်ထုတ်

တိုကျို ၊ ဧပြီ-၂၂-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားက လွှတ်တင်မယ့် စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တု ဂျပန်ပိုင်နက်ထဲကျလာရင် ပစ်ချဖို့အတွက် ပြင်ဆင်ထားဖို့ ဂျပန်ကာကွယ်ရေး၀န်ကြီး ယာဆူကာဇူဟာမာဒါက ဧပြီ ၂၂ ရက်မှာ အမိန့်ပေးလိုက်ပါတယ်။

အဲဒီထောက်လှမ်းရေးဂြိုဟ်တုအပြင် မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တွေကိုလည်း ဖျက်ဆီးပစ်ဖို့ အမိန့်ပေးနိုင်တယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျပန်တပ်တွေရဲ့ ကြိုတင်ပြင်ဆင်မှုတွေထဲမှာ ပဲ့ထိန်းဒုံးကျည်ပြုတ်ကျလာခဲ့ရင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် နိုင်ငံတောင်ပိုင်း အိုကီနာဝါစီရင်စုမှာ တပ်ဖွဲ့၀င်တွေ ဖြန့်ကြပ်ချထားဖို့တွေလည်း ပါ၀င်ပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ပထမဆုံး စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်ဖို့ ပြင်ဆင်နေပြီး ဒီလိုလွှတ်တင်မှုဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

ယခုနှစ်အတွင်းမှာ မြောက်ကိုရီးယားရဲ့ မကြုံစဖူးဒုံးကျည်စမ်းသပ်မှုတွေကြောင့် ဒေသတွင်းမှာတင်းမာမှုတွေ မြင့်တက်နေပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ်လည်း မြောက်ကိုရီးယားက ဝေဖန်ပြောဆိုထားပါတယ်။

Ref: Reuters
Photo:AP
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW