ဘန်ကောက်၊ မေ-၂၆-၂၀၂၃ မျိုးဆက်(VOM) လေ့ကျင့်ရေးနဲ့ နည်းပညာဆိုင်ရာ လိုအပ်ချက်တွေကြောင့် အက်ဖ်-၃၅ ကိုယ်ပျောက်တိုက်လေယာဉ်တွေ ၀ယ်ယူရေး ထိုင်းနိုင်ငံရဲ့ ကမ်းလှမ်းမှုကို အမေရိကန်က ပယ်ချခဲ့ကြောင်း ထိုင်းလေတပ်က မေ ၂၅ ရက်မှာ ပြောပါတယ်။ နေတိုးမဟုတ်တဲ့ မဟာမိတ်အဖြစ် ၂၀၀၃ ခုနှစ်မှာ အမေရိကန်ကသတ်မှတ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံဟာ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ အမေရိကန်လုပ် အက်ဖ်-၅ နဲ့ အက်ဖ် ၁၆ တိုက်လေယာဉ်တွေနေရာမှာ အစားထိုးရေး တိုက်လေယာဉ်သစ်တွေ၀ယ်ယူဖို့ ဒေါ်လာ ၄၀၇ ဒသမ ၆၈ သန်းကိုယမန်နှစ် ဘက်ဂျက်ထဲကနေ ဖယ်ထားခဲ့တာဖြစ်ပါတယ်။ ဒီရန်ပုံငွေတွေနဲ့ အမေရိကန် လော့ဟိမာတင်ကုမ္ပဏီထုတ် အက်ဖ်-၃၅ အေ ကိုယ်ပျောက်တိုက်လေယာဉ်တွေ ၀ယ်ယူဖို့ ထိုင်းလေတပ်က မျှော်မှန်းထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပဉ္စမမျိုးဆက်တိုက်လေယာဉ်တွေရောင်းချမှုဟာ အချိန်ကန့်သတ်ချက်တွေ၊ နည်းပညာဆိုင်ရာလိုအပ်ချက်တွေနဲ့ ပြုပြင်ထိန်းသိမ်းမှုနဲ့ လိုက်လျောညီထွေဖြစ်ဖို့စတဲ့ အခြေအနေတွေကြောင့် ရောင်းချနိုင်ခြင်းမရှိဘူးလို့ အမေရိကန်လေတပ်ပြောရေးဆိုခွင့်ရှိသူ မာရှယ်ပရာပက်ဆွန်ချက်ဒီက ပြောပါတယ်။…
Read MoreDay: May 26, 2023
ဦးနှောက်ထဲကို မိုက်ခရိုချစ်ပ်ထည့်သွင်းမှု လူသားတွေနဲ့ စမ်းသပ်တော့မယ်
၀ါရှင်တန်၊ မေ-၂၆-၂၀၂၃ မျိုးဆက်(VOM) ဘီလျှံနာ အီလွန်မာ့ခ်ရဲ့ နျူရယ်လင့်ခ်ချစ်ပ်ကုမ္ပဏီဟာ လူ့ဦးနှောက်အတွင်းသို့ မိုက်ခရိုချစ်ပ်ထည့်သွင်းခြင်းကို ပထမဆုံးအကြိမ် စမ်းသပ်မှုပြုလုပ်ဖို့ အမေရိကန်အက်ဖ်ဒီအေထံမှ ခွင့်ပြုချက်ရရှိထားကြောင်း မေ ၂၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ နျူရယ်လင့်ခ်ကုမ္ပဏီဟာ ဦးနှောက်အတွင်း ချစ်ပ်ထည့်သွင်းပြီး ကွန်ပြူတာစနစ်နဲ့ ချိတ်ဆက်ခြင်းဖြင့် အမြင်အာရုံနဲ့ ရွေ့လျားနိုင်မှု ပြသနာရှိသူတွေအတွက် ပြန်လည်ကောင်းမွန်စေဖို့ စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။ စမ်းသပ်မှုမှာ ပါ၀င်မယ့်သူတွေကို ချက်ချင်းစတင်ခေါ်ယူဖို့ အစီအစဉ်မရှိသေးကြောင်း ကုမ္ပဏီက ပြောပါတယ်။ လူသားတွေနဲ့ စမ်းသပ်ဖို့ခွင့်ပြုလိုက်ခြင်းနဲ့ပတ်သက်ပြီး အက်ဖ်ဒီအေက မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။ လူသားတွေရဲ့ ဦးနှောက်အတွင်းသို့ ချစ်ပ်ထည့်သွင်းစမ်းသပ်မှုကို အက်ဖ်ဒီအေရဲ့ ခွင့်ပြုချက်ရရှိရေး ယခင်ကြိုးပမ်းမှုတွေကတော့ ဘေးကင်းမှုဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ပယ်ချခံခဲ့ရပါတယ်။ နျူရယ်လင့်ခ်ကုမ္ပဏီဟာ လေဖြတ်ခြင်းနဲ့မျက်စိကွယ်ခြင်းကဲ့သို့သော အခြေအနေတွေကိုကုသဖို့ သူ့ရဲ့မိုက်ခရိုချစ်ပ်တွေကိုအသုံးပြုဖို့ မျှော်လင့်ထားပြီး အချို့သောမသန်စွမ်းတွေအတွက် ကွန်ပြုတာနဲ့ စမတ်ဖုန်းတွေကို အသုံးပြုနိုင်ဖို့ ရည်မှန်းထားပါတယ်။ Ref: BBC #VOM #voiceofmyanmar…
Read Moreဂျပန်မှာ ဓါးနဲ့ထိုး သေနတ်နဲ့ပစ်ခတ်မှုကြောင့် လူလေးဦးသေဆုံး
