ကလေးငယ်တွေအဖြစ်များနေတဲ့ ပြင်းထန်အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းရောဂါနဲ့ ပက်သက်ပြီး အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းနဲ့ ဆက်သွယ်မေးမြန်းချက်။

“အခုက ရောဂါအရ ခေါင်းစဉ်တပ်တာက flu ပေါ့၊ ရာသီတုပ်ကွေးမှာ အဆုတ်ရောင်ရမ်းမှုကို ပိုပြီး ဖြစ်စေတယ် အဲ့ဒီလိုပုံစံမျိုးပေါ့။ ကိုဗစ်ကလည်း ဖြစ်နေတာဆိုတော့ ပြောလို့မရဘူး။ ခုဖြစ်နေတာတွေက ကိုဗစ်လည်း ဖြစ်နိုင်တယ်လေ။ ကိုဗစ်က ဘယ်သူစစ်မလဲဆိုတော့လည်း ဘယ်သူမှ မစစ်ကြဘူး၊ အဲ့ဒီလိုမျိုးတွေဖြစ်နေတယ်”   ဇူလိုင် ၁၂-၂၀၂၃ SN (VOM)   လက်ရှိ ကလေးငယ်အများစုမှာ ပြင်းထန်အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းဆိုတဲ့ ရောဂါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ကျောင်းနေအရွယ် ကလေးတွေမှာလည်း ဒီ အဆုတ်ရောင်ဗိုင်းရပ်စ်ပိုး ကူးစက်မှုဖြစ်ပွားနေတာကြောင့် International Preschool အပါအဝင် တချို့ မူကြိုကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းတွေကို ငါးရက်ကနေ တစ်ပတ်အထိ ပိတ်ထားကြတယ်လို့ ကလေးမိဘတွေဆီက သိရပါတယ်။   ဒါ့အပြင် ချောင်းဆိုး၊ ရင်ကြပ်နေတဲ့ ကလေးတွေကို တစ်ပတ် (ဒါမှမဟုတ်) ၁၀ ရက်ခန့် ကျောင်းမပို့ဖို့နဲ့…

Read More

မကြာမီ ရာပြည့်ကြတော့မည့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီ ၂ ခိုင်

ဆူးငှက်   ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် နေသူရိန်ရုံကြီး၌ “အထက်ဗမာ(မြန်မာ)နိုင်ငံ ကိုယ်လက်ကျန်းမာရေးအသင်းကြီး”၏ ကာယဗလပြပွဲကြီးကျင်းပပြီးနောက်ရက် ဒီဇင်ဘာ (၃ဝ)ရက်နေ့တွင် မန္တလေးမြို့ဆိုင်ရာအစည်းအဝေးကြီးတစ်ခုကိုလည်း ဆက်တိုက်ကျင်းပခဲ့လေသည်။ ထိုအစည်းအဝေးကြီးမတိုင်မီ ဒီဇင်ဘာ ၂၆ရက်နေ့က အစိုးရဗိသုကာကြီးများဖြစ်သော မစ္စတာဘွတ်ရှ်နှင့် ဦးအုန်းသန်းတို့ မန္တလေးမြို့သိုရောက်ရှိလာကြပြီး မြို့မိမြို့ဖများနှင့တွေ့ဆုံကာ မန္တလေးမြို့တော် ပြန်လည်တည်ဆောက်ရေးဆိုင်ရာများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးချက်များကိုအခြေခံပြီး ဒီဇင်ဘာ ၃ဝ ရက်နေ့ နေသူရိန်အစည်းအဝေးကြီးတွင် မြို့လူထုကြီးနှင့်ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြခြင်းဖြစ်သည်။   ထိုဆုံးဖြတ်ချက်များမှာ (၁)လောကဓာတ်နည်းအားဖြင့် ပြန်လည်ထူထောင်ရေးစနစ်ကိုတိုးတက်စေရန် ဗမာ(မြန်မာ)နိုင်ငံထူထောင်ရေးအဖွဲ့ တစ်ဖွဲ့ မန္တလေးတွင် ဖွဲ့စည်းရန်။ (၂) သာသနာရေးအဆောက်အဦများနှင့နေရာများကို မထိခိုက်စေဘဲ တိုင်းသူပြည်သားတို့၏ လိုအပ်သော အရာများကို အခြေပြု၍ခေတ်မှီနည်းအရ မန္တလေးမြို့ကြီးကို ပြန်လည်တည်ဆောက်ရန် စသည်တို့ဖြစ်၏။ ထိုဆုံးဖြတ်ချက် များနှင့်ပတ်သက်၍ ကနဦးလုပ်ဆောင်ချက်များအနေနှင့် စိန်ပန်း၊မင်းတဲအီကင်းစသည့် အနောက်ပိုင်း မြေနိမ့်ရေဝင်ရပ်ကွက်များကိုပြုပြင်ရန်၊ နန်းမြို့အတွင်း၌ ဆေးရုံများ၊ကျောင်းများ၊ ရုံးများ…

