ဇွန်၊ ၂၅-၂၀၂၃
MM(VOM)
မွန်ပြည်နယ်၊သထုံမြို့နယ်၊နန်းခဲရပ်ကွက်ကနန်းတော်ဦး ဘုန်းကြီးကျောင်းမှာ မနေ့ ဇွန် ၂၄ ရက်ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး သံဃာ(၁)ပါးပျံလွန်တော်မူခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
“မနေ့ ညပိုင်းက မီးလောင်တာ၊ တစ်ပါးတည်းသီတင်းသုံးတဲ့ကျောင်းဆောင် မီးလောင်တာပါ၊ရေနွေးအိုးပလပ်ခေါင်းကနေတဆင့် အပူလွန်ကဲပြီး အနားက သင်္ဃန်းနဲ့တရားစာအုပ်တွေကို မီးကူးစက်ပြီး စတင်မီးလောင်မှုဖြစ်ပွားခဲ့တာ၊ အဲ့ဒီ သံဃာက မီးလောင်လို့ ပျံလွန်တော်မူတာမဟုတ်ဘူး၊ မီးအားပြင်းပြင်းနဲ့ လောင်တဲ့ မီးကနေ ထွက်လာတဲ့ မီးခိုးငွေ့ကြောင့် Suffocated by The Fumes အရ သေဆုံးရတာပါ၊ ပျံလွန်တော်မူတဲ့ သံဃာရဲ့ သက်တော်က ၇၃ နှစ်ရှိပြီ”လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အဲ့ဒီ မီးလောင်မှုကို သထုံမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၂)စီးနဲ့ငြှိမ်းသတ်ခဲ့ပြီး မိနစ်(၃၀)ဝန်းကျင်မှာ မီးလုံးငြှိမ်းသွားကာ အခြားကို မီးကူးစက်လောင်ကျွမ်းတာမရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် မီးလောင် ပျံလွန်တော်မူခဲ့တဲ့ သံဃာတော်ရဲ့ ရုပ်ကလပ်ကို ဒေသခံတွေ ၊ မီးသတ်ဦးစီးဌာနနဲ့ တာဝန်ရှိသူတွေက စနစ်တကျသဂြိုလ်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာ အခုလို မိုးကာလမှာ မီးလောင်မှုဖြစ် ပေါ်ပြီး လူသေဆုံးတဲ့အထိဖြစ်တဲ့ ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပွားတာလို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
#voiceofmyanmar #VOM #သထုံ #ဘုန်းကြီးကျောင်းမီးလောင်မှု #သံဃာတစ်ပါးပျံလွန်တော်မှု