ဒေါ်လာ ၁ ဘီလီယံဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ မြန်မာစစ်တပ်၀ယ်ယူခဲ့၊ ရုရှားနဲ့တရုတ်က လက်နက်ထောက်ပံ့တဲ့ အဓိကနိုင်ငံတွေအဖြစ် ရပ်တည်နေ

ကုလသမဂ္ဂ၊ မေ-၁၈-၂၀၂၃
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်ဟာ လက်နက်ဒေါ်လာ ၁ ဘီလီယံ ၀ယ်ယူခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်နက်တွေကို ရုရှား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယနဲ့ ထိုင်းတို့ကနေ အဓိက၀ယ်ယူခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရုရှားဆီကနေ ဒေါ်လာသန်း ၄၀၀ ကျော်နဲ့ တရုတ်ဆီကနေ ဒေါ်လာသန်း ၂၆၀ ကျော်တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေကို ၀ယ်ယူခဲ့ပြီး ရုရှားနဲ့တရုတ်တို့က လက်နက်ထောက်ပံ့တဲ့ အဓိကနိုင်ငံတွေဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံကနေ ဒေါ်လာ ၂၅၄ သန်းဖိုးရှိ စစ်လက်နက်ပစ္စည်းတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ပေးပို့ခဲ့ကြောင်း အစီရင်ခံစာကဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး ထိုင်းနိုင်ငံကနေ ဒေါ်လာ ၂၈ သန်းဖိုးနဲ့ အိန္ဒိယကနေ ဒေါ်လာ ၅၁ သန်းဖိုးရှိ လက်နက်တွေ တင်သွင်း၀ယ်ယူခဲ့ပြီး ကုလသမဂ္ဂအဖွဲ့၀င်နိုင်ငံတွေအနေနဲ့လက်နက် ရောင်းမှုတွေကိုရပ်ဖို့ တွမ်အန်ဒရူးက တိုက်တွန်းထားပါတယ်။

Ref: TRT
Photo: Reuters
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

✕
VOM News

FREE
VIEW