ကျောက်ကြီး ထွေ/အုပ်ရုံး ဗုံးခွဲခံရပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး သေဆုံး၊ ၄ ယောက်ဒဏ်ရာရ

ဇွန် ၉ – ၂၀၂၃ GG(VOM) ပဲခူးတိုင်း ၊ ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ဒီနေ့ ဇွန်လ ၉ ရက် မနက်ပိုင်း ၁၀ နာရီကျော်ခန့်က အစည်းအဝေးပြုလုပ်နေချိန် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ကျောက်ကြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး သေဆုံးခဲ့သလို မြို့နယ်မီးသတ်ဦးစီးမှူး၊လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ၊ ထွေအုပ်ဝန်ထမ်း ၁ ဦးနဲ့ လုံခြုံရေးတပ်ဖွဲဝင်ရဲ့ မိသားစုဝင်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ” ဒဏ်ရာရသူရော ၊သေဆုံးသူရော အကုန်ဆေးရုံကို ခေါ်သွားကြ​တယ်။အစည်းအဝေးလုပ်နေချိန် ဒရုန်းနဲ့ဗုံးကြဲတာဆိုတော့ အခန်းထဲကလူတွေ ထိကုန်တာ။ အစည်းအဝေးလုပ်မှာကို ကြိုသိလို့ တိုက်ခိုက်တာလား၊ သူတို့တိုက်ခိုက်မှုကပဲ အစည်းအဝေးနဲ့ တည့်တည့်မိသလား မပြောတတ်ပါဘူး။ ” လို့ ကျောက်ကြီးမြို့နယ်ထွေအုပ်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ လက်ရှိမှာ သေဆုံးသွားတဲ့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ရုပ်အလောင်း နဲ့ ဒဏ်ရာရသူတွေကို ကျောက်ကြီးပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ…

Read More

ဆူဒန်မှာ တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ မိဘမဲ့ကလေး (၃၀၀ )နီးပါးကို ကယ်ဆယ်ရေးသမားတွေ ကယ်တင်

ခါတွမ်၊ ဇွန်-၉-၂၀၂၃ မျိုးဆက်(VOM) ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ မိဘမဲ့ကလေး ၃၀၀ နီးပါးကို ကယ်ဆယ်ရေးလုပ်သားတွေက ဇွန် ၈ ရက်မှာ ကယ်တင်နိုင်ခဲ့ပါတယ်။ မြို့တော်ခါတွမ်ရှိ မိုဂိုမာမိဘမဲ့ဂေဟာမှာ ကလေး ၆၇ ဦးသေဆုံးခဲ့ပြီး မိဘမဲ့ဂေဟာကို ၀န်ထမ်းတွေသွားရောက်နိုင်ခြင်းမရှိတဲ့ အတွက် ကလေးတွေဟာ အစာငတ်ခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်းနဲ့ နာမကျန်းဖြစ်ခြင်းတွေကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။ အန္တရာယ်များတဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း အသက်နှစ်နှစ်အောက်ကလေးငယ် ၂၉၇ ဦးအနက် ၂၀၀ ဦးကို ဆူဒန်နိုင်ငံတောင်ပိုင်း ၀က်ဒ်မာဒါနီသို့ ဘေးကင်းစွာကယ်ထုတ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ ဧပြီလအတွင်း တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှာ အစိုးရပိုင် မိုင်ဂိုမာမိဘမဲ့ဂေဟာမှာ ကလေးငယ် ၄၀၀ ခန့်နေထိုင်ရာနေရာဖြစ်ပြီး လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ရေပြတ်တောက်မှုကြောင့် အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်ထိမြင့်တက်ခဲ့ပြီးနောက် အသက်ငယ်လွန်းတဲ့ ကလေးငယ်တွေသေဆုံးခဲ့ရပါတယ်။ အဲဒီမိဘမဲ့ဂေဟာက ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်တို့အကြားတိုက်ပွဲများဖြစ်ပွားရာနေရာ အဓိက အချက်အခြာနေရာဖြစ်ပါတယ်။ နှစ်ဘက်အကြား…

Read More

ပြည်မြို့က အငြိမ်းစားဆရာမတစ်ဦး နေအိမ် အနုကြမ်းစီး အသတ်ခံရပြီး ပစ္စည်းတွေလည်းပါသွား

ဇွန် ၉ – ၂၀၂၃ GG(VOM) ပဲခူးတိုင်း အနောက်ပိုင်း ၊ပြည်မြို့၊ ‌အောင်ဆန်း ပြည်သာယာရပ်ကွက်၊ (၃)လမ်းထိပ်၊ ‌ဟော်တယ်ခေတ္တရာအနီးမှာ နေထိုင်တဲ့ အငြိမ်းစားကျောင်းဆရာမကြီး တစ်ဦး နေအိမ်အတွင်းဝင်ရောက် အနုကြမ်းစီး အသတ်ခံရပြီး ပစ္စည်းတွေယူဆောင်သွားတယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာ မနေ့က ဇွန်လ ၈ ရက်နေ့ ညနေပိုင်းက နေအိမ်မှာ ဆရာမကြီးတစ်ယောက်တည်းရှိနေချိန် အနုကြမ်းစီး အသတ်ခံရတာဖြစ်​ပြီး ၊ လက်ရှိမှာ ပြည်ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ ” သတင်းရတာ ၄ နာရီလောက်ပါ၊ရေချိုခန်းထဲချော်လဲတာဆိုပြီး အကြောင်းကြားတာ၊ဟိုရောက်မှ လူသတ်မှုမှန်းသိတော့ ရဲစခန်းဖုန်းဆက် စစ်ဆေးတာတွေပြီးမှ ဆေးရုံကို အလောင်းပို့လိုက်ပါတယ်။ အိမ်ထဲမှာလည်း ပစ္စည်းတွေရှာဖွေထားတာ ပွကျဲနေပါတယ်။လည်ပင်းမှာအညိုအမဲဒဏ်ရာတွေ့တယ်၊တရွတ်တိုက်ဆွဲခေါ်ထားတဲ့အရာ တွေ့တယ်။ အသတ်ခံရတာကိုတော့ သူရဲ့ကလေးက ပြန်လာမှ ငိုနေမှသိကြတာလို့ပြောတယ် “လို့ ကူညီကယ်​ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ ပြည်မြို့လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ အသတ်ခံရတဲ့ ဆရာမကြီးက အသက် ၆၁ နှစ်အရွယ်ရှိ ဒေါ်စန်းဝင်း ဆိုသူဖြစ်ပြီး…

Read More

VOM ရဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍ

-လျှပ်စစ်လေယာဉ်တွေ ပြေးဆွဲပျံသန်းဖို့ ဘာတွေစီစဉ်နေသလဲ -ခြောက်မိနစ်အားသွင်းပြီး မိုင်း(၆၀၀)ကျော် ခရီးရောက်မယ့် လျှပ်စစ်ကားဘက်ထရီ -ဂျပန်ရဲ့ ပထမဆုံးလကမ္ဘာဂြိုဟ်ဆင်းယာဉ်က ဘာတွေကိုလေ့လာမှာလဲ မျိုးဆက်(VOM) (၁) လျှပ်စစ်လေယာဉ်တွေ ပြေးဆွဲပျံသန်းမှု လာမယ့်ငါးနှစ်အတွင်း စတင်တော့မယ် ဥရောပအခြေစိုက် စကန်ဒီနေဗီယန်းလေကြောင်းလိုင်း (SAS) ဟာ ES 30 အမျိုးအစား လျှပ်စစ်လေယာဉ်နဲ့ ခရီးသည်ပြေးဆွဲပျံသန်းမှုကို ၂၀၂၈ ခုနှစ်မှာ စတင်မယ်လို့ ယခုသီတင်းပတ်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါဟာ လျှပ်စစ်လေယာဉ်တွေနဲ့ စီးပွားဖြစ်ပြေးဆွဲပျံသန်းမှု ပထမဆုံးအကြိမ်ဖြစ်ပြီး SAS လေကြောင်းလိုင်းဟာ သူ့ရဲ့ပထမဆုံးသော လျှပ်စစ်လေယာဉ်ခရီးစဉ်အတွက် စီးနှင်းမယ့်သူတွေကို ကြိုတင်လက်မှတ်မှာယူမှုတွေ လက်ခံနေပြီဖြစ်ပါတယ်။ အဲဒီလေယာဉ်ရဲ့ ပထမဆုံးခရီးစဉ်ကို ဘယ်နေရာကနေစတင်မယ်ဆိုတာနဲ့ ဘယ်မှာဆင်းသက်မယ်ဆိုတာကို အသေးစိတ်ပြောဆိုခြင်းမရှိပေမယ့် ပျံသန်းမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။ လေယာဉ်ခရီးစဉ် မစတင်မီ ရက် ၃၀ အတွင်းမှာ လက်မှတ်ဖိုးငွေပေးချေရမှာဖြစ်တယ်လို့ ပြောပါတယ်။ ကုမ္ပဏီဟာ လျှပ်စစ်လေယာဉ်တွေနဲ့ ဒေသတွင်းမှာ…

Read More

စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် အရင်နှစ် ထက် ၂၀ ရာခိုင်နှုန်းကျော်မြင့်တက်လာ

ဇွန် ၉-၂၀၂၃ MM(VOM) ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်ရဲ့ စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေကို ဒီနေ့ ဇွန်လ ၉ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းအောင်မြင်ခဲ့ပြီး အရင်နှစ်ကထက် ၂၀ ရာ ခိုင်နှုန်းကျော်အောင်ချက် မြင့်တက်လာတယ်လို့ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ သိရပါတယ်။ ဒီနေ့ ဇွန်လ ၉ ရက်၊ မနက်ပိုင်းက ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်က စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေကို ထုတ်ပြန်ကြေညာခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်သူ ၁၀၉,၈၅၁ ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေနဲ့ ၆၇ ဒသမ ၈၇ ရာခိုင်နှုန်း အထိရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ – ၂၀၂၂…

Read More

အယ်လ်နီညို ရာသီဥတုဖြစ်စဉ်စတင်နေ၊ အပူဆုံးနှစ်ဖြစ်လာနိုင်ကြောင်း သိပ္ပံပညာရှင်တွေ သတိပေး

ဝါရှင်တန်၊ ဇွန်-၉-၂၀၂၃ မျိုးဆက်(VOM) ပစိဖိတ်သမုဒ္ဒရာမှာ အယ်လ်နီညို ရာသီဥတုဖြစ်စဉ် စတင်နေပြီဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာ့အပူချိန်များ တိုးလာဖွယ်ရှိကြောင်း သိပ္ပံပညာရှင်တွေက သတိပေးပြောဆိုလိုက်ပါတယ်။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ် စတင်နေပြီဖြစ်ကြောင်း အမေရိကန်သိပ္ပံညာရှင်တွေက ဇွန် ၈ ရက်မှာ အတည်ပြုခဲ့ပြီး ၂၀၂၄ ခုနှစ်ဟာ ကမ္ဘာ့အပူဆုံးနှစ်ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ကမ္ဘာ့ရာသီဥတုကို ထိခိုက်စေပြီး သြစတြေးလျမှာ မိုးခေါင်ခြင်း၊ အမေရိကန်တောင်ပိုင်းမှာ မိုးပိုလာခြင်းနဲ့ အိန္ဒိယနိုင်ငံတို့မှာ မုတ်သုန်လေအား လျှော့နည်းခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အယ်လ်နီညိုဖြစ်စဉ်ဟာ လာမည့်နွေဦးထိ ကြာမြင့်မှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ သက်ရောက်မှုလျော့နည်းသွားမယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အယ်လ်နီညိုစတင်ခြင်းရဲ့ သက်ရောက်မှုတွေဟာ လအနည်းငယ်နောက်ကျနိုင်ပေမယ့် ကမ္ဘာတ၀န်းလုံး ခံစားရမှာဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှာ အယ်လ်နီညိုဖြစ်စဉ်ရဲ့ အလယ်အလတ်အဆင့်ကို ကျော်လွန်နိုင်ခြေ ၈၄ ရာခိုင်နှုန်းရှိကြောင်း သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။ Ref: BBC Photo:DW #voiceofmyanmar #VOM #မဟာမြိုင်ကားလမ်း…

Read More

မြင်းခြံက နီနီလွင် ရွှေဆိုင်ပိုင်ရှင် သေနတ်နဲ့ ပစ်သတ်ခံရ

ဇွန် ၊၉ ၊ ၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ မြင်းခြံမြို့၊စည်ပင်သာယာစျေးမြောက်ဘက် ၊ အမှတ် (၇) ရပ်ကွက်မှာရှိတဲ့ နီနီလွင်ရွှေဆိုင်မှာ မနေ့ ဇွန် ၈ ရက် ၊ နေ့လယ် ၁ နာရီ ၄၅ မိနစ် ဝန်းကျင်က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားတဲ့အတွက် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ ” သေနတ်သမားတွေက ဆိုင်ကယ် ၂ စီး နဲ့ ရွှေဆိုင်ကို ရောက်လာတယ် ၊ ရွှေဆိုင်ရှေ့ကနေ အခန်းတံခါးကို ပိတ်ထားတာကြောင့် ဆိုင်အတွင်းထဲကို ဝင်လို့မရဘူး ၊ အပြင်ဘက်ကနေ သေနတ်တွေနဲ့ ပစ်သွားတယ် ” လို့ ဒေသခံ မျက်မြင်တွေ့လိုက်ရသူတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မြင်းခြံခရိုင် ၊…

Read More
VOM News

FREE
VIEW