ယူကရိန်းရဲ့တန်ပြန်ထိုးစစ် ပထမဆုံးအကြိမ် အောင်ပွဲရ၊ နိုင်ငံအရှေ့တောင်ပိုင်း နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့

ကိယက်ဗ်၊ ဇွန်-၁၂-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းဟာ ရုရှားတပ်တွေကို တန်ပြန်ထိုးစစ်စတင်နေပြီဖြစ်ပြီး ထိုးစစ်စတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံအရှေ့တောင်ပိုင်းက ရွာလေးရွာကို ရုရှားလက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း အခိုင်အမာပြောဆိုပါတယ်။

တနင်္လာနေ့မနက်ပိုင်းက ဒွန်တက်စ်ဒေသရှိ စထရိုဇော့ဗ်မှာ ယူကရိန်းနိုင်ငံတော်အလံကို ဝှေ့ယမ်းအောင်ပွဲခံနိုင်ခဲ့ကြောင်း ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ စောင့်မျှော်နေရတဲ့ တန်ပြန်ထိုးစစ်ကို စတင်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ယူကရိန်းရဲ့ ပြန်လည်သိမ်းပိုက်နိုင်မှုတွေဟာ အတန်လေးနည်းပါးနေသေးပေမယ့် ရုရှားဘက်ကတော့ ဘယ်လိုဆုတ်ခွာမှုမျိုးကိုမှ အတည်မပြုသေးပါဘူး။ စစ်ပွဲလေ့လာရေးအင်စတီကျုကတော့ ယူကရိန်းရဲ့ သိမ်းပိုက်နိုင်မှုကို အတည်ပြုထားပါတယ်။

ဒါဟာ တန်ပြန်ထိုးစစ်စတင်ပြီးနောက် ပထမဆုံးအောင်ပွဲဖြစ်ပြီး ရှေ့တန်းမှာ စစ်ဆင်ရေးတွေလုပ်ဆောင်နေပြီး နှစ်ဘက်စလုံး ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး ပြီးခဲ့တဲ့နေ့တနေ့တည်းမှာ တိုက်ပွဲ ၂၅ ခါဖြစ်ပွားခဲ့တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေကပြောပါတယ်။

ယူကရိန်းဟာ ရှေ့တန်းစစ်မြေပြင်မှာ အနောက်အုပ်စုနိုင်ငံတွေက ထောက်ပံ့တဲ့တင့်ကားတွေကိုပါ အသုံးပြုနေပြီး အဲဒီထဲကတင့်ကားတွေကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားဘက်က အခိုင်အမာပြောဆိုထားပါတယ်။

Ref: BBC
#VOM #voiceofmyanmar #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW