မော်စကို၊ ဇွန်-၂၄-၂၀၂၃
မျိုးဆက်(VOM)
ရုရှားစစ်တပ်ခေါင်းဆောင်တွေကို ဖြုတ်ချဖို့ နည်းပေါင်းစုံနဲ့လုပ်သွားမယ်လို့ ရုရှားကြေးစားစစ်သားအဖွဲ့ဖြစ်တဲ့ ၀ဂ္ဂနာအဖွဲ့အကြီးအကဲ ပရီဂိုဇင်က ကတိပြုပြောဆိုလိုက်ပါတယ်။
ရုရှားအတွက် တိုက်ပွဲ၀င်နေတဲ့ ၀ဂ္ဂနာအဖွဲ့စစ်သားတွေကို ရုရှားကတိုက်ခိုက်မှုပြုခဲ့ကြောင်း ပရီဂိုဇင်က စွပ်စွဲထားပြီး ရုရှားကတော့ ဒီကိစ္စကို ငြင်းဆိုထားပါတယ်။
သူ့ရဲ့ အခုလိုပြောဆိုအပြီးမှာတော့ နာရီပိုင်းအကြာမှာတော့ သူဟာလက်နက်ကိုင် ပုန်ကန်သူအဖြစ် ရုရှားဘက်က စွပ်စွဲလိုက်ပါတယ်။
လက်ရှိမှာတော့ ၀ဂ္ဂနာကြေးစားစစ်သားတွေဟာ ယူကရိန်းနယ်စပ်ကနေ ရုရှားနိုင်ငံထဲကို ဖြတ်ကျော်၀င်ရောက်လာပြီး ရော့စ်တော့ဗ်အွန်ဒွန်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
သူ့လူတွေကို တားဆီးသူမှန်သမျှကို ခြေမှုန်းပစ်မယ်လို့ ၀ဂ္ဂနာအကြီးအကဲ ပရီဂိုဇင်ကပြောပါတယ်။ ၀ဂ္ဂနာကြေးစားအဖွဲ့ဟာ ယူကရိန်းစစ်မြေပြင်မှာ ရုရှားစစ်သားတွေနဲ့အတူ စစ်တိုက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ယူကရိန်းနယ်စပ်အနီးက ၀ဂ္ဂနာအဖွဲ့က ထိန်းချုပ်ထားပြီး ဒေသခံတွေကို နေအိမ်မှာပဲနေဖို့ အမိန့်ထုတ်ထားပါတယ်။ ရုရှားကလည်း လုံခြုံရေးတင်းကြပ်ထားပြီး အင်တာနက်ကိုလည်း ကန့်သတ်ထားကာ မော်စကိုလမ်းတွေပေါ်မှာ စစ်ကားတွေ လှည့်လည်နေကြပါတယ်။
အရပ်ဘက်ယာဉ်တန်းကို ပစ်ခတ်ခဲ့တဲ့ ရုရှားရဟတ်ယာဉ်တစင်းကို ၀ဂ္ဂနာအဖွဲ့က ပစ်ချခဲ့ကြောင်း ပရီဂိုဇင်က အခိုင်အမာပြောဆိုထားပါတယ်။
ယူကရိန်းစစ်ဆင်နွှဲနေတာနဲ့ပတ်သက်ပြီး ၀ဂ္ဂနာအဖွဲ့အကြီးအကဲက ရုရှားစစ်ခေါင်းဆောင်တွေကို မကြာသေးမီက ဝေဖန်မှုတွေကြောင့် နှစ်ဘက်အကြား တင်းမာမှုတွေ ကြီးထွားနေချိန်မှာ အခုလိုပဋိပက္ခတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
Ref: BBC
#voiceofmyanmar #VOM #မော်စကို