Read More

နမ့်တောင်းရွာမှာ TNLA စစ်သားတွေ ပစ်ခတ်ခံရလို့ ၂ ဦး သေဆုံး

ဇူလိုင် ၁၁၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်နဲ့ ပန်ဆိုင်း(ကြူကုတ်)မြို့ကြားရှိ နမ့်တောင်းရွာမှာ ဒီနေ့ ဇူလိုင် ၁၁ ရက် မနက် ၁၀ နာရီကျော်ခန့်က ရွာအဝင် ဆိုင်းဘုတ်နားမှာ TNLA စစ်သားတွေ ပစ်ခတ်ခံရလို့ ၂ ဦး သေဆုံးကြောင်း မျက်မြင်ဒေသခံတွေဆီက သိရပါတယ်။ “ကျွန်တော်တို့ ဖြတ်လာတော့ ပလောင်စစ်သား ၂ ယောက် လမ်းပေါ်မှာ ပစ်ခံထားရတာ။ သေလားရှင်လားတော့ မသိဘူး။ အဲဒီအချိန်တော့ ဘယ်သူမှ လာမကောက်သေးဘူး၊ TNLA စစ်သားတွေ စောင့်နေကျ ၁၀၅ မိုင် ဘက်ကနေ နမ့်တောင်းရွာအဝင် ဆိုင်းဘုတ်နားမှာ ပစ်ခတ်ခံရတာ။” လို့ လမ်းသွားလမ်းလာ ၁ ဦး က ပြောပါတယ်။ နမ့်တောင်း ဒေသခံ ၁ ဦးကလည်း “ရွာဆိုင်းဘုတ်…

Read More

အိန္ဒိယမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူအယောက် (၂၀) သေဆုံး၊ မြို့တော်ဒေလီမှာ သတိပေးချက် ထုတ်ပြန်ထား

ဒေလီ ၊ ဇူလိုင်-၁၁-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ဇူလိုင် ၈ ရက်နောက်ပိုင်း လူ အယောက် ၂၀ သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ လာမယ့် သောကြာနေ့ထိ ဆက်လက်ရွာသွန်းဖွယ်ရှိတဲ့ မိုးကြောင့် ပြည်နယ်အများအပြားမှာ သစ်ပင်တွေပြိုလဲခြင်း၊ နေအိမ်တွေ ရေကြီးရေလျှံခြင်းနဲ့ အဓိကလမ်းမကြီးတွေ ပိတ်ဆို့မှုဖြစ်ပွားခဲ့ပါတယ်။ ယမုံနာမြစ်ရေဟာ အန္တရာယ်ရှိတဲ့အဆင့်ထိ မြင့်တက်နေပြီး ဇူလိုင် ၁၁ ရက်မှာတော့ မြို့တော်ဒေလီမှာ ရေကြီးရေလျှံသတိပေးချက်ကို အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။ မြစ်ကမ်းအနီးနေထိုင်တဲ့ ထောင်ပေါင်းများစွာသော ဒေသခံတွေကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးထားပြီး ထိခိုက်လွယ်တဲ့ အခြားနေရာမှာ နေသူတွေကိုလည်း လိုအပ်ရင် ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် စာသင်ကျောင်းတွေကိုလည်း ဒုတိယမြောက်နေ့အဖြစ် ပိတ်ထားရပါတယ်။ မြို့တော်ဒေလီအတွက် လာမယ့်နှစ်ရက်အတွင်း အခြေအနေကို သတိထားကြရန် ဒေလီ၀န်ကြီးချုပ် Arvind Kejriwal ကပြောကြားထားပြီး ဘယ်လိုအခြေအနေမျိုးကိုမဆို ကိုင်တွယ်ဖြေရှင်းဖို့…

Read More

ရုရှားစစ်တပ်ကို ပုန်ကန်ခဲ့တဲ့ ကြေးစားအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်နဲ့ သမ္မတပူတင်တွေ့ဆုံ

မော်စကို၊ ဇူလိုင်-၁၁-၂၀၂၃ မျိုးဆက်(VOM) လွန်ခဲ့တဲ့လက ၀ဂ္ဂနာကြေးစားစစ်သားအဖွဲ့ရဲ့ မအောင်မြင်တဲ့အာဏာသိမ်းမှုအပြီးမှာ အဖွဲ့ခေါင်ဆောင် ပရီဂိုဇင်ဟာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံခဲ့ကြောင်း ရုရှားသမ္မတနန်းတော်က ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီလို ပူတင်နဲ့တွေ့ဆုံရာမှာ ပရီဂိုဇင်နဲ့အတူ ၀ဂ္ဂနာကြေးစားအဖွဲ့ တပ်မှူး ၃၅ ဦးပါ၀င်ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောပါတယ်။ ယူကရိန်းစစ်ပွဲအတွက် အားထုတ်မှုတွေနဲ့ ၀ဂ္ဂနာအဖွဲ့ရဲ့ ပုံကန်မှုတို့နဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်က ဆွေးနွေးအကဲဖြတ်ခဲ့ကြောင်း ဒီမီထရီပက်စကော့ဗ်က ပြောပါတယ်။ ၀ဂ္ဂနာအဖွဲ့ရဲ့ ဇွန် ၂၃ ရက်နေ့က ပုန်ကန်မှုဟာ ၂၄ နာရီသာ ကြာမြင့်ခဲ့ပါတယ်။ ၀ဂ္ဂနာအဖွဲ့ဟာ ပုန်ကန်မှုအတွင်း ရုရှားမြို့တစ်မြို့ကို သိမ်းပိုက်ထိမ်းချုပ်ခဲ့ပြီးနောက် ပုန်ကန်မှုအဆုံသတ်ဖို့ သဘောတူညီချက်အရ ပရီဂိုဇင်ဟာ ဘီလာရုစ်ကို ပြောင်းရွှေ့နေထိုင်မယ်လို့ သဘောတူခဲ့ပါတယ်။ ၀ဂ္ဂနာကြေးစားအဖွဲ့နဲ့ ရုရှားစစ်တပ်တို့အကြား အဲဒီမတိုင်မီ လူသိရှင်ကြား အပြန်အလှန်ဝေဖန်ပြောဆိုမှုတွေ ဖြစ်ပွားခဲ့ပြီး ၀ဂ္ဂနာအဖွဲ့အတွက် လက်နက်ခဲယမ်းတွေ…

Read More

ပေါက်မြို့နယ်မှာ လုယက်မှုဖြစ်ပွားပြီး လူ ၆ ယောက်သေဆုံး

ဇူလိုင် ၊ ၁၁-၂၀၂၃ SP (VOM) မကွေးတိုင်း ၊ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ တပ်ကုန်းကျေးရွာနဲ့ ရွာသစ်ကျေးရွာတွေမှာ ဒီမနက် အစောပိုင်း ၅ နာရီဝန်းကျင်ခန့်က လုယက်မှုတွေဖြစ်ပွားခဲ့တာကြောင့် ရွာခံလူ ၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပေါက်နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်းက ရွာသစ်ကျေးရွာနဲ့ တပ်ကုန်းကျေးရွာတွေဘက်ကို အုပ်စုဖွဲ့ လုယက်ခံရတာတွေဖြစ်တယ် ၊ ကနဦး သိရတာတော့ ရွာသစ်ကျေးရွာက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦး သေဆုံးတယ်လို့ သိရတယ် ၊ ဒီနေ့ခင်းအထိ အလောင်းမကောက်ရသေးဘူး”လို့ ပေါက်ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူတယောက်က ” ဒီမနက် မိုးလင်းခါစမှာ ပေါက်မြို့နယ် ၊ ရွာသစ်ကျေးရွာကို…