တိုကျို၊ မေ-၂၆-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ မေ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ ဓါး၊ သေနတ်တို့နဲ့တိုက်ခိုက်မှုကြောင့် လူလေးဦးသေဆုံးသွားပြီး အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ နာဂါနိုစီရင်စုမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ ကျူးလွန်သူဟာ အမျိုးသမီးတဦးကို ဓါးနဲ့ထိုးပြီးနောက် ရဲတပ်ဖွဲ့၀င်နှစ်ဦးကို အမဲလိုက်ရိုင်ဖယ်နဲ့ ပစ်ခတ်ခဲ့ပြီး စတုတ္ထမြောက် သေဆုံးသူကို နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ အမျိုးသမီးကို အရှည်တပေခန့်ရှိဓါးနဲ့ထိုးခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောဆိုထားပြီး တိုက်ခိုက်မှုကျူးလွန်ရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပါဘူး။ ကျူးလွန်သူလို့ သံသယရှိသူဟာ ဒေသခံနိုင်ငံရေးသမားတဦးရဲ့ အသက် ၃၁ နှစ်အရွယ် သားဖြစ်သူ မာဆာနိုရီအိုကီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်း ရဲတပ်ဖွဲ့၀င်တွေကို ပစ်ခတ်ခဲ့တဲ့ နောက်ဆုံးဖြစ်ရပ်လည်းဖြစ်ပါတယ်။ သေနတ်နဲ့တိုက်ခိုက်မှု လွန်စွာဖြစ်ခဲတဲ့ ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှု…
Read Moreကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် ဗန်းမော်ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူ
မေ ၂၆ – ၂၀၂၃ SN (VOM) ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီးဟာ မနေ့ မေ ၂၅ ရက်၊ ည ၁၁ နာရီ ၁၁ မိနစ်အချိန်က မန္တလေးမြို့မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီလို့ ဆရာတော်ဘုရားကြီးရဲ့ တပည့် ဆရာတော်တွေဆီက သိရပါတယ်။ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး၊ ပျံလွန်တော်မူချိန်မှာ သက်တော် ၉၄ နှစ်၊ ဝါတော် ၇၄ ဝါ ရှိပြီလို့ သိရပါတယ်။ “သာသနာတော်အတွက် အလွန်ဝမ်းနည်းစရာကောင်းပါတယ်။ အခုထိရော နောက်နောင်ပါ သာသနာမှာ ဘယ်တော့မှ မရှိတော့တဲ့ နောက်ဆုံးတစ်ပါးတည်းသော သာသနာ့ဦးဆောက်ပန်း ဝဋံသကာတစ်ပါးပါ”လို့ ဆရာတော်ဘုရားကြီးရဲ့ တပည့် ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။ ဆရာတော်ကြီးဟာ အသည်းရောဂါနဲ့ အစာပြွန်ရောဂါတို့ကို ခံစားခဲ့ရတာကြောင့်…
Read Moreမကွေးတိုင်း မြောက်ပိုင်းမှာ ကျောင်းအပ်နှံရေး လုပ်ငန်းစဥ်တွေ အဆင်မပြေ ဖြစ်နေ
မေ ၊ ၂၅ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း မြောက်ပိုင်းမှာရှိတဲ့ ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ဘက်က မြို့နယ်တွေမှာ ကျောင်းအပ်နှံရေး လုပ်ငန်းစဥ်တွေနဲ့ ပတ်သက်ပြီး အဆင်မပြေ ဖြစ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ကျောင်းအပ်နှံရေး လုပ်ငန်းစဥ်တွေ စတင်တာဆိုရင် ဒီကနေ့ဆို ၃ ရက်ရှိပြီ ၊ အခုထိ ကျောင်းအပ်လက်ခံမယ့် ပညာရေးဝန်ထမ်းတွေ ရွာကို ရောက်မလာသေးဘူး ၊ အဲ့ဒါနဲ့မြို့မှာနေတဲ့ ရွာကျောင်းတာဝန်ကျ ၊ ကျောင်းအုပ်ကြီးဆီကို အကြိမ်ကြိမ် ဖုန်းဆက်ကြည့်တယ် ၊ ဖုန်းမကိုင်းဘူး ၊ ပြီးခဲ့တဲ့နှစ်ကလည်း ဒီလိုနဲ့ တစ်နှစ်ကုန်သွားရတယ် ၊ကျောင်းမဖွင့်ဖြစ်လို့ ၊ ကလေးတွေ ကျောင်းမထားလိုက်ရဘူး ” လို့ မြိုင်မြို့နယ် ၊ မကျည်းကန်စံပြကျေးရွာမှာနေတဲ့ဒေသခံ ကျောင်းသား မိဘ တယောက်က ပြောပါတယ်။ မြိုင်မြို့နယ်မှာ…
Read More