မန္တလေတိုင်း NLDဒုတိယ ဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့နဲ့ပြန်လည်လွတ်မြောက်လာ

မေ ၁၂-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေတိုင်း NLD ဒုတိယ ဥက္ကဋ္ဌ ဒေါ်ဝင်းမြမြဟာ ဒီကနေ့မနက်ပိုင်းက အိုးဘိုအကျဥ်းထောင်ကနေ လွတ်ရက်စေ့လို့ ပြန်လည်လွတ်​​မြောက်လာပြီ ဖြစ်တယ်လို့ NLDနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

” အန်တီ ပြန်လွတ်လာတာဟုတ်ပါတယ် ၊အခုမနက်ပဲ လွတ်လာတာ အိမ်လည်းရောက်ပါပြီ လွတ်ရက်စေ့လို့ပြန်လွတ်လာတာပါ။ ” လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

NLDနဲ့နီးစပ်သူတစ်ဦးကလည်း ” အန်တီ ပြန်လွတ်လာတာ ဟုတ်ပါတယ်၊ ပြစ်ဒဏ်စေ့နဲ့ ပြန်လွတ်တာပါ၊ ကဆုန်လပြည့်နေ့က ၅၀၅ တွေကို လွှတ်ပေးတဲ့အထဲမှာ အန်တီပါမယ်မှတ်ပြီး သွားစောင့်သေးတယ်၊ ဒီနေ့ပြန်လွတ်လာတော့ ဝမ်းသာတာပေါ့”လို့ ပြောပါတယ်။

ဒေါ်ဝင်းမြမြဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၂၇ရက်နေ့က မန္တလေးမြို့ ၆၂လမ်းပေါ်က NLDတိုင်းရုံးရှေ့မှာ လူအုပ်စုနဲ့အတူရှိနေချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၂၀၂၁ ဇွန်လထဲမှာပဲ ပုဒ်မ ၅၀၅ က နဲ့ ထောင်ဒဏ်၃နှစ် ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒေါ်ဝင်းမြမြဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေး ရွေးကောက်ပွဲကြီး မှာ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွတ်တော် မဲဆန္ဒနယ်မှာ NLD ပါတီ ရွေးကောက်ခံကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအနိုင်ရရှိခဲ့ပါတယ်။

မန္တလေးတိုင်း NLD ပါတီ ရဲ့ ဒုဥက္ကဋ္ဌဒေါ်ဝင်းမြမြဟာ အသက်အားဖြင့် ၇၄ နှစ်ရှိပြီဖြစ်ပြီး နိုင်ငံရေးကို အဓိကပါဝင်လုပ်ဆောင်ခဲ့တာကြောင့် အရင်ကလည်း မကြာခဏဆိုသလို ဖမ်းဆီးထောင်ချခံခဲ့ရတာတွေရှိခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #တိုင်းNLDဥက္ကဋ္ဌ #ဒေါ်ဝင်းမြမြပြန်လည်လွတ်မြောက်လာ

Related posts

Leave a Comment

VOM News

FREE
VIEW