တောင်ငူအကျဥ်းထောင်မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး အကျဥ်းသားတွေ ထွက်ပြေးမှုဖြစ်ပွား

မေ ၁၈ – ၂၀၂၃ GG(VOM) ပဲခူးတိုင်း ၊တောင်ငူအကျဥ်းထောင်မှာ ဒီနေ့ မေလ ၁၈ ရက် နေ့လယ် ၃ နာရီလောက်က အချုပ်သားကိုရုံးထုတ်စစ်ဆေးစဥ် အချုပ်သားက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီကနေ သေနတ်ကိုလုကာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး အကျဥ်းသား ၁၀ ယောက်ထွက်ပြေးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ထွက်ပြေးသွားတဲ့အထဲက အမျိုးသားတစ်ယောက်ကို ပြန်လည်ဖမ်းဆီးရမိပြီး ၉ ယောက်ကတော့ လက်နက်တွေနဲ့အတူ လွတ်မြောက်သွားကြောင်းနဲ့ လွတ်မြောက်သွားတဲ့အထဲမှာ မိန်းကလေးလည်း ပါဝင်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ ” ထောင်ဝန်းထဲမှာပဲ ရုံးထုတ်ကအပြန် သေနတ်လုပီးပြေးတာ၊ရုံးထုတ်တာကလည်း ထောင်ထဲမှာပဲ ထုတ်တာ အပြင်မှာမဟုတ်ဘူး၊ ပစ်ခတ်မှုမှာ ထောင်ဘက်ကလည်း သေတယ်လို့သိရတယ်။ ထွက်ပြေးသွားတဲ့ သူတွေမှာ သေနတ် ၄ လက်ပါသွားတယ်”လို့ အကျဥ်းထောင်နဲ့ နီးစပ်သူ တောင်ငူဒေသခံတစ်ဦးကပြောပါတယ်။ နောက်ပြီး အဲ့ဒီ အပြန်အလှန်ပစ်ခတ်မှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ထောင်ဝန်ထမ်း…

Read More

မန္တလေးက ပုဂ္ဂလိက ဆေးရုံ(၃)ခုက်ို လိုင်စင်ပယ်ဖျက်ကြောင်း ကြေညာထား

မေ ၁၈-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံတွေဖြစ်တဲ့ နန်းတော်၊ မြို့တော်၊ ကံကော် ဆေးရုံ(ဆေးရုံ၃)ရုံတို့ကို ပုဂ္ဂလိကဆေးရုံလိုင်စင် ပယ်ဖျက်ကြောင်း ပြီးခဲ့တဲ့ မေလ ၁၅ ရက်စွဲနဲ့ ကြေညာချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီကြေညာစာထဲမှာ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉(က) ပါ လိုင်စင်စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့်ဆိုပြီး ပိတ်သိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “သတင်းကတော့ မနေ့ကတည်းက ဆေးရုံအသိုင်းအဝိုင်းမှာ အတော်ပျံ့သွားတာ သေချာသလောက်ပါပဲ၊ ဒီလောက်ထိ လုပ်လိမ့်မယ်လို့ မထင်ထားဘူး၊ ဘာလို့လဲဆို အဲ့ဒီဆေးရုံကို မှီခိုနေရတဲ့ မိသားစုတွေ အများကြီးပဲလေ”လို့ ဆေးရုံတွေနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလက မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံအချို့ကို ရက်အကန့်အသတ်မရှိ ပိတ်ထားရမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း အခု ၂၀၂၃ မေလ၁၅ ရက်စွဲနဲ့ မနေ့ကပဲ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တာပဲ ဖြစ်ပါတယ်။…

Read More

ဒေါ်လာ ၁ ဘီလီယံဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ မြန်မာစစ်တပ်၀ယ်ယူခဲ့၊ ရုရှားနဲ့တရုတ်က လက်နက်ထောက်ပံ့တဲ့ အဓိကနိုင်ငံတွေအဖြစ် ရပ်တည်နေ

ကုလသမဂ္ဂ၊ မေ-၁၈-၂၀၂၃ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်ဟာ လက်နက်ဒေါ်လာ ၁ ဘီလီယံ ၀ယ်ယူခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လက်နက်တွေကို ရုရှား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယနဲ့ ထိုင်းတို့ကနေ အဓိက၀ယ်ယူခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရုရှားဆီကနေ ဒေါ်လာသန်း ၄၀၀ ကျော်နဲ့ တရုတ်ဆီကနေ ဒေါ်လာသန်း ၂၆၀ ကျော်တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေကို ၀ယ်ယူခဲ့ပြီး ရုရှားနဲ့တရုတ်တို့က လက်နက်ထောက်ပံ့တဲ့ အဓိကနိုင်ငံတွေဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် စင်ကာပူနိုင်ငံကနေ ဒေါ်လာ ၂၅၄ သန်းဖိုးရှိ စစ်လက်နက်ပစ္စည်းတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ပေးပို့ခဲ့ကြောင်း အစီရင်ခံစာကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး ထိုင်းနိုင်ငံကနေ…

