အရက်သောက်ပြီး ကားမောင်းလို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ နယူးဇီလန်တရားရေး၀န်ကြီး ရာထူးကနေ ချက်ချင်းနှုတ်ထွက်

၀ယ်လင်တန်၊ ဇူလိုင်-၂၄-၂၀၂၃
မျိုးဆက်(VOM)

နယူးဇီလန်တရားရေး၀န်ကြီးသည် ယာဉ်တိုက်မှုဖြစ်ပွားမှုတွင် အရက်သောက်သုံးထားခြင်းရှိမရှိ စစ်ဆေးမှုတွင် အရက်သောက်ထားကြောင်း တွေ့ရှိခဲ့ပြီးနောက် ရာထူးကနေ ချက်ချင်း နှုတ်ထွက်သွားပါတယ်။

အသက် ၃၉ နှစ်အရွယ် တရားရေး၀န်ကြီး ကီရီအလန်ဟာ ယာဉ်ကို ပေါ့လျော့စွာမောင်းနှင်မှု ၊ ဖမ်းဆီးမှုကို ခုခံမှုတို့နဲ့ တရားရုံးမှာ စွဲချက်တင်ခံထားရပါတယ်။

ဒေသစံတော်ချိန် ဇူလိုင် ၂၃ ရက်က ၀ယ်လင်တန်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီယာဉ်တိုက်မှုမှယ ထိခိုက်သေဆုံးမှုမရှိခဲ့ပါဘူး။

ယာဉ်တိုက်မှုကြောင့် အဖမ်းခံရပြီးနောက် ၀န်ကြီးကိုပြန်မလွှတ်မီ ရဲစခန်းမှာ လေးနာရီကြာ ထိန်းသိမ်းခံခဲ့ရပါတယ်။

သူဟာ ၀န်ကြီးချုပ် ခရစ်ဟစ်ကင်စ်ရဲ့ နယူးဇီလန်အစိုးရအဖွဲ့မှာ အောက်တိုဘာလရွေးကောက်ပွဲမကျင်းပပီ မတ်လနောက်ပိုင်း နှုတ်ထွက်သွားတဲ့ စတုတ္ထမြောက် ၀န်ကြီးဖြစ်ပါတယ်။

တရားရေး၀န်ကြီး ကီရီအလန်ဟာ ရာထူးမှနှုတ်ထွက်သွားခဲ့တဲ့ ၀န်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်ရဲ့ နေရာမှာ ဆက်ခံနိုင်သူအဖြစ် ထင်ကြေးပေး ခံခဲ့ရသူတဦးလည်းဖြစ်ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဝယ်လင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW