မန္တလေးက ပုဂ္ဂလိက ဆေးရုံ(၃)ခုက်ို လိုင်စင်ပယ်ဖျက်ကြောင်း ကြေညာထား

မေ ၁၈-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံတွေဖြစ်တဲ့ နန်းတော်၊ မြို့တော်၊ ကံကော် ဆေးရုံ(ဆေးရုံ၃)ရုံတို့ကို ပုဂ္ဂလိကဆေးရုံလိုင်စင် ပယ်ဖျက်ကြောင်း ပြီးခဲ့တဲ့ မေလ ၁၅ ရက်စွဲနဲ့ ကြေညာချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

အဲ့ဒီကြေညာစာထဲမှာ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉(က) ပါ လိုင်စင်စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့်ဆိုပြီး ပိတ်သိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သတင်းကတော့ မနေ့ကတည်းက ဆေးရုံအသိုင်းအဝိုင်းမှာ အတော်ပျံ့သွားတာ သေချာသလောက်ပါပဲ၊ ဒီလောက်ထိ လုပ်လိမ့်မယ်လို့ မထင်ထားဘူး၊ ဘာလို့လဲဆို အဲ့ဒီဆေးရုံကို မှီခိုနေရတဲ့ မိသားစုတွေ အများကြီးပဲလေ”လို့ ဆေးရုံတွေနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလက မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံအချို့ကို ရက်အကန့်အသတ်မရှိ ပိတ်ထားရမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း အခု ၂၀၂၃ မေလ၁၅ ရက်စွဲနဲ့ မနေ့ကပဲ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တာပဲ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ပုဂ္ဂလိကဆေးရုံသုံးရုံ #လိုင်စင်ပယ်ဖျက်

Related posts

Leave a Comment

VOM News

FREE
VIEW