ဘာလင်၊ ဇွန်-၂၄-၂၀၂၃
မျိုးဆက်(VOM)
ဥရောပနိုင်ငံ အများအပြားဟာ ရွှေ့ပြောင်းအခြေချမှုကို ကန့်သတ်ဖို့ ကြိုးစားနေချိန်မှာ ဂျာမနီနိုင်ငံဟာ ရွှေ့ပြောင်းလုပ်သားတွေကို ဆွဲဆောင်ဖို့ ဥပဒေသစ်တရပ်ကို အတည်ပြုလိုက်ပါတယ်။
အဲဒီဥပဒေအရ ဥရောပသမဂ္ဂပြင်ပက ရွှေ့ပြောင်းလုပ်သားတွေအတွက် အဟန့်အတားနည်းပါးစွာနဲ့ ဂျာမနီမှာ အလုပ်လုပ်ကိုင်ဖို့ အခွင့်အလမ်းတွေရှိလာမှာဖြစ်ပါတယ်။
ကနေဒါစတိုင် အမှတ်အခြေခံစနစ်အရ အသက်၊ ကျွမ်းကျင်မှု၊ အရည်အချင်း နဲ့ ဂျာမနီနိုင်ငံနဲ့ ကိုက်ညီမှုရှိမရှိတို့အပေါ် ထည့်သွင်းစဉ်းစားမှာဖြစ်ပြီး လစာ၊ ပညာအရည်အချင်းနဲ့ ဂျာမန်ဘာသာကျွမ်းကျင်မှုအတွက် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးသွားမှာဖြစ်ပါတယ်။
ဒါဟာ အလုပ်ခေါ်စာမရှိဘဲ ရွှေ့ပြောင်းလုပ်သားတွေ ဂျာမနီကို သွားရောက်ဖို့ ပိုမိုလွယ်ကူစေပြီး နောက်ပိုင်းမှာတော့ အိမ်ထောင်ဘက်၊ သားသမီးနဲ့ မိဘတွေကိုပါ ဂျာမနီကို ခေါ်ခွင့်ရမှာဖြစ်ပါတယ်။
ဒါဟာ ဂျာမနီအစိုးရအတွက် ကြီးမားတဲ့ အပြောင်းအလဲတရပ်ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ အလုပ်သမားနည်းပါးမှုနဲ့ ရင်ဆိုင်နေရပြီး သန်းနဲ့ချီတဲ့ အလုပ်လစ်လပ်နေရာတွေကို ဖြည့်တင်းဖို့လိုအပ်ကြောင်း အစိုးရအဖွဲ့၀န်ကြီးတွေက သတိပေးထားပြီး လုပ်သားရှားပါးမှုဟာ ဂျာမနီစီးပွားရေး ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးသော အန္တရာယ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref: BBC
Photo:Anadolu
#voiceofmyanmar #VOM #ဘာလင်