ကိုဗစ်-၁၉ ကပ်ရောဂါကို ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်မှ ရုပ်သိမ်းကြောင်း WHO ကြေညာ

ဂျီနီဗာ၊ မေ-၆-၂၀၂၃
မျိုးဆက်(VOM)

ကိုဗဟ်-၁၉ ကပ်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်ကြေညာထားခြင်းမှ အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေ ၅ ရက်မှာ ကြေညာလိုက်ပါတယ်။

ဒါဟာ ကပ်ရောဂါအဆုံးသတ်ဖို့ အဓိကခြေလှမ်းတရပ်ဖြစ်ပြီး ရောဂါနဲ့ပတ်သက်ပြီး အမြင့်ဆုံးသတိပေးချက် ကြေညာပြီးနောက် သုံးနှစ်အကြာမှာ အရေးပေါ်အခြေအနေကို အဆုံးသတ်လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် အမြင့်ဆုံးသတိပေးချက်ကို ရုပ်သိမ်းလိုက်သော်လည်း ကပ်ရောဂါအန္တရာယ်ပြီးဆုံးသွားပြီလို့ ဆိုလိုခြင်းမဟုတ်ဘဲ အခြေအနေပြောင်းလဲလာပါက အရေးပေါ်အခြေအနေ ပြန်လည်ရောက်ရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့စ်က ပြောပါတယ်။

ရောဂါကြောင့် သေဆုံးမှုဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ တစ်ပတ်ကို လူတစ်သိန်းကျော်သေဆုံးတဲ့ထိ အထွတ်အထိပ်ရှိခဲ့ရာမှ ယခုနှစ် ဧပြီလ ၂၄ ရက်မှာတော့ ၃၅၀၀ ဦးသာရှိခဲ့ပါတယ်။

ကပ်ရောဂါကြောင့် လူခုနှစ်သန်းထက်မနည်းသေဆုံးခဲ့ကြောင်း တက်ဒရို့စ်ကပြောပါတယ်။

ရောဂါကြောင့် အမှန်တကယ်သေဆုံးသူအရေအတွက်ဟာ တရား၀င်ထုတ်ပြန်ထားတာထက် သုံးဆနီးပါးဖြစ်တဲ့ သန်း ၂၀ ထိသေဆုံးနိုင်ပြီး ဗိုင်းရပ်စ်ဟာ သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုတရပ်အဖြစ် ဆက်လက်ရှိနေသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက သတိပေးပြောဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW