နိုင်ငံအရှေ့တောင်ပိုင်း စစ်မျက်နှာမှာ ယူကရိန်းတပ်တွေ အသာစီးရရှိနေ

ကိယက်ဗ်၊ ဇူလိုင်-၂၈-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းစစ်တပ်ဟာ နိုင်ငံအရှေ့တောင်ပိုင်း စစ်မျက်နှာမှာ အောင်မြင်မှုတွေရရှိနေကြောင်း ယူကရိန်းတာ၀န်ရှိသူတွေက ဇူလိုင် ၂၈ ရက်မှာပြောပါတယ်။

နိုင်ငံအရှေ့ပိုင်းမှာ ယူကရိန်းတပ်တွေက နယ်မြေသိမ်းပိုက်မှုပြုနေတဲ့ ရုပ်သံကို သမ္မတဇီလန်စကီးက သူ့ရဲ့လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဇာပိုရစ်ဇီးယားမြို့ အရှေ့ဒေသအချို့မှာလည်း ယူကရိန်းတပ်တွေရဲ့ တည်ရှိမှု ခိုင်မာနေတယ်လို့ ဆိုပါတယ်။

ယူကရိန်းဟာ သူ့ရဲ့တန်ပြန်ထိုးစစ်ကို အရှိန်မြှင့်နေကြောင်း အတည်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ ယူကရိန်းဘက်က တိုက်ခိုက်မှုတွေဟာ သိသိသာသာပြင်းထန်လာကြောင်း ရုရှားသမ္မတ ပူတင်က ၀န်ခံပြောဆိုထားပါတယ်။

ဒါပေမယ့် ယူကရိန်းရဲ့တန်ပြန်ထိုးစစ်အားလုံးကို ရပ်တန့်နိုင်ခဲ့ပြီး ရန်သူတွေကို ထိခိုက်ကျဆုံးမှုတွေနဲ့ တွန်းလှန်နိုင်ခဲ့တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။

ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ကို စစ်မျက်နှာအများအပြားမှာ ပြီးခဲ့တဲ့လက စတင်ခဲ့ပေမယ့် စစ်ရေးချိန်ခွင်လျှာကို သိသိသာသာ အပြောင်းအလဲ မပြောင်းလဲနိုင်သေးပါဘူး။

ရုရှားတပ်တွေရဲ့ ခံစစ်စည်းတွေနဲ့ မိုင်းကွင်းတန်းတွေကြောင့် ရလဒ်ကောင်းတွေ အလျင်အမြန်ရနိုင်ဖို့တော့ မဖြစ်နိုင်ကြောင်း ယူကရိန်းစစ်ဗိုလ်ချုပ်တွေက သတိပေးပြောဆိုထားပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW