ဂရိကမ်းရိုးတန်းမှာ သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၇၉ ဦးထက်မနည်းသေဆုံး

အေသင်၊ ဇွန်-၁၅-၂၀၂၃
မျိုးဆက်(VOM)

ဂရိနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမှာ ငါးဖမ်းသင်္ဘောတိမ်းမှောက်မှုကြောင့် လူ ၇၉ ဦးသေဆုံးသွားပြီး ၁၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ကြောင်း တာ၀န်ရှိသူတွေက ဇွန် ၁၅ ရက်မှာ ပြောပါတယ်။

အဲဒီငါးဖမ်းသင်္ဘောပေါ်မှာ ရာနဲ့ချီတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ လိုက်ပါလာခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူတွေနဲ့ ဂရိတာ၀န်ရှိသူတွေက ပြောပါတယ်။

အခုလိုသေဆုံးမှုဖြစ်စဉ်ဟာ ဂရိနိုင်ငံရဲ့အဆိုးရွားဆုံးသော ရွှေ့ပြောင်ဒုက္ခသည် သေဆုံးမှုဖြစ်ပြီး ဂရိအစိုးရက နိုင်ငံမှာသုံးရက်ကြာ ၀မ်းနည်းခြင်းအထိမ်းအမှတ်ကြေညာထားပါတယ်။

သင်္ဘောဟာ ကမ်းခြေစောင့်တပ်ရဲ့ အကူအညီပေးဖို့ ကမ်းလှမ်းမှုကို ငြင်းပမယ်ပြီးနောက် ကမ်းရိုးတန်းကနေ မိုင် ၈၀ အကွာမှာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

အီးယူရဲ့ နယ်စပ်အေဂျင်စီပိုင် လေယာဉ်တစင်းက သင်္ဘောကို နိုင်ငံတကာရေပိုင်နက်မှာ ဇွန် ၁၃ ရက်နှောင်းပိုင်းက နောက်ဆုံးတွေ့ခဲ့ပြီး ဘယ်သူမှ အသက်ကယ်အကျီင်္၀တ်ဆင်မထားကြောင်း ဂရိကမ်းခြေစောင့်တပ်က ပြောပါတယ်။

Ref: BBC
#VOM #voiceofmyanmar #အေသင်

Related posts

Leave a Comment

VOM News

FREE
VIEW