ကျောက်ကြီး ထွေ/အုပ်ရုံး ဗုံးခွဲခံရပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး သေဆုံး၊ ၄ ယောက်ဒဏ်ရာရ

ဇွန် ၉ – ၂၀၂၃
GG(VOM)

ပဲခူးတိုင်း ၊ ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ဒီနေ့ ဇွန်လ ၉ ရက် မနက်ပိုင်း ၁၀ နာရီကျော်ခန့်က အစည်းအဝေးပြုလုပ်နေချိန် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ကျောက်ကြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး သေဆုံးခဲ့သလို မြို့နယ်မီးသတ်ဦးစီးမှူး၊လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ၊ ထွေအုပ်ဝန်ထမ်း ၁ ဦးနဲ့ လုံခြုံရေးတပ်ဖွဲဝင်ရဲ့ မိသားစုဝင်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

” ဒဏ်ရာရသူရော ၊သေဆုံးသူရော အကုန်ဆေးရုံကို ခေါ်သွားကြ​တယ်။အစည်းအဝေးလုပ်နေချိန် ဒရုန်းနဲ့ဗုံးကြဲတာဆိုတော့ အခန်းထဲကလူတွေ ထိကုန်တာ။ အစည်းအဝေးလုပ်မှာကို ကြိုသိလို့ တိုက်ခိုက်တာလား၊ သူတို့တိုက်ခိုက်မှုကပဲ အစည်းအဝေးနဲ့ တည့်တည့်မိသလား မပြောတတ်ပါဘူး။ ” လို့ ကျောက်ကြီးမြို့နယ်ထွေအုပ်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ သေဆုံးသွားတဲ့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ရုပ်အလောင်း နဲ့ ဒဏ်ရာရသူတွေကို ကျောက်ကြီးပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ဒဏ်ရာရသူတွေကို ဆေးကုသမှုပေးနေတယ်လို့သိရပါတယ်။

ကျောက်ကြီးမြို့နယ်မှာ အရင်ကလည်း ဗုံးခွဲတိုက်ခိုက်တာတွေ၊ ပစ်ခတ်မှုတွေကြောင့် လူသေဆုံးမှုတွေရှိခဲ့ပြီး တံတားဖျက်ဆီးခံရတာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်အတွင်းက နတ်သံကွင်းမြို့ရဲစခန်းအပါအဝင် နေရာ ၅ ခုကို KNU ပူး​ပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲဝင် ၄၀ လောက်သေဆုံးခဲ့တယ်လို့ KNU ဘက်က ဇွန်လ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

ဒီနေ့ ကျောက်ကြီးထွေအုပ်ရုံး ဗုံးခွဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး တစုံတရာထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

#VOM #voiceofmyanmar #ပဲခူး #ကျောက်ကြီးထွေအုပ်ရုံး #ဗုံးခွဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW