အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ လူမျိုးရေးပဋိပက္ခကြောင့် လူဒါဇင်များစွာသေဆုံးပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်

ဒေလီ၊ မေ-၈-၂၀၂၃
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်မှာ လူမျိုးရေးပဋိပက္ခအတွင်း နေအိမ်တွေ၊ မော်တော်ကားတွေ၊ ဘုရားကျောင်းတွေကို အုပ်စုလိုက်တိုက်ခိုက်မှုကြောင့် လူဒါဇင်များစွာသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ပြည်နယ်အတွင်းရှိ အဓိကလူမျိုးစုက အဆင့်အတန်းသတ်မှတ်ပေးဖို့တောင်းဆိုမှုကို ဌာနေမျိုးနွယ်စုတွေက ဆန့်ကျင်ဆန္ဒပြမှုပြီးနောက် တပတ်အကြာမှာ အခုလိုအကြမ်းဖက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပြည်နယ်လူဦးရေရဲ့ ၅၃ ရာခိုင်နှုန်းရှိတဲ့ မိုက်တိုင်အသိုက်အ၀န်းကလူတွေဟာ သူတို့တွေကို လယ်ယာသစ်တော့မြေတွေကို ၀င်ရောက်လုပ်ကိုင်ခွင့်ပြုဖို့နဲ့ အစိုးရအလုပ်အကိုင်နေရာတွေမှာ အချိုးအစားအာမခံပေးမယ့် Scheduled Tribe အစီအစဉ်မှာပါ၀င်ဖို့ နှစ်ပေါင်းများစွာ တောင်းဆိုနေတာဖြစ်ပါတယ်။

သူတို့ရဲ့တောင်းဆိုချက်တွေကို လက်ခံလိုက်မယ်ဆိုရင် တောင်ပေါ်ခရိုင်တွေမှာနေထိုင်ကြတဲ့ ကူကစ်မျီုးနွယ်စုအဖြစ် အသိအမှတ်ပြုခံရပြီးသား မျိုးနွယ်စုတွေက သူတို့ရဲ့ ဘိုးဘွားပိုင်သစ်တောလယ်ယာမြေတွေကို ထိန်းချုပ်ထားမှု ဆုံးရှုံးမှာကို စိုးရိမ်နေကြပါတယ်။

လက်ရှိမှာတော့ တပ်ဖွဲ့၀င်ထောင်ပေါင်းများစွာကို ဖြန့်ကြက်ထားပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားတာ အင်တာနက်အသုံးပြုခွင့်ကိုလည်း ဆိုင်းငံ့ထားပါတယ်။

ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ထိန်းချုပ်ထားနိုင်ပြီလို့ အိန္ဒိယပြည်ထဲရေး၀န်ကြီး အမစ်ဆာရ်ှက ပြောဆိုထားပြီး မျိုးနွယ်စုတွေရဲ့တောင်းဆိုချက်တွေကို မဆုံးဖြတ်မီ မဏိပူရအစိုးရဟာ အားလုံးနဲ့ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW