မေ၊၉-၂၀၂၃ MM(VOM) ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်လာမယ့်မုန်တိုင်းငယ်ဟာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ရခိုင်ပြည်နယ်ကို ဝင်ရောက်မှာဖြစ်ပြီး မုန်တိုင်းရဲ့ညာဘက်ခြမ်းဟာ ဧရာဝတီတိုင်းရှိ ကမ်းရိုးတန်းဒေသတွေကို မုန်တိုင်းအန္တရာယ် သက်ရောက်နိုင်လို့ သတိထားရမယ်လို့ မိုးလေသဝပညာရှင်တွေကသတိပေးထားပါတယ်။ မေ ၉ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး အဲဒီ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ကာ မေ ၁၀ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားကောင်းရောက်ရှိနိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီ ဆိုင်ကလုန်းမုန်တိုင်းဟာ ကနဦးမှာ မြောက်- အနောက်မြောက်ဘက်ကို ရွေ့လျားပြီး မေလ ၁၂ရက် မှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းကို ရောက်ရှိကာ အဲ့ဒီကတဆင့် မြောက်-အရှေ့မြောက်ဘက်ကိုကွေ့ ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းကိုရွေ့လျားနိုင် တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ”သေချာတာက အရှေ့မြောက်ကိုရွေ့ပြီး ရခိုင်ကမ်းရိုးတန်း တစ်နေရာကိုတော့ ဝင်နိုင်မယ့်အခြေအနေက…
Read MoreMonth: May 2023
မြန်မာရွှေ့ပြောင်းလုပ်သား၊ ဒုက္ခသည်အရေးနဲ့ တိကျတဲ့မူဝါဒလိုအပ်နေတဲ့ ထိုင်းအစိုးရ
မျိုးဆက်(VOM) “ဒုက္ခသည်တွေကို ထိုင်းစီးပွားရေးလုပ်ငန်းတွေမှာ ရွှေ့ပြောင်းလုပ်သားတွေအဖြစ် ပေါင်းစည်းပြောင်းလဲပေးဖို့ ကြိုးပမ်းမှုက ရှုပ်ထွေးမှုတွေရှိလာနိုင်ပေမယ့် အငြင်သာဆုံးနည်းလမ်းတရပ်ဖြစ်ပါတယ်။” ကမ္ဘာ့စီးပွားရေး ဂေဟဗေဒပြောင်းလဲလာမှုနဲ့အတူ အရှေ့တောင်အာရှဒေသတွင်းမှာ ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်ဟာ များမကြာခင်နှစ်တွေအတွင်း တဟုန်တိုးမြင့်တက်လာပါတယ်။ အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတက်မှု လမ်းကြောင်းပေါ်ကို တွင်လျားလျားရောက်ရှိနေပြီဖြစ်တဲ့ ထိုင်းနိုင်ငံအတွက် လုပ်သားလိုအပ်ချက်က အခြားဒေသတွင်းနိုင်ငံတွေထက် ပိုမိုမြင့်မားနေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအပါအ၀င် ကမ္ဘောဒီးယား၊ လာအိုတို့က ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ အရေးပါတဲ့ အခန်းကနေ ဏ္ဍတစိတ်တပိုင်းအဖြစ် ပါ၀င်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ပတ်သက်ပြီး တိကျခိုင်မာတဲ့မူဝါဒမျိုး ချမှတ်မထားခြင်းက တရားမ၀င်နိုင်ငံဖြတ်ကျော်၀င်ရောက်မှုကြောင့် ဖမ်းဆီးခံရခြင်းနဲ့ လူကုန်ကူးမှုတွေမြင့်တက်လာနေသလို ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်ငန်းခွင်ဆိုင်ရာ အန္တရယ်ကင်းရှင်းရေး၊ အခွင့်အရေးဆိုင်ရာတို့မှာလည်း လျစ်လျူရှုသလိုဖြစ်ပြီး ယုတ်လျော့ကျဆင်းနေပါတယ်။ အချက်အလက်တွေအရ ထိုင်းနိုင်ငံရဲ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့…
Read Moreမြစ်ကြီးနားမှာ ရေတွင်းထဲ နစ်နေတဲ့သားကို ကယ်ရင်း အဖေရောသားပါ သေဆုံး
မေ ၉ – ၂၀၂၃ GG(VOM) ကချင်ပြည်နယ် ၊မြစ်ကြီးနား ၊ နောင်နန်းလမြန် ရွာမှာ ရေတွင်းထဲ နစ်နေတဲ့သားကို ဝင့ကယ်ရင် သားအဖနှစ်ယောက်လုံးသေဆုံးမှု ဒီနေ့ မေလ ၉ ရက်နေ့ နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က နေအိမ်အတွင်းရှိ ရေတွင်းဟောင်းကို ပြန်လည်တူးဖော်နေချိန် ရေတွင်းထဲမှာ ရှိတဲ့သား ဖြစ်သူအပေါ် ရေစုပ်စက်ပြုတ်ကျခဲ့လို့ အဖေဖြစ်သူက ဆင်းပြီး ကယ်ဆယ်ရာမှ ၂ ယောက်စလုံး ရေတွင်းထဲ ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ဖြစ်တာတော့ နေ့ခင်း ၁၂ လောက်ကဖြစ်မယ်၊ကျနော်တို့ဆီသတင်းရတော့ ၁၂ ခွဲလောက်ရှိနေပြီ၊ ပြောပြတာကတော့ သူတို့အိမ်ကရေတွင်းကို ပြန်လုပ်တာ ၊ သားကရေတွင်းထဲမှာ လုပ်နေတယ်၊အဖေဖြစ်သူက အပေါ်ကနေ စက်နဲ့ရေစုပ်ထုတ်နေတာ၊အဲ့ဒီမှာ ရေစက်ကအထဲကသားအပေါ်ကိုပြုတ်ကျတော့ အဖေကဆင်းကယ်ရင်းသေတာ။ကျနော်တို့ရောက်တော့ အလောင်းက ရေနစ်တာအတော်ကြာနေပြီ။အကူအညီနဲ့ အပေါ်ကို ဆွဲထုတ်ခဲ့ရတယ်။” လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့တဲ့ မြစ်…
Read Moreကနေဒါနဲ့ တရုတ်တို့က နှစ်နိုင်ငံသံတမန်တွေကို အပြန်အလှန်နှင်ထုတ်
တိုရွန်တို၊ မေ-၉-၂၀၂၃ မျိုးဆက်(VOM) ကနေဒါပါလီမန်အမတ်တဦးကို ခြိမ်းခြောက်ဖို့ကြံစည်မှုမြှ ပါ၀င်ပတ်သက်တယ်လို့ စွပ်စွဲခံရတဲ့ တိုရွန်တိုအခြေစိုက် တရုတ်သံတမန်တစ်ဦးကို ကနေဒါအစိုးရက မေ ၈ ရက်မှာ နှင်ထုတ်လိုက်ပါတယ်။ တရုတ်သံတမန် ကျောင်ဝေဟာ လက်ခံနိုင်ဖွယ်မရှိတဲ့ အပြုအမူကိုလုပ်ဆောင်ခဲ့ကြောင်း ကနေဒါနိုင်ငံခြားရေး၀န်ကြီး မယ်လာနီဂျိုလီက ပြောပါတယ်။ အခုလိုနှင်ထုတ်ခြင်းနဲ့ ပတ်သက်ပြီး ရှုတ်ချကြောင်း အော့တဝါရှိ တရုတ်သံရုံးက ထုတ်ပြန်ထားပြီး ပေကျင်းရှိ ကနေဒါသံတမန်ကို တရုတ်အစိုးရက နှင်ထုတ်လိုက်ပါတယ်။ တရုတ်နိုင်ငံရှိ ဝီဂါမျိုးနွယ်စုများအပေါ် တရုတ်နိုင်ငံရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ဝေဖန်ပြောဆိုလေ့ရှိတဲ့ ကနေဒါပါလီမန်အမတ် မိုက်ကယ်ချောင်နဲ့ ဆွေမျိုးတွေရဲ့ အချက်အလက်တွေကို စုဆောင်းရာမှာ တရုတ်သံတမန် ကျောင်ဝေပါ၀င်ခဲ့ကြောင်း ကနေဒါထောက်လှမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၀ီဂါမျိုးနွယ်စုတွေ အပေါ် တရုတ်နိုင်ငံရဲ့ ပြုမူဆောင်ရွက်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ကြောင်း ကနေဒါပါလီမန်မှာ မစ္စတာချောင်က၂၀၂၁ ခုနှစ်က အဆိုတင်သွင်းခဲ့ပြီး ဒီကိစ္စကြောင့် သူ့ကို တရုတ်အစိုးရက အရေးယူပ်ိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။ ကနေဒါအနေနဲ့ ပြည်တွင်းရေးကို…
Read Moreသံလွင်တံတားစစ်ဆေးရေးဂိတ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား(၆)ဦး ဖမ်းဆီးရမိ
မေ၊၉-၂၀၂၃ MM[VOM] မွန်ပြည်နယ် ၊ သံလွင်တံတား(မော်လမြိုင်) မော်လမြိုင်ဘက်ခြမ်း၊ တံတားထိပ် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၆ ဦးကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ တရုတ်နိုင်ငံသား ၆ ဦးကို သံလွင်တံတားထိပ်မှာ စောင့်နေတဲ့ လုံခြုံရေးပူးပေါင်းအဖွဲ့တွေက မော်တော်ယာဉ်တွေကို စစ်ဆေးဆောင်ရွက်နေရင်း YGN-33၊ 4D-4410 နံပါတ်တပ်ဆင်ထားသည့် လန်ခရူဆာ (အဖြူရောင်) ယာဉ်ကို ရပ်တန့်စစ်ဆေးတဲ့အခါ ဖမ်းမိခဲ့တာလို့သိရပါတယ်။ ”စစ်ဆေးရာမှာ ယာဉ်ပေါ်ကနေ လိုက်ပါလာတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ဦး စုစုပေါင်း ၆ ဦးကို စစ်ဆေးတွေ့ရှိဖမ်းမိတာပါ၊ တရုတ်နိုင်ငံသား ၆ ဦးကို မော်တော်ယာဉ်နဲ့ တင်ဆောင်လာသူက အမှတ်(၁) ၊ မြို့မရပ်ကွက်၊ မဘိန်းမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနေသူပါ၊ အသက် ၂၆ နှစ်အရွယ် ဇေယျာမင်းဖြစ်တယ်၊…
Read Moreမန္တလေးနှင့် မန္တလေးတောင်
ဆူးငှက် မန္တလေးတောင်သည် မြတ်စွာဘုရား ဗျာဒိတ်ထားခဲ့သည်ဟု ဆိုသည်နှင့်အညီ တင့်တယ်လိုက်ဖက်လွန်းလှသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းမှသည် ရိုးမတောင်ခြေအထိ ပြန့်ပြူးညီညာလှသေမြေပြင်ဝယ် မန္တလေးတောင်တော်သည် ထီးတည်းတည်ကာမမှ စုံ့စုံ့တက်၏။ ထိုအခါ လှပကျယ်ပြောလှသေမြေပြင်အား ရှုမြင် ခံစားနိုင်ရန် မျှော်စင်ပမာ တည်ရှိပြန်သည်။ တောင်ထိပ်ဆီမှ အရှေ့ဆီမျှော်ပြန်မူ ပြာရင့်မှိုင်းရိုးမက မြင်ကွင်းကို တားဆီး ကန့်သတ်အံ့ငြား၊ ထူးထူးအံ့ဖွယ် ပုံသဏ္ဌာန်များဖြင့် ဗျိုင်းရယ်တောင်၊ရေတံခွန်တောင်၊ ကျွဲနဖားတောင်တို့က ရင်သပ်ရှုမောစေ၏။ အနောက်ဆီမျှော်ပြန်မူ မင်းဝံတောင်ရိုးသည် တငြိမ့်ငြိမ့်စီးဆင်းသော ခြေရင်းက ဧရာဝတီကို မမှိတ်မသုန် ရေကသိုဏ်းရှုနေပြန်သည်။တောင်ဆီမှာမူ ဟိုမှုန်ပျပျ အဝေးရေရိပ်က တောင်သမန်ရွှေအင်းဖြစ်၏။ သည်မှာဖက်မူ မုနိဖောင်တော်ဆိုက်ကပ်ရာ တက်သေးအင်းဖြစ်သည်။မြောက်ဆီမှာမူ သခင်မတောင်တော်သည် တောင်စွယ်တောင်တန်းအစွန်းမှ ပြေလျော နိမ့်ဆင်းလာ၏။ မလှမ်းမကမ်းမှာက မင်းညီနောင်၏ တောင်ပြုန်းစေတီတော်။ ထိုမြင်ကွင်းကား ရတနာပုံမင်းနေပြည် မတည်မီက တောရိပ် တောင်ရိပ် ရေရိပ်ဖြင့် အတိပြီးသော ရှုဖွယ်ရှုခင်းပေတည်း။ ၁၂၂၁ခု၊ အမရပူရေမြာက်အရပ်သို့…
Read Moreမုန်တိုင်းကိုစိုးရိမ်ပြီး ဆန်ဝယ်မစုဖို့ ဆန်စပါးအသင်း တိုက်တွန်းပြီးနောက် ဆန်ဈေးတွေ ထပ်တက်လာ
မေ ၈ – ၂၀၂၃ SN (VOM) ဆိုင်ကလုန်းမုန်တိုင်းသတင်းကို စိုးရိမ်ပြီး ဆန်ဝယ်မစုဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က တိုက်တွန်းပြီးနောက် ပြည်တွင်းမှာ ဆန်ဈေးတွေ ထပ်တက်လာတယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။ ပြည်တွင်းမှာ အရန်ရိက္ခာဆန်စပါးတွေ အပြည့်အဝရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ ဆန်စပါး ဝယ်ယူစုဆောင်းတာတွေ မလုပ်ကြဖို့၊ လိုအပ်တဲ့ပမာဏကိုသာ ဝယ်ကြဖို့နဲ့ ပစ္စည်းမှန်၊ဈေးနှုန်းမှန် ဝယ်ယူလို့မရရင် အသင်းချုပ်နဲ့ ကုန်စည်ဒိုင်တွေကို ဆက်သွယ်ဖို့ MRFက မေလ ၇ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက် ထွက်ပေါ်ပြီးနောက် မေ ၈ ရက်နေ့မှာ ဈေးကွက်အတွင်း ဆန်ဈေးနှုန်းတွေဟာ ကျပ် ထောင်ဂဏန်းဝန်းကျင် ထပ်မံမြင့်တက်လာတယ်လို့ သိရပါတယ်။ သင်္ကြန်အပြီး တောက်လျှောက် ထိုးတက်လာတဲ့ ဆန်ဈေးနှုန်းတွေဟာ လက်ရှိမှာလည်း မုန်တိုင်းသတင်းကြောင့် ဆန်ချောသာမက ဆန်ကြမ်းဈေးနှုန်းတွေပါ တစ်အိတ်ကို ကျပ် ၂၀၀၀ ကနေ ၅၀၀၀…
Read Moreပေါက်တောမှာ ဒုက္ခသည်စခန်းက နေအိမ် အဆောက်အဦ ၁၅၀ ကျော်မီးလောင်ဆုံးရှုံးပြီး လူအယောက် ၄၀၀၀ နီးပါး မီးဘေးသင့်
