မူဆယ်မှာ မာရှယ်လော ထုတ်ပြီ

ဇူလိုင် ၃၁၊ ၂၀၂၃

Shy V(VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှာ ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် ဇူလိုင်လ ၂၉ ရက်နေ့ည ၁၀ နာရီကစ မာရှယ်လော ထုတ်ပြန်ထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“တနေ့ည ၁၀ နာရီကစ ထုတ်လိုက်တဲ့ မာရှယ်လော ည အပြင်မထွက်ဖို့ ထုတ်ထားတယ်။” လို့ ဒေသခံ အမျိုးသား တဦးကပြောပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့ညကတော့ နားလည်မှုနဲ့ ပြန်လွှတ်ပေးတာ ရှိပေမယ့် မနေ့ညကတော့ လုံးဝ သွားလာခွင့် မပြုတော့ဘူး လို့ သူက ပြောပါတယ်။

“မနေ့ညက ၁၀ နာရီကျော်ပြီး ထွက်တဲ့ လူတွေကို ဖမ်းထားတာ။” လို့ ဒေသခံ အမျိုး သမီး ၁ ဦးကလည်း ပြောပါတယ်။

ကား ၁၁ စီး နဲ့ ဆိုင်ကယ် ၁ စီးကို ဖမ်းထားဝာာ ကားက ဘယ်လို ကားမျိုးလဲတော့ မသိဘူး လို့သူက ပြောပါတယ်။

အသိပေး ကြေညာဆိုင်းဘုတ်တွေ ကပ်ထားတဲ့ အပြင် လော်စပိတ်ကာတွေနဲ့လည်း လိုက်လံ အော်တာ ရှိတယ်လို့ သူက ဆုပါတယ်။

မူဆယ် မြို့နယ် ပြည်သူ့ဆေးရုံ ဝင်ပေါက်ရှေ့က လမ်းဆုံမှာ ပြီးခဲ့တဲ့၂၉ ရက်နေ့ည ၈ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲပြီး ဆေးရုံဝင်း အစောင့် ၂ ဦးထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

အဲဒီဆေးရုံမှာ ဗုံးပေါက်ကွဲ ပြီးနောက် ၁၀ နာရီခန့်ကစ မူဆယ်မြို့အဝင် တိုးဂိတ်ကို အဝင်အထွက် ပိတ်လိုက်ကာ ည မထွက်ရ အမိန့်ပါ ထုတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo Crd# CJ

#voiceofmyanmar #VOM #မူဆယ် #မာရှယ်လော

Related posts

Leave a Comment

VOM News

FREE
VIEW