Read More

ဗြိတိန်၀န်ကြီးချုပ်ဟောင်း လစ်ဇ်ထရပ်စ် ထိုင်၀မ်ရောက်ရှိနေ၊ ထိုင်၀မ်အရေး ဥရောပနိုင်ငံတွေ ပိုမိုပါ၀င်ဖို့ တိုက်တွန်း

တိုင်ပေ၊ မေ-၁၈-၂၀၂၃ မျိုးဆက်(VOM) ဗြိတိန်၀န်ကြီးချုပ်ဟောင်း လစ်ဇ်ထရပ်စ်ဟာ ထိုင်၀မ်ကို မေ ၁၇ ရက်က ရောက်ရှိနေပြီး ထိုင်၀မ်အရေးနဲ့ ပတ်သက်ပြီး ဥရောပနိုင်ငံတွေရဲ့ ပါ၀င်ပတ်သက်မှုမြှုင့်တင်ဖို့ အရေးကြီးကြောင်း အလေးပေးပြောဆိုလိုက်ပါတယ်။ လစ်ဇ်ထရပ်စ်ဟာ လွန်ခဲ့တဲ့၂၇ နှစ်တာကာလက ၀န်ကြီးချုပ်မာဂရက်သက်ချပြီးနောက် ထိုင်၀မ်ကို ပထမဆုံးလာရောက်တဲ့ ဗြိတိန်၀န်ကြီးချုပ်ဟောင်းဖြစ်ပြီး သူဟာ တရုတ်နိုင်ငံအပေါ် သဘောထားတင်းမာသူအဖြစ် လူသိများပါတယ်။ ထိုင်၀မ်ဟာ ကမ္ဘာ့လွတ်လပ်ရေးတိုက်ပွဲမှာ ရှေ့တန်းကရှိနေပြီး ထိုင်၀မ်ရဲ့အနာဂတ်ဟာ ထိုင်၀မ်ပြည်သူတွေအတွက်သာမက ကမ္ဘာ့အနာဂတ်အတွက်ပါ အရေးကြီးကြောင်း သူကပြောပါတယ်။ ထိုင်၀မ်အနေနဲ့ ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ကုန်သွယ်မှုသဘောတူညီချက်မှာ ပါ၀င်ဖို့ ၊ ကာကွယ်ရေးစွမ်းရည် တိုးတက်စေဖို့အတွက် ထိုင်၀မ်နဲ့အတူ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းစေရေး လုပ်ဆောင်ဖို့လိုအပ်ကြောင်း လစ်ဇ်ထရပ်စ်က ပြောပါတယ်။ ဗြိတိန်၀န်ကြီးချုပ်ဟောင်း လစ်ဇ်ထရပ်စ်ဟာ ထိုင်၀မ်မှာ မေ ၁၉ ရက်ထိ ရှိမည်ဖြစ်ပြီး ထိုင်၀မ်သမ္မတ ဆိုင်အင်း၀မ်နဲ့လည်း တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း သိရပါတယ်။…

Read More

အိမ်ဆောက်ပစ္စည်းဈေးနှုန်း အဆမတန်မြင့်တက်လာတာကြောင့် မုန်တိုင်းဒဏ်သင့်ခဲ့သူတွေ အခက်အခဲဖြစ်နေ

မေ၊၁၈-၂၀၂၃ MM(VOM) `မိုခါ´မုန်တိုင်း အဓိကဝင်ရောက် တိုက်ခတ်သွားတဲ့ရခိုင်ပြည်နယ် အပါအဝင်မြို့နယ် တိုင်းနဲ့ ပြည်နယ်တွေမှာ အိမ်ဆောက်ပစ္စည်းဈေးနှုန်းတွေ အဆမ တန်မြင့်တက်နေတာကြောင့် နေအိမ်တွေပြုပြင်ပြန်လည်တည်ဆောက်ဖို့ အခက်အခဲဖြစ်နေတယ်လို့ရခိုင်ပြည်နယ်က ဒေသခံတွေဆီကနေ သိရပါတယ်။ ”အရင်ထက် တော်တော်လေး ဈေးထိုးတက်သွားတာ၊သွပ်ဈေးဆိုရင် အရင်က တစ်ပေ ၂၄၀၀ လောက်ပဲရှိတာ၊ အခု ၅၀၀၀ ကျော်သွားပြီ၊ ဓနိချပ်ဆိုလည်း အရင်က အပြစ် ၁၀၀ ကို ၇၅၀၀ ၊ အခုကျတော့ ၁၅၀၀၀ အထိ တဟုန်ထိုးကို ထိုးတက်လာတာ၊ သွက်ရိုက်တဲ့ သံကလည်း တစ်ပိသာ အရင်က ၇၅၀၀ ပဲရှိတာ၊ အခုက ၁၃၅၀၀ တဲ့၊ ဒါတောင် လိုသလောက်ဝယ်မရဘူးဖြစ်နေတယ် ၊စီးပွားရေး သမားတွေကလည်း ဘယ်သူသေသေ ဘယ်သူဒုက္ခရောက်ရောက် ကိုယ့်အတွက်ပဲကိုယ်ကြည့်နေကြတယ်၊ ရခိုင်မှာဆို ဒုက္ခမရောက်တဲ့ အိမ်ထောင်စု ဆိုတာ မရှိသလောက်ဘဲ ၊ သက်ဆိုင်ရာလူကြီးတွေက…

Read More

စစ်ကိုင်းတိုင်းဘက်က တိုက်ပွဲရှောင်နေရာတွေမှာ မုန်တိုင်းလွန်ကာလအတွင်း မြွေကိုက်ခံရသူ ၅၀ ကျော်ရှိ

မေ ၊ ၁၈ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင် ၅ ခုက တိုက်ပွဲရှောင်နေရာတွေမှာ မုန်တိုင်းလွန်ကာလအတွင်း မြွေကိုက်ခံရတဲ့သူ ၅၀ ကျော်ရှိတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ပိုးထိ ( မြွေကိုက်)ခံရတဲ့ လူနာတွေက တိုက်ပွဲရှောင်နေရာတွေက ဖြစ်တယ်၊ ယင်းမာပင်ခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်နဲ့ ကောလင်းခရိုင်တွေက ဖြစ်တယ် ၊ ပိုးထိပြီး ဆေးကုသဖို့ အခက်ခဲရှိတာကြောင့် ဆေးမြီးတိုနဲ့ ကုနေရတယ်”လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင် ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီလို မြွေကိုက်ခံရသူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ရွှေဘိုခရိုင် ဒေသခံ ပရဟိတသမားတယောက်က ” အခုလ ၁၂ ရက်ကနေ ၁၇ ရက်အထိ ပိုးထိလူနာတွေကတော့ ဆားလင်းကြီးနယ်မှာ ၂ ဦး ၊ ယင်းမာပင်မြို့နယ်နဲ့ ကနီနယ်အစပ်မှာ…

Read More

နတ်စည်ငယ် ရွမ်းပါလို့

ဆူးငှက် ဇဋ္ဌစန်းမြိုင် ကြိုင်ထုံမွှေးသည် မြူလေးလေဝှေ့ ချပ်ရိုးငုံညှာတံ မေထုန်နယ်ခေတ် ခါဝဿန်မှာ စာမေးစာပြန် ဝါတော်လှမ်းမို့ ရွေသန်းရံခ သီဟာဘုံပြင် လူမှူးရာနန်းရှင် . . . နတ်နှုန်းတမွတ် ညာထွတ်တင်ငယ် သုဓမ္မာခွင် လှူပွဲခံရှင့်လေး။ ။ လေကငြိမ်သည်။ တစ်ခါတစ်ခါမှသာ သွဲ့သွဲ့လေးသွးသည်။ နဖူးဆံစလေး တစ်စ ကနွဲ့ကလျလေးသာ လှုပ်သည်။ လေကအငြိမ် နေကအပူမို့ ကြွက်ကြွက်သာဆူ ပူပါဘိ၏။ တွင်းရေတွေခမ်း၊ ကန်ရေတွေခြောက်ကုန်ကြပြီ။ သစ်ရွက်တို့ အစိမ်းဆုတ်၏။ ရှားစောင်း၊ဆူးခြုံ၊ ကိုင်းပင်၊ မိုးနှံတို့ ပြိုင်းပြိုင်းထလာကြသည်။ပေတစ်ရာလမ်းမှာ ကားတစ်စီးတလေ အပြေးအလွှားဖြတ်သွားလေတိုင်း ကတ္တရာစေးသံ တဗြန်းဗြန်းမြည်၏။ ကိစ္စမရှိ။ ဤအပူမျိုး ၄ရက်၊ ၅ရက်၊ တစ်ပတ်မျှ ကြိတ်မှိတ်၊ ခါးစည်းခံပြီးသော် မြစ်ပြင်တွင် လှိုင်းကြက်ခွပ်ကလေးတွေ ခေါင်းထောင်ထလာကြသည်။​ တောင်ဆီက မိုးမည်းမည်းတို့ ညို့တက်လာ၏။ မိုးရနံ့လေးတွေ ရှေ့ပြေးယူဆောင်လာသော လေကလေးက သုန်လာသည်။…

Read More
VOM News

FREE
VIEW