အီတလီ၀န်ကြီးချုပ်ဟောင်း ဘာလူစကိုနီ ကွယ်လွန်

ရောမ၊ ဇွန်-၁၂-၂၀၂၃
မျိုးဆက်(VOM)

လိင်ကိစ္စအရှုပ်တော်ပုံ၊ အကျင့်ပျက်ချစားမှုစွဲချက်တွေက လွတ်မြောက်ခဲ့တဲ့ အီတလီ၀န်ကြီးချုပ်ဟောင်း ဘာလူစကိုနီ အသက် ၈၆ နှစ်ဟာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

သူဟာ အီတလီနိုင်ငံ မီလန်ြ့မို့က ဆေးရုံမှာကွယ်လွန်သွားတာဖြစ်ကြောင်း အီတလီသတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဘာလူစကိုနီဟာ ဧပြီလမှာ နာတာရှည်သွေးကင်ဆာနဲ့ ဆက်စပ်နေတဲ့ အဆုတ်ပိုး၀င်မှုကြောင့် ကုသမှုတွေ ခံယူခဲ့ရပါတယ်။

လက်ရှိအချိန်ထိ သေဆုံးရတဲ့အကြောင်းရင်းကို တရား၀င်အတည်ပြုရခြင်းမရှိသေးပေမယ့် သူဟာ ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်-၁၉ကူးစက်ခံရပြီးနောက် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေရှိခဲ့ပါတယ်။

နာမည်ကျော် မီဒီယာသူဌေးကြီး ဘာလူစကိုနီဟာ ၁၉၉၄ ခုနှစ်မှာ ၀န်ကြီးချုပ်တာ၀န်ကို စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်ထိ အစိုးရလေးဆက်ထိ နိုင်ငံကို ဦးဆောင်ခဲ့သူုဖြစ်ပါတယ်။

သူဟာ နိုင်ငံရေးလောကထဲမ၀င်ခင် ၁၉၈၆ ခုနှစ်မှာ ဒေဝါလီခံရတော့မယ့် အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းကို ၀ယ်ယူကယ်တင်ခဲ့သူအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုခဲ့့ပါတယ်။

Ref: BBC
Photo:AFP
#VOM #voiceofmyanmar #ရောမ

Related posts

✕
VOM News

FREE
VIEW