ကျိုက်ထိုမြို့နယ်မှာ နေအိမ်တစ်လုံး မိုးကြိုးပစ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံး

မေ ၂၅ – ၂၀၂၃

SN (VOM)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ သရက်ကုန်းကျေးရွာမှာ ဒီနေ့ မေလ ၂၅ ရက်နေ့ မနက်ပိုင်းက နေအိမ်တစ်လုံး မိုးကြိုးပစ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

သေဆုံးသူဟာ ဒီနေ့မနက် ၇ နာရီခွဲဝန်းကျင် မိုးသည်းထန်စွာရွာသွန်းချိန်က ကျိုက်ထိုမြို့နယ်၊ အဘိုင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ ထိုင်တော်မူဘုရားအနီး ရော်ဘာခြံထဲ နေအိမ်အတွင်း ဇနီးဖြစ်သူနဲ့အတူရှိနေစဥ် မိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

“သေသွားတဲ့သူက ရော်ဘာခြံစောင့်လုပ်သားပါ။ သူ့အမျိုးသမီးကလည်း မိုးကြိုးစက်ကွင်းထိပြီး မီးလောင်ဒဏ်ရာလိုမျိုး ရခဲ့တယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” လို့ ကျိုက်ထိုမြို့မှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူကို ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ မေ ၂၄ ရက်၊ မနက် ၁၀ နာရီဝန်းကျင်ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းနဲ့ ဖားပြင်ကျေးရွာတို့မှာ ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတစ်ဦးနဲ့ လုံခြုံရေးအစောင့်တစ်ဦးတို့ မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#VOM #voiceofmyanmar #ကျိုက်ထို #မိုးကြိုးပစ်လူသေဆုံးမှု

Related posts

✕
VOM News

FREE
VIEW