မေလ၊ ၈-၂၀၂၃ MM(VOM) ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်မှာ မနေ့ မေလ(၇)ရက် ည(၇)နာရီအချိန်က မီးလောင်မှုဖြစ်ပွားပြီး ဒုက္ခသည်စခန်း နေအိမ် အလုံးရေ(၁၅၀)ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။ အဲ့ဒီ မီးလောင်မှုဟာ ဒုက္ခသည်စခန်းတခုက လင်မယား (၂) ယောက် ထမင်းချက်ရာကနေ မီးစတွေ လွင့်စင်ကာ ဝါးထရံနဲ့ အနီးရှိ ဓာတ်ဆီဘူးတွေကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ စုစုပေါင်း စစ်ရှောင်စခန်း အလုံးရေ (၁၅၀)ကျော် မီးလောင်းဆုံးရှုံးခဲ့တာလို့ သိရပါတယ်။ ”စခန်းတစ်ခုက ထမင်းချက်ရင်း မီးစတင်လောင်တာ၊အခုမီးလောင်မှုဖြစ်ပွားတဲ့နေရာမှာက ကပ်လျှက်အနေအထားရှိနေတဲ့ တဲအိမ်တွေ မနည်းရှိတယ်၊ ဒါ့ကြောင့် အခုလို ဆုံးရှုံးမှုများတာပါ၊ ဒါတောင် အချိန်မှီ မီးထိန်းနိုင်ခဲ့လို့ ဒီလောက်ပဲလောင်တာ၊ မီးကိုကယ်ဆယ်ရေးစခန်းကသူတွေကနေ ဝိုင်းပြီး မီးငြိမ်းသတ်ခဲ့လို့သက်သာတာ၊ လူထိခိုက်မှုနဲ့ အသက်ဆုံးရှုံးမှုမရှိခဲ့ပါဘူး။”လို့ ကူညီပေးသူတစ်ဦးကပြောပါတယ်။ အဲ့ဒီ မီးလောင်မှုကြောင့် အလျား ၆၀ ပေ၊…
Read Moreအိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ လူမျိုးရေးပဋိပက္ခကြောင့် လူဒါဇင်များစွာသေဆုံးပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်
ဒေလီ၊ မေ-၈-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်မှာ လူမျိုးရေးပဋိပက္ခအတွင်း နေအိမ်တွေ၊ မော်တော်ကားတွေ၊ ဘုရားကျောင်းတွေကို အုပ်စုလိုက်တိုက်ခိုက်မှုကြောင့် လူဒါဇင်များစွာသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ပြည်နယ်အတွင်းရှိ အဓိကလူမျိုးစုက အဆင့်အတန်းသတ်မှတ်ပေးဖို့တောင်းဆိုမှုကို ဌာနေမျိုးနွယ်စုတွေက ဆန့်ကျင်ဆန္ဒပြမှုပြီးနောက် တပတ်အကြာမှာ အခုလိုအကြမ်းဖက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပြည်နယ်လူဦးရေရဲ့ ၅၃ ရာခိုင်နှုန်းရှိတဲ့ မိုက်တိုင်အသိုက်အ၀န်းကလူတွေဟာ သူတို့တွေကို လယ်ယာသစ်တော့မြေတွေကို ၀င်ရောက်လုပ်ကိုင်ခွင့်ပြုဖို့နဲ့ အစိုးရအလုပ်အကိုင်နေရာတွေမှာ အချိုးအစားအာမခံပေးမယ့် Scheduled Tribe အစီအစဉ်မှာပါ၀င်ဖို့ နှစ်ပေါင်းများစွာ တောင်းဆိုနေတာဖြစ်ပါတယ်။ သူတို့ရဲ့တောင်းဆိုချက်တွေကို လက်ခံလိုက်မယ်ဆိုရင် တောင်ပေါ်ခရိုင်တွေမှာနေထိုင်ကြတဲ့ ကူကစ်မျီုးနွယ်စုအဖြစ် အသိအမှတ်ပြုခံရပြီးသား မျိုးနွယ်စုတွေက သူတို့ရဲ့ ဘိုးဘွားပိုင်သစ်တောလယ်ယာမြေတွေကို ထိန်းချုပ်ထားမှု ဆုံးရှုံးမှာကို စိုးရိမ်နေကြပါတယ်။ လက်ရှိမှာတော့ တပ်ဖွဲ့၀င်ထောင်ပေါင်းများစွာကို ဖြန့်ကြက်ထားပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားတာ အင်တာနက်အသုံးပြုခွင့်ကိုလည်း ဆိုင်းငံ့ထားပါတယ်။ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ထိန်းချုပ်ထားနိုင်ပြီလို့ အိန္ဒိယပြည်ထဲရေး၀န်ကြီး အမစ်ဆာရ်ှက ပြောဆိုထားပြီး မျိုးနွယ်စုတွေရဲ့တောင်းဆိုချက်တွေကို…
Read Moreအာရပ်အဖွဲ့ချုပ်ကနေ ၁၀နှစ်ကျော် ထုတ်ပယ်ခံထားရတဲ့ ဆီးရီးယား အဖွဲ့ထဲပြန်လည်၀င်ရောက်ခွင့်ရ
ဒမတ်စကတ်၊ မေ-၈-၂၀၂၃ မျိုးဆက်(VOM) ဆီးရီးယားဟာ အာရပ်အဖွဲ့ချုပ်ကနေ ထုတ်ပယ်ခံထားပြီးနောက် ဆယ်စုနှစ်တခုကျော်အကြာမှာ အာရပ်အဖွဲ့ချုပ်ထဲကို ပြန်လည်၀င်ရောက်ခွင့်ရရှိပြီဖြစ်ပါတယ်။ ဆီးရီးယားပြည်တွင်းစစ်ကို ဖြစ်ပေါ်စေခဲ့တဲ့ ဒီမိုကရေစီအရေးတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက ရက်ရက်စက်စက်ဖြိုခွင်းမှုတွေကြောင့် ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်ကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ယခုလနှောင်းပိုင်းမှာ ဆီးရီးယားသမ္မတ အာဆက်တက်ရောက်မယ့် ဆော်ဒီအာရေဗျမှာ ကျင်းပဖို့ရှိနေတဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အာရပ်အဖွဲ့ချုပ်သို့ ပြန်လည်၀င်ရောက်ခွင့် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အခုလို အာရပ်အဖွဲ့ချုပ်ထဲ ပြန်လည်၀င်ရောက်ခွင့်ပြုခြင်းကို အမေရိကန်နဲ့ ဗြိတိန်တို့က ဝေဖန်ပြောဆိုထားပါတယ်။ ဆီးရီးယားကို အဖွဲ့ထဲ ပြန်လည်၀င်ရောက်ခွင့်ပြုဖို့ မထိုက်တန်သေးသော်လည်း ဆီးရီးယားအကျပ်အတည်းကို ဖြေရှင်းဖို့ အာရပ်အဖွဲ့ချုပ်ရဲ့ ရေရှည်ရည်မှန်းချက်တွေကို ထောက်ခံကြောင်း အမေရိကန်က ပြောပါတယ်။ ဗြိတိန်အနေနဲ့ ဆီးရီးယားအစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဆန့်ကျင်ဆဲဖြစ်ပြီး အာဆက်ရဲ့ ဆီးရီးယားအစိုးရဟာ အပြစ်မဲ့ဆီးရီးယားပြည်သူတွေကို ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့သတ်ဖြတ်မှုတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း ဗြိတိန်တာ၀န်ရှိသူတွေက ပြောပါတယ်။ Ref: BBC #voiceofmyanmar #VOM…
Read More