မိုင်းဖြတ်မှာ ဘုရားဖူးကား ချောက်ထဲကျပြီး ၃ယောက်သေ၊ ၃ယောက်ဒဏ်ရာရ

ဧပြီ ၂၄ – ၂၀၂၃
GG(VOM)

ရှမ်းပြည်နယ် ၊မိုင်းဖြတ်မြို့နယ်၊ နန့်နမ်းရှမ်းရွှာ အကျော်လောက်မှာ ဘုရားဖူးခရီးသွားကားတစ်စီး ချောက်ထဲထိုးကျပြီး ၃ ယောက်သေဆုံးကာ ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဘုရားဖူးကားဟာ ဒီနေ့ ဧပြီ၂၄ ရက် မနက် ၇ နာရီခွဲလောက်မှာ အရှိန်မထိမ်းနိုင်ဘဲ ပေ၂၀ အနက်ရှိတဲ့ ချောင်းထဲကို ထိုးကျတိမ်းမှောက်ခဲ့တာဖြစ်ပြီး တိမ်းမှောက်မှုကြောင့် ကားပေါ်လိုက်ပါလာသူ ၆ ယောက်မှာ ၃ယောက်ကသေဆုံးပြီး ၃ ယောက်က ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ကျနော်တို့ဆီသတင်းဝင်တာက၇ နာရီခွဲလောက်မှာ ပါ၊ နန့်နမ်းရှမ်းရွှာ အပေါ်ဘက်မှာ ကားကအရှိန်များပြီး ခေါင်းကိုမထိန်းနိုင်ဘဲ ချောက်ထဲထိုးကျတာ။ဒဏ်ရာတွေက ဦးခေါင်းထိတာရှိတယ်၊ရင်ဘတ်ထိတာရှိတယ်၊ကျိုးတာပဲ့တာမရှိဘဲ အတွင်းပိုင်းဒဏ်ရာထိတဲ့သဘော၊အသက်ကလည်းကြီးသူတွေဖြစ်တယ်၊ ဆွေမျိုးတွေဖြစ်ဖို့များတယ်”လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကားပေါ်မှာက အမျိုးသမီး ၅ ယောက်နဲ့ယာဥ်မောင်း အမျိုးသား ၁ ယောက် လိုက်ပါလာတာဖြစ်ပြီး အဲ့ဒီအထဲကမှ အသက် ၅၀ နဲ့ ၆၀ကြားရှိတဲ့ အမျိုးသမီးကြီး၃ယောက် သေဆုံးခဲ့တာဖြစ်ကြောင်း၊ ဒဏ်ရာရ သူ၃ ယောက်ထဲမှာလည်း အမျိုးသမီးတစ်ယောက်ကစိုးရိမ်ရတယ်လို့ သိရပါတယ်။

လက်ရှိမှာ သေဆုံးအမျိူးသမီးရုပ်အလောင်းတွေနဲ့ ဒဏ်ရာရရှိသူတွေကို မိုင်းဖြတ်ဆေးရုံကနေ မိသားစုဝင်တွေက ပြန်လည်သယ်ဆောင်သွားကြောင်း၊ ထိုင်းဘက်ကိုသွားရောက်ဆေးကုသဖို့ စီစဥ်နေတယ်လို့သိရပါတယ်။

တိမ်းမှောက်ခဲ့တဲ့ကားဟာ Vigo ကားအမျိုးအစားဖြစ်ပြီး တာချီလိတ်မြို့ကနေ မိုင်းယောင်းမြို့ကို ဘုရားဖူးသွားတဲ့ကားဖြစ်တယ်လို့ သိရပါတယ်။

ဧပြီ၂၀ ရက်နေ့ကလည်း မိုင်းဖြတ်မြို့နယ်၊ တာကျောက်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၆၈၈)နဲ့ (၆၈၉)ကြားမှာ ကားတစ်စီးတိမ်းမှောက်လို့ ကားပေါ်ပါသူတွေထဲက ၃ ယောက်သေဆုံးပြီး ၂၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မိုင်းဖြတ် #ဘုရားဖူးကားမှောက် #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW