မေ ၂၅ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ် ၊ သဖန်းဆိပ်ဆည်ကျေးရွာနားမှာ မနေ့ မေ ၂၄ ရက်မနက်ပိုင်းက ရွှေတူးဖော်ရေးလုပ်ကွက်တွေ အဖမ်းခံရပြီး ရွှေသတ္ထုတူးဖော်ရေး လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေ အများအပြား သိမ်းဆည်းခံရတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မနေ့ မနက်ပိုင်းက မြို့နယ်လုံခြုံရေးအဖွဲ့က ဆင်းဖမ်းတာဖြစ်တယ် ၊ လုပ်ငန်းရှင်တွေအဖို့ ဆုံးရှုံးနစ်နာမှု အများအပြားရှိတယ် “လို့ ကျွန်းလှမြို့ခံ ရွှေလုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” သဖန်းဆိပ်ကျေးရွားနားက ဖမ်းဆီးရမိတာ ရွှေမျှောဖောင် (အကြီး) ၃၃ စီး ၊ ၆ လုံးထိုး အင်ဂျင် ၃၃ လုံး ၊ မျောစင်…
Read MoreDay: May 25, 2023
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်မှာ နေအိမ်နဲ့ အဆောက်အဦ ၁၈၀ ကျော် ပျက်စီး
မေ၊ ၂၅-၂၀၂၃ MM(VOM) ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်မှာ ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်မှု ဒဏ်ကြောင့် လူနေအိမ်နဲ့ အဆောက်အဦ ၁၈၀ ကျော်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ မနေ့ မနက်အစောပိုင်းက မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာမှာ ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေ အိမ်(၂၁)လုံးပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းရဲ့အမိုးတွေလည်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “မနေ့ မနက်အစောကြီး မိုးရွာပြီး လေပြင်းတိုက်တာ၊ ရုတ်တရက်လန့်သွားတာပဲ၊ အကုန်လုံး နေအိမ် ၂၁ လုံးပျက်စီးသွားတယ် ၊ လူထိခိုက်တာမရှိပါဘူး၊ လူထိခိုက် တာမရှိပေမယ့် ပျက်စီးဆုံးရှုံးတာများတယ်၊ လေပြင်းက တမျိုး မုန်တိုင်းက တမျိုးနဲ့ တပူအပေါ် တပူဆင့်ကုန်ပြီ၊ အိမ်ပြန်ဆောက် စရာလည်းမရှိဘူး ၊ ဒီအတိုင်းပဲ ထိုင်ကြည့်နေရတာ။”လို့ ဒေသခံ လေဘေးသင့်သူတစ်ဦး ကပြောပါတယ်။ မနေ့ ညနေပိုင်းကလည်း ပဲခူးတိုင်း၊…
Read Moreကျိုက်ထိုမြို့နယ်မှာ နေအိမ်တစ်လုံး မိုးကြိုးပစ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံး
မေ ၂၅ – ၂၀၂၃ SN (VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ သရက်ကုန်းကျေးရွာမှာ ဒီနေ့ မေလ ၂၅ ရက်နေ့ မနက်ပိုင်းက နေအိမ်တစ်လုံး မိုးကြိုးပစ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ သေဆုံးသူဟာ ဒီနေ့မနက် ၇ နာရီခွဲဝန်းကျင် မိုးသည်းထန်စွာရွာသွန်းချိန်က ကျိုက်ထိုမြို့နယ်၊ အဘိုင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ ထိုင်တော်မူဘုရားအနီး ရော်ဘာခြံထဲ နေအိမ်အတွင်း ဇနီးဖြစ်သူနဲ့အတူရှိနေစဥ် မိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ “သေသွားတဲ့သူက ရော်ဘာခြံစောင့်လုပ်သားပါ။ သူ့အမျိုးသမီးကလည်း မိုးကြိုးစက်ကွင်းထိပြီး မီးလောင်ဒဏ်ရာလိုမျိုး ရခဲ့တယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” လို့ ကျိုက်ထိုမြို့မှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ လက်ရှိမှာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူကို ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မနေ့ မေ ၂၄ ရက်၊ မနက်…
Read Moreကမ္ဘောဒီးယားပြည်တွင်းရေး ၀င်မစွက်ဖို့ ၀န်ကြီးချုပ်ဟွန်ဆန်က ရွေးကောက်ပွဲတိုင်ခင် သတိပေး
ဖနွမ်းပင်၊ မေ-၂၅-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘောဒီးယားပြည်တွင်းရေးကို အနောက်နိုင်ငံတွေ၀င်ရောက်စွက်ဖက်ခြင်းမပြုဖို့ ဇူလိုင်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က သတိပေးပြောဆိုလိုက်ပါတယ်။ ကမ္ဘောဒီးယား အဓိကအတိုက်အခံပါတီကို ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရပြီးနောက် နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုများကြီးထွားလာချိန်မှာ အခုလိုသတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံဖြစ်တာကြောင့် လက်ရှိအချိန်ကစပြီး ရွေးကောက်ပွဲကျင်းပပြီးချိန်ထိ နှုတ်ဆိတ်နေကြဖို့ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က သတိပေးပြောဆိုပါတယ်။ ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်ဟာ အတိုက်အခံအလင်းတိုင်ပါတီရဲ့ ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားမှုကို လိုအပ်သောစာရွက်စာတမ်းတွေတင်ပြနိုင်ခြင်းမရှိဆိုကာ ပယ်ချခဲ့ပါတယ်။ အခုလိုလုပ်ဆောင်တာဟာ စိုးရိမ်စရာအရိပ်လက္ခဏာတရပ်ဖြစ်ပြီး ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနဲ့ ဒါဟာကမ္ဘောဒီးယားပြည်သူတွေရဲ့ ဒီမိုကရေစီစနစ်မှာပါ၀င်မှုကို အဟန့်အတားဖြစ်စေကြောင်း အီးယူနဲ့ အမေရိကန်တို့က ဝေဖန်ပြောဆိုထားပါတယ်။ Ref: NHK #VOM #voiceofmyanmar #ဖနွမ်းပင်
Read More(မိုခါ)မုန်တိုင်းဝင်ရောက်ခဲ့တဲ့ နေရာတွေမှာ တိရစ္ဆာန်အကောင်ရေ ငါးသိန်းကျော် သေဆုံးခဲ့
မေ၊ ၂၅-၂၀၂၃ MM(VOM) (မိုခါ)ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် အပါအဝင် တနိုင်ငံလုံးမှာ တရိစ္ဆာန်အကောင်ရေ ငါးသိန်းကျော်အထိ သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာကနေ သိရပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ စတင်ဖြစ်ပွားကာ မေလ ၁၄ ရက်က ရခိုင်ပြည်နယ်ကို ဖြတ်သန်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့ (မိုခါ)ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ တိရိစ္ဆာန် အကောင်ရေ ၅၃၁၉၁၃ ကောင် သေဆုံးခဲ့ရတယ်လို့ သက်ဆိုင်ရာက စာရင်းအချက်အလတ်တွေအရ သိရပါတယ်။ သေဆုံးခဲ့တဲ့ တရိစ္ဆာန်တွေထဲမှာ တောင်သူ လယ်သမားတွေ အဓိကအသုံးပြု လုပ်ကိုင်နေရတဲ့ ခိုင်းနွားတွေနဲ့ ခိုင်းကျွဲတွေ ပါဝင်တာကြောင့် လယ်သမားတွေအခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ”ကြက် အကောင် ၁၀၀ သေတာ ဆုံးရှုံးတာ မှန်ပေမယ့် မခံစားရဘူး ၊ ကျွဲ ၅ ကောင် သေသွား ဘဝပျက်တာပဲ၊ ကျွဲ ၁…
Read MoreVOM ရဲ့ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ
-တကြိမ်အားသွင်းရင် မိုင်(၆၀၀) ကျော်ခရီးရောက်တဲ့ လျှပ်စစ်ကားဘက်ထရီတွေ ထုတ်လုပ်တော့မယ် – သစ်သားဂြိုဟ်တု အာကာသထဲလွှတ်တင်ဖို့ ဂျပန်သုတေသီတွေ ကြိုးပမ်း – ChatGPT နဲ့အပြိုင် ကိုယ်ပိုင်ဥာဏ်ရည်တုနည်းပညာဖန်တီးမယ့် Huawei – Google ရဲ့ ပထမဆုံးကွေးညွှတ်စမတ်ဖုန်းကို ကြေညာ မျိုးဆက်(VOM) (၁) တကြိမ်အားသွင်းရင် မိုင်(၆၀၀) ကျော်ခရီးရောက်တဲ့ လျှပ်စစ်ကားဘက်ထရီတွေ ထုတ်လုပ်ဖို့စီစဉ် မောင်းနှင်နိုင်တဲ့ အကွာအဝေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေဟာ ကမ္ဘာ့တ၀န်းလျှပ်စစ်ကားတွေ ပြောင်းလဲသုံးစွဲရေး အကူးအပြောင်းမှာ ကြီးမားတဲ့အဟန့်အတားဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်အတွက် အလားအလာရှိတဲ့ဖြေရှင်းချက်အနေနဲ့ တကြိမ်အားသွင်းရင် မိုင်ပေါင်း ၆၂၁ မိုင်( ၁၀၀၀ ကီလိုမီတာ) ထိခရီးရောက်နိုင်မယ့် လျှပ်စစ်ကားဘက်ထရီအမျိုအစားသစ်ကို တရုတ်အခြေစိုက် Gotion High Tech ကုမ္ပဏီက တီထွင်ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ကုမ္ပဏီဟာ L600 lithium-manganese-iron-phosphate (LMFP) Astroinno အမျိုးအစားသစ်ကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ကြေညာခဲ့ပြီး…
Read Moreမိုခါမုန်တိုင်းကြောင့် မကွေးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၅ ခုက စိုက်ခင်း ၆၀၀၀၀ ကျော်ပျက်စီးခဲ့လို့ တောင်သူတွေ ဒုက္ခရောက်နေ