Read More

နေတိုးအဖွဲ့ထဲ ဆွီဒင်၀င်ရောက်ဖို့ အဖွဲ့၀င်နိုင်ငံအားလုံး သဘောတူပြီ

၀ါရှင်တန်၊ ဇူလိုင်-၁၁-၂၀၂၃ မျိုးဆက်(VOM) နေတိုးအဖွဲ့ထဲကို ဆွီဒင်နိုင်ငံ၀င်ရောက်ရေး ထောက်ခံဖို့ တူရကီသမ္မတ အာဒိုဂန်က သဘောတူလိုက်ကြောင်း နေတိုးအဖွဲ့အကြီးအကဲ ယန်းစတိုတန်ဘာ့ဂ်က ဇူလိုင် ၁၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နေတိုးအကြီးအကဲ စတိုတန်ဘာ့ဂ်ဟာ လစ်သူယေးနီးယားနိုင်ငံမှာ တူရကီသမ္မတ ဆွီဒင်၀န်ကြီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ဇူလိုင် ၁၀ ရက်နှောင်းပိုင်းမှာ အဲဒီသဘောတူညီချက်ကို ကြေညာခဲ့တာဖြစ်ပါတယ်။ ဆွီဒင်၏ ကြိုးပမ်းမှုနဲ့ပတ်သက်၍ တူရကီပါလီမန်သို့ တင်ပြကာ အတည်ပြုသွားမည်ဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန်က အတည်ပြုပြောပါတယ်။ ယင်းသို့သဘောတူလိုက်ခြင်းအပေါ် လွန်စွာ၀မ်းမြောက်ကြောင်း ဆွီဒင်၀န်ကြီးချုပ်က ပြောပါတယ်။ လက်ရှိမှာတော့ ဆွီဒင်နေတိုးအဖွဲ့၀င်နိုင်ဖြစ်လာရေးကို အဖွဲ့၀င်နိုင်ငံအားလုံးက ကန့်ကွက်တဲ့နိုင်ငံမရှိ သဘောတူပြီဖြစ်ပါတယ်။ ဆွီဒင်ဟာ ကာ့ဒ်စစ်သွေးကြွတွေကို ကျောထောက်နောက်ခံပြုတ်ာဆိုပည နေတိုးအဖွဲ့ကို ဆွီဒင်၀င်ရောက်ရေး လျှောက်ထားမှုကို တူရကီက လပေါင်းများစွာ ပိတ်ဆို့ထားခဲ့ပါတယ်။ နေတိုးအဖွဲ့ထဲကို အဖွဲ့၀င်နိုင်ငံသစ် ၀င်ရောက်ရေးမှာ အဖွဲ့၀င်နိုင်ငံအားလုံးရဲ့ သဘောတူထောက်ခံချက်လိုအပ်ပါတယ်။ တူရကီသမ္မတရဲ့ ကတိက၀တ်ကို ကြိုဆိုကြောင်း…

Read More

ချင်းပြည်နယ်က စစ်ဘေးရှောင်အများစု ငှက်ဖျားရောဂါဖြစ်ပွားနေပြီး ဆေးဝါးလိုအပ်ချက်ရှိနေ

ဇူလိုင် ၁၁ – ၂၀၂၃ GG (VOM) ချင်းပြည်နယ်ထဲက ဒေသခံ စစ်ဘေးရှောင်တွေမှာ ငှက်ဖျားရောဂါဖြစ်ပွားမှု များပြားနေပြီး ဆေးဝါးမလုံလောက်မှု လိုအပ်ချက်တွေဖြစ်ပေါ်နေတယ်လို့ ချငပြည်နယ်တွင်း ဆေးကုသမှုတွေ ကူညီဆောင်ရွက်ပေးနေတဲ့ ချင်းရေးရာအဖွဲ့ချုပ် ICA အဖွဲ့ဆီကနေ သိရပါတယ်။ ချင်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ဒေသခံတွေဟာ နေရပ်ကိုစွန့်ခွာပြီး စစ်ဘေးရှောင်စဥ် အမိုး ၊အကာ ၊ နေရာထိုင်ခင်း မပြည့်စုံတာ ၊လိုအပ်တဲ့ ဆေးဝါးတွေ မသုံးစွဲနိုင်တာ ၊ ကူးစက်မှုမြန်တာ စတဲ့အခက်အခဲတွေကြောင့် အခုနှစ်မိုးရာသီမှာ ငှက်ဖျားရောဂါဖြစ်ပွားသူဦးရေ အများအပြားတွေ့ရှိရတာဖြစ်တယ်လို့ သိရပါတယ်။ “ကိန်းဂဏန်းအရတော့ ပြောဖို့ခက်တယ်၊ကျနော်တို့က မိုဘိုင်းလ်ဆေးကုသတာ၊ကျနော်တို့ဆေးရုံ ဆေးခန်းမှာလာကုသတာတွေအပေါ် ကြည့်ပြီးသုံးသပ်တာပေါ့။ ဒီနှစ် ဆေးခန်းလာပြသူတွေ ၊ မိုဘိုင်းလ်ဆေးကုသမှုတွေအရ ၃၀ ရာခိုင်နူန်းလောက် ငှက်ဖျားဖြစ်နေတာ တွေ့ရတာပေါ့၊တချို့​စစ်ဘေးရှောင်တွေကကျတော့ ရွာအပြင်မှာ တဲဆောက်နေရတာတွေဖြစ်တော့ ငှက်ဖျားရောဂါဖြစ်ပွားမှုနူန်း ပိုများလာတာထင်ပါတယ်”လို့ ချင်းရေးရာအဖွဲ့ချုပ်၊ လက်ထောက်ညွှန်ကြားရေးမှူး…

Read More

ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(အာဆာ) ထိပ်တန်းတပ်မှူး ဘင်္ဂလားဒေ့ရ်ှရဲတပ်ဖွဲ့နဲ့ တိုက်ပွဲအတွင်း သေဆုံး

ဒါကာ၊ ဇူလိုင်-၁၀-၂၀၂၃ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အရှေ့တောင်ဘက် ကော့ဘဇားကမ်းရိုးတန်းမှာ ဇူလိုင် ၁၀ ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရဲတပ်ဖွဲ့နဲ့ တိုက်ပွဲအတွင်း အာရခန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်(အာဆာ) အဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးတဦး သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရ်ှထိပ်တန်းတာ၀န်ရှိသူတဦးက အတည်ပြုပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာ ညီညွှတ်ရေးအဖွဲ့ (အာအက်စ်အို)အဖွဲ့၀င်ငါးဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ အာဆာအဖွဲ့ဟာ ကော့ဘဇားဒုက္ခသည်စခန်း အမှတ် ၁၇ ကို လက်နက်ကိုင်အင်အား အယောက် ၁၀၀ နဲ့တိုက်ခိုက်ဖို့ ကြံစည်နေကြောင်း သတင်းရရှိခဲ့တယ်လို့ ရဲတပ်ရင် ၁၄ မှ တပ်မှူး Syed Haroon က အန်နာဒိုလူသတင်းဌာနကို ပြောပါတယ်။ ရဲတပ်ဖွဲ့ရောက်ရှိချိန်မှာတော့ အာဆာအဖွဲ့ဟာ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး နှစ်နာရီကြာ တိုက်ပွဲအပြီးမှုာတော့ အာဆာအဖွဲ့ရဲ့ တပ်မှူး ဟူစိန်မက်ဂ်ျဟီ ဆိုသး သေဆုံးသွားတာကြောင့် ထွက်ပြေးသွားကြတယ်လို့ သူက ပြောပါတယ်။ အဲဒီနောက် လက်နက်ခဲယမ်းတွေ၊…

Read More

တရုတ်နိုင်ငံက မူကြိုကျောင်းမှာ ဓါးနဲ့တိုက်ခိုက်မှုကြောင့် ကလေးတွေအပါအ၀င် ခြောက်ယောက်သေဆုံး

ပေကျင်း၊ ဇူလိုင်-၁၀-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံအရှေ့ပိုင်း ကွမ်တုံပြည်နယ်ရှိ မူကြိုကျောင်းမှာ ဓါးနဲ့တိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးဦးအပါအ၀င် လူခြောက်ဦးသေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လီကျန်မြို့က မျိုးရိုးနာမည် ဝူအမည်ရှိ အသက် ၂၅ နှစ်အရွယ်အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။ သေဆုံးသူတွေထဲ ကျောင်းဆရာတဦးနဲ့ ကျောင်းသားမိဘနှစ်ဦးဖြစ်ကြောင်း ဒေသန္တရတာ၀န်ရှိသူတွေကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။ မူကြိုကျောင်းမှာ ဓါးနဲ့တိုက်ခိုက်မှုဟာ ဇူလိုင် ၁၀ ရက် ဒေသစံတော်ချိန်နံနက် ၇ နာရီ ၄၀ မိနစ်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓါးနဲ့တိုက်ခိုက်သူဟာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ တရုတ်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုရာဇ၀တ်မှုတွေမှာ ရှားရှားပါးပါးဖြစ်ပြီး မကြာသေးမီနှစ်တွေအတွင်း နိုင်ငံတွင်းရှိ စာသင်ကျောင်းတွေအပါအ၀င် အခြားနေရာတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ တိုးမြှင့်လာခဲ့ပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar…

Read More
VOM News

FREE
VIEW