မေ ၆-၂၀၂၃ Voice Of Myanmar(VOM) ဘိုင်ဒန်အစိုးရအဖွဲ့နဲ့၎င်းရဲ့မဟာမိတ်တွေက ပြိုင်ဘက်ဗိုလ်ချုပ်နှစ်ဦးရဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်လို့ တုံနိဘာဝေဖြစ်နေခဲ့ကြပြီး အရပ်သားခေါင်းဆောင်တွေကို လုပ်ပိုင်ခွင့်အာဏာပေးဖို့ ပျက်ကွက်ခဲ့ကြတယ်လို့ ဝေဖန်ရေးသမားတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်တွေမှာတော့ အမေရိကန်သံတမန်တွေက စစ်အာဏာရှင်စနစ်ကနေ အတောင်အလက်စုံတဲ့ ဒီမိုကရေစီအဖြစ် ကူးပြောင်းမြှင့်တင်ပေးနိုင်မယ့်သဘောတူညီချက် အောင်မြင်ထိုးဖောက်နိုင်ဖို့နီးကပ်လာနေပြီး ၂၀၁၉ခုနှစ်ကဆူဒန်တော်လှန်ရေးကတိကဝတ်အတိုင်းဆောင်ရွက်နေပြီလို့ တွေးထင်ထားခဲ့ကြတာဖြစ်ပါတယ်။ ကမ္ဘာတဝန်းဒီမိုကရေစီမြှင့်တင်နိုင်ရေးနဲ့ နိုင်ငံတွေမှာအကျင့်ပျက်ခေါင်းဆောင်တွေကိုအင်အားနည်းစေပြီး တရုတ်၊ ရုရှားနဲ့ အာဏာရူးသွပ်တဲ့အခြားနိုင်ငံတွေရဲ့လွှမ်းမိုးမှုကနေ မြေကတုတ်သဖွယ် ခုခံကာကွယ်ထား နိုင်စွမ်းပိုရှိလာစေရေးဆိုတဲ့ သမ္မတဘိုင်ဒန်ရဲ့နိုင်ငံခြားရေးမူဝါဒအဓိကရည်မှန်းချက်အတွက် ဆူဒန်အရေးက အရေးပါတဲ့စမ်းသပ်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဧပြီလ ၂၃ရက်မှာတော့ ဆူဒန်အရေးညှိနှိုင်းမှုတွေမှာပါဝင်ထားခဲ့တဲ့ အမေရိကန်သံတမန်တွေကပဲ ရုတ်ချည်းသံရုံးပိတ်ချလိုက်ရပြီး ပြည်တွင်းစစ်ပိုဆိုးလာနိုင်ဖွယ်အလားအလာရှိနေတဲ့ ဆူဒန်နိုင်ငံ ခါတွမ်မြို့တော်ကနေ ညဉ့်နက်သန်းခေါင် ရဟတ်ယာဉ်တွေနဲ့ တိမ်းရှောင်ထွက်ခွာသွားခဲ့ကြရပါတယ်။ ဘိုင်ဒန်အစိုးရအဖွဲ့အရာရှိတွေနဲ့ ၎င်းတို့ရဲ့မဟာမိတ်တွေက အခုအခါမှာတော့ စစ်မီးတောက်လောင်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်နှစ်ဦး အပစ်အခတ်တွေရပ်ကြဖို့၊ သိမ်မွေ့တဲ့နည်းလမ်းနဲ့ တိုက်ပွဲတွေအဆုံးသတ်စေဖို့ နည်းလမ်း ရှာဖွေရုန်းကန်နေကြရပြီဖြစ်ပါတယ်။ နိုင်ငံရပ်ခြားအစိုးရတွေအနေနဲ့လည်း ၎င်းတို့ရဲ့နိုင်ငံသားတွေကို သေဆုံးသူ ၅၂၈ဦးနဲ့…
Read MoreMonth: May 2023
တိုက်ပွဲဖြစ်နေတဲ့ ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆော်ဒီမှာပြုလုပ်မယ်
ခါတွမ်၊ မေ-၆-၂၀၂၃ မျိုးဆက်(VOM) ဆူဒန်မှာ အပစ်အခတ်ရပ်စဲရေးတွေ ပျက်ပြားသွားပြီးနောက် ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့အကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်ငြိမ်းချမ်းရေဆွေးနွေးပွဲကို ဆော်ဒီအာရေဗျမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဆူဒန်စစ်တပ်နှင့် အာအက်စ်အက်ဖ်အရန်တပ်တို့အကြား မေ ၆ ရက်မှာ အကြိုညှိနှိုင်းဆွေးနွေးပွဲတွေ စတင်ဖို့စီစဉ်ခြင်းကို ကြိုဆိုကြောင်း အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့က ပူးတွဲထုတ်ပြန်ထားပါတယ်။ မေ ၅ ရက်ထိ ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်မှာတော့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျှက်ရှိပါတယ်။ အဲဒီဆွေးနွေးပွဲတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ ပြသနာများကို ဖြေရှင်းဖို့ရည်ရွယ်တယ်လို့ ဆူဒန်စစ်တပ်ကပြောပါတယ်။ အာအက်စ်အက်ဖ် ပြည်သူ့စစ်အဖွဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်၍ မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ ဆိုးရွားသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရေး ကုလသမဂ္ဂနဲ့ အညီအညီပေးရေးအဖွဲ့တွေက ဆွေးနွေးပွဲတက်ဖို့ ကိုယ်စားလှယ်တွေ စေလွှတ်ထားပါတယ်။ ရက်သတ္တပတ် သုံးပတ်နီးပါးကြာ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အရပ်သား လေးသိန်းငါးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး သူတို့ထဲက တသိန်းတသောင်းကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ကထုတ်ပြန်ထားပါတယ်။ Ref:BBC…
Read Moreအမရပူရမြို့နယ်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ
မေ ၆-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်းပေါ်၊ ယာဥ်တော်ကျေးရွာရှိ Denkoဆီဆိုင်မှာ ဒီကနေ့မနက် ၂နာရီခွဲခန့်က ဓားပြတိုက်ခံခဲ့ရပြီး စက်သုံးဆီရောင်းရငွေ သိန်း ၂၆၀နီးပါး ပါသွားတယ်လို့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ရဲနဲ့နီးစပ်သူတစ်ဦးက ” ဖြစ်စဥ်က မနက်အစော ၂ခွဲအချိန်လောက်ကပဲ၊ ဆီဆိုင် လုံခြုံရေးတွေကို ဆီဖြည်ချင်တယ် ဟန်ဆောင်ပြီ ဓားနဲ့ထောက်တယ်၊ မန်နေဂျာကို ငွေတွေထားတဲ့ အခန်းပြခိုင်းတယ်၊ မီးခံသေတ္တာဖွင့်ခိုင်းပြီး ငွေ ၂၅၆သိန်း ယူသွားတယ်၊ လုံခြုံရေး၂ဦးနဲ့ မန်နေဂျာကို လက်ပြန်ကြိုးတုပ်ပြီး CCTVစက်တွေ ယူ ထွက်ပြေးသွားတယ်”လို့ ပြောပါတယ်။ ဓားပြလာတိုက်သူ(၃)ဦးဟာ ဆီပြတ်လို့ ဆီထည့်ချင်ဟန်ဆောင်ပြီး လုံခြုံရေး(၂)ဦးကို လည်ပင်းညစ်၊ ဓားနဲ့ထောက်၊ ဓားနောက်နဲ့ထုပြီး လက်ပြန်ကြိုးတုပ်ကာ မန်နေဂျာရှိရာနေရာကို လိုက်လံပြသခိုင်းခဲ့ပါတယ်။ အဲ့ဒီနောက် မန်နေဂျာကိုခေါ်ဆောင်ကာ စက်သုံးဆီရောင်းငွေတွေထားရှိတဲ့နေရာကို လိုက်ပြခိုင်းပြီး ငွေ ၂၅၆ သိန်းနဲ့…
Read Moreကိုဗစ်-၁၉ ကပ်ရောဂါကို ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်မှ ရုပ်သိမ်းကြောင်း WHO ကြေညာ
ဂျီနီဗာ၊ မေ-၆-၂၀၂၃ မျိုးဆက်(VOM) ကိုဗဟ်-၁၉ ကပ်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်ကြေညာထားခြင်းမှ အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေ ၅ ရက်မှာ ကြေညာလိုက်ပါတယ်။ ဒါဟာ ကပ်ရောဂါအဆုံးသတ်ဖို့ အဓိကခြေလှမ်းတရပ်ဖြစ်ပြီး ရောဂါနဲ့ပတ်သက်ပြီး အမြင့်ဆုံးသတိပေးချက် ကြေညာပြီးနောက် သုံးနှစ်အကြာမှာ အရေးပေါ်အခြေအနေကို အဆုံးသတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် အမြင့်ဆုံးသတိပေးချက်ကို ရုပ်သိမ်းလိုက်သော်လည်း ကပ်ရောဂါအန္တရာယ်ပြီးဆုံးသွားပြီလို့ ဆိုလိုခြင်းမဟုတ်ဘဲ အခြေအနေပြောင်းလဲလာပါက အရေးပေါ်အခြေအနေ ပြန်လည်ရောက်ရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့စ်က ပြောပါတယ်။ ရောဂါကြောင့် သေဆုံးမှုဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ တစ်ပတ်ကို လူတစ်သိန်းကျော်သေဆုံးတဲ့ထိ အထွတ်အထိပ်ရှိခဲ့ရာမှ ယခုနှစ် ဧပြီလ ၂၄ ရက်မှာတော့ ၃၅၀၀ ဦးသာရှိခဲ့ပါတယ်။ ကပ်ရောဂါကြောင့် လူခုနှစ်သန်းထက်မနည်းသေဆုံးခဲ့ကြောင်း တက်ဒရို့စ်ကပြောပါတယ်။ ရောဂါကြောင့် အမှန်တကယ်သေဆုံးသူအရေအတွက်ဟာ တရား၀င်ထုတ်ပြန်ထားတာထက် သုံးဆနီးပါးဖြစ်တဲ့ သန်း ၂၀ ထိသေဆုံးနိုင်ပြီး ဗိုင်းရပ်စ်ဟာ သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုတရပ်အဖြစ် ဆက်လက်ရှိနေသေးကြောင်း…
Read Moreမှော်ဘီက မူကြိုကျောင်းတစ်ကျောင်းမှာ ကလေးငယ်တစ်ဦး ကျောင်းကားထဲ ပိတ်မိပြီး သေဆုံး
မေ ၅ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မူကြိုကျောင်းတစ်ကျောင်းမှာ ကလေးငယ်တစ်ဦး ကျောင်းကားထဲ ပိတ်မိ သေဆုံးမှု မနေ့ မေ ၄ ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူ ကလေးငယ်ဟာ အသက် ၅ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးဖြစ်ပြီး မနက် ၉ နာရီ ကျောင်းတက်ချိန်ကနေ နေ့လယ် ၁ နာရီခွဲ ကျောင်းဆင်းအချိန်အထိ ကျောင်းကားထဲ ပိတ်မိနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “သူ့အမေက ညနေကျောင်းဆင်းချိန် ကလေးပြန်မလာသေးလို့ ကျောင်းကို ဖုန်းဆက်မေးတော့မှ ကလေးပျောက်မှန်းသိပြီး လိုက်ရှာကြတယ်လို့ သိရတယ်။ ပြန်တွေ့တဲ့အချိန်မှာ ကလေးက အသက်မရှိတော့ဘူး။ ကလေးက ရာသီဥတု ပူပူလောင်လောင်နဲ့ ကားပေါ်မှာ အချိန်အကြာကြီး ပိတ်မိနေခဲ့တာပါ” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ အခင်းဖြစ်တဲ့နေ့က အသုံးပြုခဲ့တဲ့ မူကြိုကျောင်းကားဟာ…
Read Moreအကြောင်းအမျိုးမျိုးကြောင့် မွေးမြူရေးလုပ်ငန်းတွေ ရာနှုန်းပြည့်မလည်ပတ်နိုင်သေးဘဲ ၇၀ ရာခိုင်နှုန်းအထိ ရပ်နားနေရ
မေလ၊၅-၂၀၂၃ MM [VOM] နိုင်ငံတဝှမ်းမှာ အကြောင်း အမျိုးမျိုးကြောင့် မွေးမြူရေး လုပ်ငန်းတွေရပ်နားထားရပြီးပျှမ်းမျှ ၃၀ ရာခိုင်နှုန်း လောက်သာလည်ပတ်နေကာ ၇၀ ရာခိုင်နှုန်းအထိ ရပ်နား နေရတယ်လို့မွေးမြူရေးလုပ်ငန်း ရှင်တွေဆီကနေ သိရပါတယ်။ ကိုဗစ်ရောဂါနဲ့ နိုင်ငံရေး အပြောင်းအလဲဖြစ်ပွားတဲ့ဒဏ်တွေကြောင့် မွေးမြူရေးသုံး စရိတ်တွေတက်လာတာ၊လုပ်သားခတွေတက်လာတာ၊ အစာဈေး ၊ ဆေးဈေးတွေ တက်လာတာ၊ထွက်ကုန်တွေ ရောင်းချတဲ့အခါ ပြည်တွင်း ဈေးကွက် တခုတည်းကို အားကိုနေရတာ၊ သယ်ယူစရိတ် တွေ အရင်ထက် ၂ ဆလောက်မြင့်တက်လာတာ စတဲ့အခြေအနေ အခက်အခဲတွေကြောင့် မွေးမြူရေးလုပ်ငန်းတွေ ၃၀ ရာခိုင်နှုန်းသာ လည်ပတ်နေပြီး ၇၀ ရာခိုင်နှုန်းအထိ ရပ်နားနေရတယ်လို့ သိရပါတယ်။ ”အခု မွေးမြူရေးလုပ်ငန်းတွေ ရာနှုန်းပြည့် မလည်ပတ် နိုင်သေးပါဘူး၊အရင်က မွေးမြူရေး လုပ်ငန်းရှင်တချို့က ကာလပေါ်အလုပ်တွေကိုပဲ လုပ်လာတော့တယ်၊ မွေးမြူရေးအလုပ်ကို မလုပ်တော့ဘူး၊ ရှုံးတဲ့ဒဏ်ကို ရေရှည် တောင့်မခံနိုင်တော့တဲ့လုပ်ငန်းရှင်တွေ…
Read Moreဆာဘီးယားမှာ ရက်ပိုင်းအတွင်း ဒုတိယမြောက်အစုလိုက်အပြုံလိုက်ပစ်ခတ်မှု လူရှစ်ယောက်သေဆုံး
ဘဲလ်ဂရိတ်၊ မေ-၅-၂၀၂၃ မျိုးဆက်(VOM) ဆာဘီးယားနိုင်ငံမှာ ရက်ပိုင်းအတွင်း ဒုတိယအကြိမ်မြောက် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအတွင်း လူရှစ်ယောက်သေဆုံးသွားပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက မေ ၄ ရက်မှာ ပြောပါတယ်။ သေနတ်သမားဟာ ဘဲလ်ဂရိတ်တောင်ဘက် ၃၇ မိုင်အကွာရှိ ကျေးရွာတရွာအနီးမှာ မောင်းနေတဲ့ကားပေါ်ကနေ မောင်းပြန်သေနတ်နဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ သူဟာ ဒူဘိုနားမြို့ရှိ ပန်းခြံတခုမှာ ရဲတဦးနဲ့အချင်းများပြီးနောက် အသက် ၂၀ အရွယ်အဲဒီအမျိုးသားက မောင်းပြန်သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။ အဲဒီနောက် ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူရှစ်ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ လက်ရှိမှာ သေနတ်သမားကို ရဟတ်ယာဉ်တွေ ဒရုန်းတွေနဲ့ ခြေရာခံပြီးနောက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ မေ ၃ ရက်ကလည်း ဘဲလ်ဂရိတ်မြို့ရှိ စာသင်ကျောင်းတကျောင်းမှာ ၁၃ နှစ်အရွယ် ယောက်ကျားလေးတဦးရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသားရှစ်ယောက်နဲ့…
Read Moreမုန်တိုင်းအန္တရာယ် အထူးသတိပြုဖို့ လိုအပ်
မေ ၅ – ၂၀၂၃ SN (VOM) ဘင်္ဂလားပင်လယ်အော်အတွင်း လာမယ့် မေ ၈ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နိုင်တဲ့အတွက် အထူးဂရုပြုဖို့ လိုအပ်တယ်လို့ မိုးလေသဝပညာရှင်တွေက သတိပေးထားပါတယ်။ မေ ၅ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ မေ ၇ ရက်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ပြီး အဲဒီ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအား ကောင်းလာနိုင်ကာ မေ ၈ ရက်မှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။ “ဧပြီလကုန် မေလဆန်းရက်တွေက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းကြီးတွေ ဖြစ်တတ်တဲ့အချိန်ဆိုတော့ မုန်တိုင်းဘေးလျော့ပါးရေး ကြိုတင်ပြင်ဆင်ထားနိုင်ရင် အကောင်းဆုံးပါ။ လာမယ့် ၈ ရက်နေ့မှာ မုန်တိုင်းက ဖြစ်လာဖို့ရှိပါတယ်။ ကျန်တာမသေချာသေးပါဘူး” လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန…
Read Moreတပတ်အတွင်း ကမ္ဘာ့စီးပွားရေး သတင်းမြင်ကွင်း
မျိုးဆက်(VOM) (၁)-အိန္ဒိယ Go First လေကြောင်းလိုင်း ဒေဝါလီခံပြီ အိန္ဒိယအခြေစိုက် ဘက်ဂျက်လေကြောင်းတခုဖြစ်တဲ့ Go First လေကြောင်းလိုင်းဟာ ဒေဝါလီခံဖို့ မေ ၃ ရက်က လျှောက်ထားလိုက်ပြီး နောက်သုံးရက်အတွင်းစီစဉ်ထားတဲ့ လေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အခုလိုဒေဝါလီခံရဖို့ဖြစ်လာတာဟာ Pratt & Whitney ထုတ်အင်ဂျင်တွေကြောင့်လို့ ပြစ်တင်ပြောဆိုထားပြီး ဒီအင်ဂျင်တွေကြောင့် လေကြောင်းလိုင်းကလေယာဉ်ထက်၀က်လောက် အမြဲပြုပြင်နေရပြီး ၀င်ငွေကျဆင်းမှုတွေ ဖြစ်လာတယ်လို့ ပြောပါတယ်။ လေယာဉ်ခရီးစဉ်အတွက် မှာယူထားပြီးသူတွေကို ပြန်အပ်းငွေထုတ်ပေးသွားမယ်လို့ Go First လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။ Go First လေကြောင်းလိုင်းဟာ ၂၀၁၉ ခုနှစ်မှာ Jet Airways လေကြောင်းလိုင်း ဒေဝါလီခံပြီးနောက် ဒေဝါလီခံဖို့ပထမဆုံးလျှောက်ထားခဲ့တဲ့ အိန္ဒိယအဓိက လေကြောင်းကုမ္ပဏီလည်း ဖြစ်ပါတယ်။ (၂)-လျှပ်စစ်ဓါတ်အား နှစ်ဆကျော်တိုးထုတ်ဖို့ ဗီယက်နမ်ရည်မှန်းနေ ဗီယက်နမ်နိုင်ငံဟာ ၂၀၃၀ ခုနှစ်အတွင်းမှာ နိုင်ငံရဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုကို…
Read Moreတရုတ်သံတမန်တွေကို နှင်ထုတ်ဖို့ ကနေဒါ စဉ်းစားနေ
တိုရွန်တို၊ မေ-၅-၂-၂၀၂၃ မျိုးဆက်(VOM) ကနေဒါလွှတ်တော်အမတ်တဦးနဲ့ သူ့မိသားစုကို တရုတ်နိုင်ငံက ပစ်မှတ်ထားနေကြောင်း ကနေဒါက စွပ်စွဲပြီးနောက် တရုတ်သံတမန်တွေကို နိုင်ငံတွင်းကနေနှင်ထုတ်ဖို့ စဉ်းစားနေကြောင်း ကနေဒါတာ၀န်ရှိသူတွေက မေ ၄ ရက်မှာ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီ သတိပေးဖို့ ကနေဒါဆိုင်ရာ တရုတ်သံအမတ်ကြီးကို မေ ၄ ရက်မှာ ဆင့်ခေါ်ခဲ့ကြောင်း ကနေဒါ နိုင်ငံခြားရေး၀န်ကြီး မယ်လာနီဂျိုလီက ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဟန့်တားဖို့ကြိုးပမ်းမှုနဲ့ ဆက်နွယ်နေတဲ့ ကနေဒါလွှတ်တော်အမတ်နဲ့ မိသားစုအသေးစိတ်အချက်အလက်တွေကို တရုတ်နိုင်ငံက ရှာဖွေနေတယ်လို့ ကနေဒါထောက်လှမ်းရေး အေဂျင်စီက ယုံကြည်နေပါတယ်။ တရုတ်နိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေကြောင်း အဲဒီလွှတ်တော်အမတ်က စွပ်စွဲခဲ့ဖူးပါတယ်။ ကနေဒါပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မှုတွေကို သည်းခံမှာ မဟုတ်ကြောင်း ကနေဒါနိုင်ငံခြားရေး၀န်ကြီးက တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ လုပ်ရပ်အတွက် သံတမန်တွေကို နှင်ထုတ်ခြင်းအပါအ၀င် အခြားသောရွေးချယ်စရာ အစီအမံတွေကို ထည့်သွင်းစဉ်းစားသွားမှာဖြစ်ကြောင်း ကနေဒါနိုင်ငံခြားရေး၀န်ကြီးက ပြောဆိုပါတယ်။…
Read More