မေ ၂၅ – ၂၀၂၃ GG (VOM) မိုခါမုန်တိုင်းကြောင့် မကွေးတိုင်း၊ရခိုင်ပြည်နယ် အပါအဝင် တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ စိုက်ခင်းသီးနှံ ဧကပေါင်း ၆၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့လို့ တောင်သူတွေဆုံးရှုံးမှုများပြီး ဒုက္ခရောက်နေကြတယ်လို့သိရပါတယ်။ စိုက်ခင်းသီးနှံ ဧကတွေ ပျက်စီးခဲ့တာက ရခိုင်ပြည်နယ်၊မကွေးတိုင်း၊ ဧရာဝတီတိုင်း ၊စစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်းတွေမှာဖြစ်ပါတယ်။ အဆိုပါ စိုက်ခင်းပျက်စီးမှုတွေထဲမှာ မကွေးတိုင်းထဲက ပျက်စီးဆုံးရှုံမှုးအများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ် ကဒုတိယပျက်စီးမှုအများဆုံးဖြစ်တယ်လို့သိရပါတယ်။ ” ရစရာကိုမရှိပါဘူး။မုန်တိုင်းထွက်တော့လည်း နုန်းတွေကျန်ခဲ့တယ်၊ဆင်ဖြူကျွန်း စိမ်းစိမ်းစိုစိုစျုက်ခင်းတွေကနေ နွံတွေဖုံးပြီး မြေပြင်ကြီးကျန်ခဲ့တယ်။နှမ်းခင်းတွေ ပဲခင်းတွေ အကုန်ပျက်ပါတယ်ဗျာ။ခရမ်းခင်း၊ရုံပတီခင်း ပြောင်သွားတယ်။ဆောင်းတုန်းက ရတာလေး နွေပဲခင်း နှမ်းခင်း အကုန်ပြန်ထည့်ထားရတာ အကုန်ပျက်စီးတော့ ဆုံးရှုံးမှုကအရမ်းကြီးတယ်။ပဲတွေ ကောက်ရခါနီးမှဖြစ်သွားတာ ရစရာကိုမရှိတော့ဘူး အကုန် ကုန်ပါပြီ ” လို့ ရေနစ်မြုပ်ခံခဲ့ရတဲ့ ဆင်ဖြူကျွန်းမြို့နယ်က တောင်သူတစ်ဦးကပြောပါတယ်။ မကွေးတိုင်းမှာ မိုခါမုန်တိုင်းအရှိန်ကြောင့် ရေနစ်မြုပ်ခဲ့လို့ နွေစပါးစိုက်ခင်း…
Read Moreကမ္ဘာ့အကြီးဆုံး အမေရိကန်လေယာဉ်တင်သင်္ဘော စစ်ရေးလေ့ကျင့်ဖို့ နော်ဝေရောက်ရှိနေ
အော်စလို၊ မေ-၂၅-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့နဲ့ရုရှားတို့အကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ ကမ္ဘာ့အကြီးဆုံး အမေရိကန်ရဲ့လေယာဉ်တင်သင်္ဘော USS Gerald R. Ford ဟာ နေတိုးအဖွဲ့၀င် နော်ဝေနိုင်ငံမှာ စစ်ရေးလေ့ကျင့်ဖို့ ရောက်ရှိနေပါတယ်။ လေယာဉ်တင်သင်္ဘောနဲ့ အမှုထမ်းတွေဟာ လာမယ့်ရက်အနည်းငယ်အတွင်း နော်ဝေကမ်းရိုးတန်းတလျှောက်မှာ နော်ဝေတပ်ဖွဲ့၀င်တွေနဲ့အတူ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ နော်ဝေနဲ့ အမေရိကန်တို့အကြား နီးကပ်တဲ့ဆက်ဆံရေးအပေါ် အရေးပါတဲ့ပူးပေါင်းမှုဖြစ်ပြီး စုပေါင်းကာကွယ်ရေးနဲ့ ယုံကြည်မှုအတွက် အရေးပါတဲ့ ပြယုဒ်ဖြစ်တယ်လို့ နော်ဝေစစ်တပ်ကပြောပါတယ်။ အမေရိကန်လေယာဉ်တင်သင်္ဘောဟာ နော်ဝေမှာစစ်ရေးလေ့ကျင့်ပြီးနောက် အာတိတ်စက်ဝိုင်းရဲ့ မြောက်ဘက်ကို ခရီးဆက်မှာဖြစ်ပြီး ဒီခရီးစဉ်အပေါ် ရုရှားဘက်က ပြစ်တင်ရှုတ်ချထားပါတယ်။ နေတိုးအဖွဲ့၀င် နော်ဝေဟာ အာတိတ်ဒေသမှာ ရုရှားနဲ့နယ်နိမိတ်ချင်း ထိစပ်နေပြီး ရုရှားရဲ့ဓါတ်ငွေ့တင်ပို့မှု ကျဆင်းပြီးနောက် ဥရောပအတွက် အကြီးမားဆုံး ဓါတ်ငွေ့တင်ပို့သူဖြစ်လာပါတယ်။ Ref: Reuters Photo: Reuters #VOM #voiceofmyanmar #အော်စလို
Read Moreငါးဇွန်မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက် ပစ်သတ်ခံရ
မေ ၂၅ – ၂၀၂၃ GG (VOM) မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အသတ်ခံရသူတွေက ငါန်းဇွန်းမြို့နယ်ထဲက သံကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန့်ဇော်လင်း နဲ့ဇလုပ္မကျေးရွာက အုပ်ချုပ်ရေး ရွာခွဲတာဝန်ခံ ဦးတင်လင်း၊ သူနတ်စစ်ကျေးရွာအုပ်စု၊ နဘဲပျင်ရွာက အုပ်ချုပ်ရေးရွာခွဲတာဝန်ခံ ဦးလွင်စန်း ဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။ ” အကုန်လုံးက နေရာမှာပွဲချင်းပြီး သေသွားကြတာပါ။ ဦးလွင်စန်းက သူ့ပြောင်းခင်းထဲ ရေတင်နေချိန် သေနတ်လာပစ်သွားတာ။ ကျန်တဲ့အုပ်ချုပ်ရေးမှူးနဲ့တစ်ယောက်ကတော့ သူတို့ဇလုပ္မကျေးရွာနားက ကွမ်းယာဆိုင်မှာရှိနေတဲ့အချိန် ဆိုင်ကယ်သုံးစီးနဲ့ရောက်လာပြီး သေနတ်နဲ့လာပစ်သွားတာ “လို့ ငါးဇွန်မြို့နယ် အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ ဦးသန့်ဇော်လင်းနဲ့ ဦးတင်လင်းတို့က မနေ့ မေလ ၂၄ ရက်နေ့ မနက် ၇နာရီလောက်မှာ သတ်ခံခဲ့ရတာဖြစ်ပြီး နောက်ထပ် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကတော့ မေလ ၂၃ ရက် ည ၈ နာရီလောက်မှာ သူရဲ့နေအိမ်မှာပဲ…
Read Moreတိုက်ကြီးမြို့က အလှမွေးငါးတွေသေဆုံးမှု ရောဂါ/အဆိပ်ကြောင့်မဟုတ်ဘဲ ရေထုညစ်ညမ်းခြင်းကြောင့်ဖြစ်တယ်လို့ သိရ
မေ ၂၅ – ၂၀၂၃ SN (VOM) တိုက်ကြီးမြို့က အလှမွေးငါးအများအပြား သေဆုံးခဲ့တဲ့ ရေကန်က ငါးနမူနာကို မြို့နယ်အစီအစဉ်နဲ့ ငါးလုပ်ငန်းဦးစီးဌာန၊ ရောဂါရှာဖွေရေးဌာနစုကို ပေးပို့ စစ်ဆေးခဲ့ရာမှာ ရောဂါ/အဆိပ်ကြောင့် မဟုတ်ဘဲ ရေထုညစ်ညမ်းခြင်းကြောင့် ငါးတွေသေဆုံးခဲ့တာဖြစ်ကြောင်း အဖြေရရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၂၂ ရက်နေ့က ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်းရှိ နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်မှာ အဆိပ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တယ်ဆိုတဲ့ ငါးတွေရဲ့ ငါးနမူနာနဲ့ ရေနမူနာ အရည်အသွေးကို သက်ဆိုင်ရာဌာနတွေဆီ ပေးပို့ပြီး စစ်ဆေးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရေနမူနာ အရည်အသွေးကိုတော့ ရေအရည်အသွေးစစ်ဆေးရေးနှင့် ရေချိုသုတေသနဌာနစုကို ပေးပို့ စစ်ဆေးခဲ့တာဖြစ်ပြီး ရေထဲမှာ အောက်ဆီဂျင်ပျော်ဝင်မှုနှုန်း ကျဆင်းပေမယ့် ငါးတွေ သေဆုံးနိုင်တဲ့အထိ အခြေအနေမျိုး မဟုတ်ဘူးလို့ သိရပေမယ့် ငါးနမူနာကို စစ်ဆေးရာမှာတော့ ရေထုညစ်ညမ်းခြင်းကြောင့် ငါးတွေသေဆုံးခဲ့တာဖြစ်တယ်လို့ အဖြေရရှိခဲ့ပါတယ်။ “အဓိက က ရေထုကြမ်းပြင်က အပင်နဲ့…
Read More