ရုရှားရဲ့ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေ ဘီလာရုစ်မှာဖြန့်ကြက်ဖို့ စတင်ပို့ဆောင်နေ

မင့်စ်၊ မေ-၂၇-၂၀၂၃
မျိုးဆက်(VOM)

ရုရှားရဲ့ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို ဘီလာရုစ်မှာဖြန့်ကြက်ဖို့ ပို့ဆောင်နေပြီဖြစ်ကြောင်း ဘီလာရုစ်သမ္မတ လူကာရှန်ကိုက မေ ၂၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အခုလိုဖြန့်ကြက်မှုနဲ့ပတ်သက်ပြီး ယခုသီတင်းပတ်အစောပိုင်းမှာ နှစ်နိုင်ငံသဘောတညီချက် လက်မှတ်ရေးထိုးပြီးနောက် လက်နက်တွေပို့ဆောင်မှု စတင်နေခြင်းဖြစ်ပါတယ်။

မိမိတို့အနေနဲ့ ဒီကိစ္စအပေါ်အဆင့်သင်ြ့့ဖစ်စေဖို့ ပြင်ဆင်ထားပြီး သိုလှောင်ဖြန့်ကြက်မှုဧရိယာတွေ ပြင်ဆင်ထားပြီးနောက် နျူကလီးယားလက်နက်များလွှဲပြောင်းမှု စတင်နေပြီဖြစ်ကြောင်း ဘီလာရုစ်သမ္မတ လူကာရှန်ကိုကပြောပါတယ်။

ဘီလာရုစ်မှာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ ဖြန့်ကြက်မယ့် အစီအစဉ်ကို ရုရှားသမ္မတပူတင်က မတ်လအတွင်းက ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီလိုဖြန့်ကြက်မယ့် အစီအစဉ်ကို အမေရိကန်က ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ဒါဟာ ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့တွေ တိုးမြှင့်လုပ်ဆောင်နေတဲ့ အနောက်နိုင်ငံတွေကို သတိပေးချက်အဖြစ် အကဲခတ်တွေက သုံးသပ်ပြောဆိုထားပါတယ်။

Ref: Ref:
#VOM #voiceofmyanmar #မင့်စ်

Related posts

Leave a Comment

VOM News

FREE
VIEW