ဦးနှောက်ထဲကို မိုက်ခရိုချစ်ပ်ထည့်သွင်းမှု လူသားတွေနဲ့ စမ်းသပ်တော့မယ်

၀ါရှင်တန်၊ မေ-၂၆-၂၀၂၃
မျိုးဆက်(VOM)

ဘီလျှံနာ အီလွန်မာ့ခ်ရဲ့ နျူရယ်လင့်ခ်ချစ်ပ်ကုမ္ပဏီဟာ လူ့ဦးနှောက်အတွင်းသို့ မိုက်ခရိုချစ်ပ်ထည့်သွင်းခြင်းကို ပထမဆုံးအကြိမ် စမ်းသပ်မှုပြုလုပ်ဖို့ အမေရိကန်အက်ဖ်ဒီအေထံမှ ခွင့်ပြုချက်ရရှိထားကြောင်း မေ ၂၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နျူရယ်လင့်ခ်ကုမ္ပဏီဟာ ဦးနှောက်အတွင်း ချစ်ပ်ထည့်သွင်းပြီး ကွန်ပြူတာစနစ်နဲ့ ချိတ်ဆက်ခြင်းဖြင့် အမြင်အာရုံနဲ့ ရွေ့လျားနိုင်မှု ပြသနာရှိသူတွေအတွက် ပြန်လည်ကောင်းမွန်စေဖို့ စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။

စမ်းသပ်မှုမှာ ပါ၀င်မယ့်သူတွေကို ချက်ချင်းစတင်ခေါ်ယူဖို့ အစီအစဉ်မရှိသေးကြောင်း ကုမ္ပဏီက ပြောပါတယ်။ လူသားတွေနဲ့ စမ်းသပ်ဖို့ခွင့်ပြုလိုက်ခြင်းနဲ့ပတ်သက်ပြီး အက်ဖ်ဒီအေက မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။

လူသားတွေရဲ့ ဦးနှောက်အတွင်းသို့ ချစ်ပ်ထည့်သွင်းစမ်းသပ်မှုကို အက်ဖ်ဒီအေရဲ့ ခွင့်ပြုချက်ရရှိရေး ယခင်ကြိုးပမ်းမှုတွေကတော့ ဘေးကင်းမှုဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ပယ်ချခံခဲ့ရပါတယ်။

နျူရယ်လင့်ခ်ကုမ္ပဏီဟာ လေဖြတ်ခြင်းနဲ့မျက်စိကွယ်ခြင်းကဲ့သို့သော အခြေအနေတွေကိုကုသဖို့ သူ့ရဲ့မိုက်ခရိုချစ်ပ်တွေကိုအသုံးပြုဖို့ မျှော်လင့်ထားပြီး အချို့သောမသန်စွမ်းတွေအတွက် ကွန်ပြုတာနဲ့ စမတ်ဖုန်းတွေကို အသုံးပြုနိုင်ဖို့ ရည်မှန်းထားပါတယ်။

Ref: BBC
#VOM #voiceofmyanmar #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW