ဆူဒန်မှာ တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ မိဘမဲ့ကလေး (၃၀၀ )နီးပါးကို ကယ်ဆယ်ရေးသမားတွေ ကယ်တင်

ခါတွမ်၊ ဇွန်-၉-၂၀၂၃
မျိုးဆက်(VOM)

ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ မိဘမဲ့ကလေး ၃၀၀ နီးပါးကို ကယ်ဆယ်ရေးလုပ်သားတွေက ဇွန် ၈ ရက်မှာ ကယ်တင်နိုင်ခဲ့ပါတယ်။

မြို့တော်ခါတွမ်ရှိ မိုဂိုမာမိဘမဲ့ဂေဟာမှာ ကလေး ၆၇ ဦးသေဆုံးခဲ့ပြီး မိဘမဲ့ဂေဟာကို ၀န်ထမ်းတွေသွားရောက်နိုင်ခြင်းမရှိတဲ့ အတွက် ကလေးတွေဟာ အစာငတ်ခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်းနဲ့ နာမကျန်းဖြစ်ခြင်းတွေကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။

အန္တရာယ်များတဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း အသက်နှစ်နှစ်အောက်ကလေးငယ် ၂၉၇ ဦးအနက် ၂၀၀ ဦးကို ဆူဒန်နိုင်ငံတောင်ပိုင်း ၀က်ဒ်မာဒါနီသို့ ဘေးကင်းစွာကယ်ထုတ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဧပြီလအတွင်း တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှာ အစိုးရပိုင် မိုင်ဂိုမာမိဘမဲ့ဂေဟာမှာ ကလေးငယ် ၄၀၀ ခန့်နေထိုင်ရာနေရာဖြစ်ပြီး လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ရေပြတ်တောက်မှုကြောင့် အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်ထိမြင့်တက်ခဲ့ပြီးနောက် အသက်ငယ်လွန်းတဲ့ ကလေးငယ်တွေသေဆုံးခဲ့ရပါတယ်။

အဲဒီမိဘမဲ့ဂေဟာက ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်တို့အကြားတိုက်ပွဲများဖြစ်ပွားရာနေရာ အဓိက အချက်အခြာနေရာဖြစ်ပါတယ်။ နှစ်ဘက်အကြား ဧပြီ ၁၅ ရက်ကတည်းက တိုကပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်စွာဆက်လက်ဖြစ်ပွားလျှက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်နေပါတယ်။

Ref: BBC
Photo:ICRC
#voiceofmyanmar #VOM #ခါတွမ်

Related posts

Leave a Comment

VOM News

FREE
VIEW