ကံဇီးကျေးရွာမှာ ရွာခံ ၁၂ ဦးကို ဘယ်လက်နက်ကိုင်ကဖမ်းသွားမှန်းမသိဘဲ ပျောက်နေ

မေ ၁၄ – ၂၀၂၃
SP (VOM)

စစ်ကိုင်တိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ကံဇီးကျေးရွာမှာ မနေ့ ဇွန် ၁၃ ရက် မနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်က ဒေသခံ ရွာသားတွေ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်ပြီး လူနေအိမ်တွေ မီးရှို့ခံရတယ်လို့ ကံဇီးကျေရွာခံတွေဆီက သိရပါတယ်။

” မနက် ၉ နာရီလောက်မှာ ရွာအပြင်မှာနေတဲ့သူတွေကို အရင်ဆုံး ရိုက်နှက် ဖမ်းဆီးသွားတယ် ၊ အဖမ်းခံရသူတွေက ဦးမြင့်မောင် ၆၅ နှစ် ၊ ဦးဖိုးသဲ၂၆ နှစ်၊ ဒေါ်ဆိတ်ပို၂၇ နှစ် ၊ မောင်ဖိုးဆင်၂ နှစ် ၊ မဖြိုးဖြိုး ၁၈ နှစ် ၊ မအေးမော် ၁၆ နှစ် ၊ မောင်နိူင်၂၃ နှစ် ၊ မသဲစုလှိုင် ၁၈ နှစ် သူတို့တွေ ဖမ်းခံရပြီးတော့ ကျေးရွာတွင်းမှာနေထိုင်တဲ့ ဦးလှငွေ ၅၀ နှစ် ၊ ဒေါ်ချို ၄၁ နှစ်၊ ဒေါ်သီနွယ် ၃၉ နှစ် ၊ မောင်အောင်မျိုးခန့် ၁၄ နှစ်၊ သူတို့ ၄ ဦးက ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်တယ် ၊ ရွာမှာ နွားကျောင်းရင်း ဖမ်းဆီခံရတာဖြစ်တယ် ၊ အခုထိ ဆက်သွယ်မရသေးဘူး “လို့ ကံဇီကျေးရွာဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ကံဇီးကျေးရွာအပြင်ဘက်နားမှာ နေထိုင်တဲ့ လူ ၈ ယောက်ဖမ်းဆီးခံရပြီး လူနေအိမ်တွေပါ မီးလောင်သွားတယ်လို့ ကံဇီးရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ချောင်းဦး မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ကံဇီးကျေးရွာမှာက ရွာလုံခြုံရေးအဖွဲ့ရှိတယ် ၊ ရွာအပြင်ဘက်မှာနေတဲ့ လူ ၈ ဦးနဲ့ ရွာထဲက နွားကျောင်းသွားတဲ့ ၄ ဦး ၊ ပေါင်း ၁၂ ယောက် ဖမ်းဆီးခံထားရတယ် ၊ နောက်ပြီး ရွာပြင်ဘက်က လူနေအိမ် ၉ လုံး မီးလောင်တယ် ၊ အဲ့ဒီ မီးလောင်ပြင်မှာ မီးငြိမ်းသတ်ဖို့သွားတဲ့အခါ မိုင်းထောင် ဖောက်ခွဲခံရလို့ ရဲတပ်ဖွဲ့ဝင် ကျဆုံးတယ် ၊နောက်ပြီး အရပ်သားတစ်ဦးဖြစ်သူ ဦးနန်းဝင်းဆန်း ၄၃ နှစ် မိုင်းစ ထိမှန်တယ် ၊ ဖမ်းဆီးခံရတဲ့သူတွေက အခုထိတော့ အသက်အန္တရာယ် စိုးရိမ်နေရဆဲ”ဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဒေသခံ ရွာသား ၁၂ ဦး ဖမ်းဆီးခံရတာနဲ့ ဘယ်အဖွဲ့စည်းက ဖမ်းဆီးတယ်ဆိုတာ VOM က အတည်မပြုနိုင်ပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ချောင်းဦးမြို့ပေါ်က လဝက ရုံးနား မုံရွာ-မန္တလေး ကားလမ်းပေါ်မှာ လုံခြုံရေးကျ ရဲ ၃ ဦး ပစ်သတ်ခံရပြီး သေနတ် ၄ လက် ပါသွားခဲ့ပါသေးတယ်။

#VOM #voiceofmyanmar #ချောင်းဦး

Related posts

Leave a Comment

VOM News

FREE
VIEW