အယ်လ်နီညို ရာသီဥတုဖြစ်စဉ်စတင်နေ၊ အပူဆုံးနှစ်ဖြစ်လာနိုင်ကြောင်း သိပ္ပံပညာရှင်တွေ သတိပေး

ဝါရှင်တန်၊ ဇွန်-၉-၂၀၂၃
မျိုးဆက်(VOM)

ပစိဖိတ်သမုဒ္ဒရာမှာ အယ်လ်နီညို ရာသီဥတုဖြစ်စဉ် စတင်နေပြီဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာ့အပူချိန်များ တိုးလာဖွယ်ရှိကြောင်း သိပ္ပံပညာရှင်တွေက သတိပေးပြောဆိုလိုက်ပါတယ်။

အယ်လ်နီညိုရာသီဥတုဖြစ်စဉ် စတင်နေပြီဖြစ်ကြောင်း အမေရိကန်သိပ္ပံညာရှင်တွေက ဇွန် ၈ ရက်မှာ အတည်ပြုခဲ့ပြီး ၂၀၂၄ ခုနှစ်ဟာ ကမ္ဘာ့အပူဆုံးနှစ်ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် ကမ္ဘာ့ရာသီဥတုကို ထိခိုက်စေပြီး သြစတြေးလျမှာ မိုးခေါင်ခြင်း၊ အမေရိကန်တောင်ပိုင်းမှာ မိုးပိုလာခြင်းနဲ့ အိန္ဒိယနိုင်ငံတို့မှာ မုတ်သုန်လေအား လျှော့နည်းခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။

အယ်လ်နီညိုဖြစ်စဉ်ဟာ လာမည့်နွေဦးထိ ကြာမြင့်မှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ သက်ရောက်မှုလျော့နည်းသွားမယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။

အယ်လ်နီညိုစတင်ခြင်းရဲ့ သက်ရောက်မှုတွေဟာ လအနည်းငယ်နောက်ကျနိုင်ပေမယ့် ကမ္ဘာတ၀န်းလုံး ခံစားရမှာဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှာ အယ်လ်နီညိုဖြစ်စဉ်ရဲ့ အလယ်အလတ်အဆင့်ကို ကျော်လွန်နိုင်ခြေ ၈၄ ရာခိုင်နှုန်းရှိကြောင်း သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။

Ref: BBC
Photo:DW
#voiceofmyanmar #VOM #မဟာမြိုင်ကားလမ်း #ရန်ကုန် #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW