မူဆယ်နယ်စပ်မှာ တရုတ်ငွေဈေး ထိုးတက်လာ

ဩဂုတ် ၁၀၊ ၂၀၂၃ Shy V(VOM) မြန်မာ – တရုတ် နယ်စပ် ရွှေလီနဲ့ မူဆယ်မှာ ဒီ ကနေ့ ဩဂုတ် ၁၀ ရက်နေ့မှာတော့ တရုတ်ငွေ ၁ ယွမ်ကို ၄၈၀ နဲ့ ၅၀၀ ကြားထိ ‌တရုတ်ငွေဈေး ထိုးတက်လာတယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။ “ငွေဈေးက လဲနေရင်းတန်းလန်း တရိပ်ရိပ်တက်လာနေတာ။” လို့ နယ်စပ် အရောင်းအဝယ်လုပ်နေသူ ၁ ဦးက ပြောပါတယ်။ ဒီရက်ပိုင်းမှာ တရုတ်ငွေဈေးက ပိုပို တက်လာတာ ဖြစ်ပြီး ဒီနေ့ ညနေ ၅ နာရီ အချိန်မူဆယ်မှာ ငွေလဲလှယ်နှုန်း ပေါက်ဈေးက တရုတ်‌ယွမ်ပေး မြန်မာ‌ကျပ်ယူမယ်ဆိုရင် ၁ ယွမ်ကို ၄၈၀ ကျပ် ဈေးပေါက်တယ်လို့ ငွေလဲလှယ်လုပ်ငန်းလုပ်‌နေတဲ့ အမျိုး သမီး ၁ ဦးကပြောပါတယ်။…

Read More

ရွှေဈေး၊ ဘတ်ဈေးနဲ့ ဒေါ်လာဈေး စံချိန်တင် မြင့်တက်လာ

ဩဂုတ် ၁၀ – ၂၀၂၃ SN (VOM) ဒီနေ့ ဩဂုတ် ၉ရက် နေ့လယ်ပိုင်းကစလို့ ပြင်ပဈေးကွက်မှာ ရွှေစျေး၊ ဘတ်ဈေးနဲ့ ဒေါ်လာဈေး စံချိန်တင် မြင့်တက်လာတယ်လို့ ရွှေကုန်သည်နဲ့ ‌နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတွေဆီက သိရပါတယ်။ “အခေါက်ရွှေကတော့ အရင်ကတည်းက အရောင်းအဝယ် သိပ်မရှိတာပါ။ အခုက ၁၅ ပဲရည်အရောင်းပဲ ရှိတယ်။ ၁၅ ပဲရည်ကတော့ ၃၅၀၅၀၀၀ ကျပ်နဲ့ ရောင်းပါတယ်”လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ပြင်ပရွှေဈေးဟာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၅ သိန်းဝန်းကျင်၊ ကန်ဒေါ်လာလဲနှုန်း ၃၄၀၀ ဝန်းကျင်၊ ထိုင်းဘတ် ၉၈ ကျပ်ဝန်းကျင်နဲ့ အမြင့်ဈေးတန်းမှာ ငြိမ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ အခေါက်ရွှေ တစ်ကျပ်သား ရောင်းဈေး ၃၇၂၀၀၀၀ ကျပ်၊ ဝယ်ဈေး…

Read More

ဟာဝိုင်အီမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် လူ ၃၆ ဦးထက်မနည်းသေဆုံး

ဝါရှင်တန်၊ သြဂုတ်-၁၀-၂၀၂၃ မျိုးဆက်(VOM) ဟာဝိုင်အီကျွန်းရှိ မာယူအီမှာလောင်ကျွမ်းနေတဲ့တောမီးကြောင့် လူ ၃၆ ဦးထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဟာရီကိန်းမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှုတွေက တောမီးလောင်ကျွမ်းမှု ပိုမိုဆိုးရွားနေပြီး ရာနဲ့ချီတဲ့ အဆောက်အအုံတွေပျက်စီးမှုတွေ ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ထောင်နဲ့ချီတဲ့ဒေသခံတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားပြီး အရေးပေါ်အခြေအနေကြေညာထားကာ ရှာဖွေကယ်ဆယ်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်နေပြီး အခြေအနေကို ဆက်လက်စောင့်ကြည့်နေကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ လက်ရှိမှာတော့ ဒေသရဲ့အခြေအနေဟာ လုံခြုံမှုရှိတဲ့ အခြေအနေမဟုတ်ကြောင်းနဲ့ ထိန်းချုပ်နိုင်ဖို့ အရင်းအမြစ်အားလုံး အသုံးပြုနေကြောင်း ဟာဝိုင်အီပြည်နယ်အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်လေ့ရှိတဲ့ မာယူအီတွင် ယာယီခိုလှုံရေးစခန်း ငါးခုထိ ဖွင့်ထားရပြီး ခရီးသွားဧည့်သည်တွေ မလာဖို့ လတ်တလော တားမြစ်ထားပါတယ်။ မီးငြှိမ်းသတ်ရေးအတွက် မြေပြင်နဲ့ ဝေဟင်က ရဟတ်ယာဉ်တွေနဲ့ပါ ကြိုးစားနေကြပါတယ်။ ကျွန်းပေါ်ရှိ အဓိကခရီးသွားနေရာတစ်ခုဖြစ်တဲ့ လဟိုင်းနားကတော့ တောမီးလောင်ကျွမ်းမှုကြောင့် အကြီးအကျယ်…

Read More

ပါကစ္စတန်ပါလီမန်ကို တရားဝင်ဖျက်သိမ်း၊ ရွေးကောက်ပွဲသစ်ကျင်းပဖို့ နှောင့်နှေးဖွယ်ရှိနေ

အစ္စလာမ္မစ်ဘတ်၊ သြဂုတ်-၁၀-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံမှာ ပါလီမန်ကို တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး ရက်ပေါင်း ၉၀ အတွင်းကျင်းပဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲတွေ နှောင့်နှေးဖွယ်ရှိနေပါတယ်။ ပါကစ္စတန်သမ္မတ အာရစ်ဖ်အယ်လ်ဗီရဲ့ အမိန့်နဲ့ ပါလီမန်ကို သြဂုတ် ၉ ရက်မှာ ဖျက်သိမ်းခဲ့ပြီး အိမ်စောင့်အစိုးရက တာဝန်ယူသွားမှာဖြစ်ကာ ဝန်ကြီးချုပ် ရှာရစ်ဖ်နဲ့ အစိုးရအဖွဲ့ဟာ သုံးရက်အတွင်း ကြားဖြတ်အစိုးရခေါင်းဆောင် အမည်စာရင်းတင်သွင်းရမှာဖြစ်ပါတယ်။ သန်းကောင်စာရင်းကောက်ယူပြီးတာနဲ့ ရွေးကောက်ပွဲကျင်းပဖို့ လေးလအချိန်ယူရမှာဖြစ်ပြီး ရလဒ်အနေနဲ့ လာမယ့်နှစ်ထိ ရွေးကောက်ပွဲရွှေ့ဆိုင်းနိုင်ကြောင်း ပါကစ္စတန်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ အမျိုးသားစည်းလုံးညီညွတ်မှုမရှိဘဲ တိုင်းပြည်မတိုးတက်နိုင်ကြောင်း ဝန်ကြီးချုပ်မစ္စတာရှာရစ်ဖ်က သတိပေးထားပြီး ယခုနှစ်အတွင်း ရွေးကောက်ပွဲတွေ ကျင်းပနိုင်မည်မဟုတ်ကြောင်း သူကသတင်းထောက်တွေကို ပြောပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း မစ္စတာအီမရာခန်းကို လွန်ခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးခဲ့ပြီး နိုင်ငံရေးလုပ်ခွင့် ငါးနှစ်ပိတ်ပင်ကြောင်း ရွေးကောက်ပွဲတာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ မေလအတွင်းက သူ့ကို အကျင့်ပျက်ချစားမှုစွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ရာ ထောက်ခံသူတွေရဲ့ဆန္ဒပြပွဲအတွင်း လူရှစ်ဦးသေဆုံးပြီး…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၀ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၀ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၄၇၅ ကျပ် ဝယ်ဈေး – ၃၄၄၅ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၅၂၅ ကျပ် ဝယ်ဈေး – ၂၅၀၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၂၀ ကျပ် ဝယ်ဈေး – ၃၆၀၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၅ ကျပ် ဝယ်ဈေး – ၉၇.၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၀ ကျပ် ဝယ်ဈေး –…

Read More

သမ္မတဂျိုးဘိုင်ဒင်ကို ခြိမ်းခြောက်တဲ့အမျိုးသား အက်ဖ်ဘီအိုင်ရဲ့ စီးနှင်းမှုအတွင်း ပစ်သတ်ခံရ

ဝါရှင်တန်၊ သြဂုတ်-၁၀-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့အခြားတာဝန်ရှိသူတွေကို အွန်လိုင်းကနေ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတဦးဟာ အက်ဖ်ဘီအိုင်ရဲ့ စီးနှင်းမှုတခုအတွင်း၌ ပစ်သတ်ခံခဲ့ရပါတယ်။ သမ္မတဂျိုးဘိုင်ဒင် ယူတားပြည်နယ်ကို သွားရောက်ဖို့စီစဉ်ထားတဲ့ နာရီပိုင်းအလမှာ အက်ဖ်ဘီအိုင်အေဂျင့်တွေဟာ ပြည်နယ်တွင်းရှိ ခြိမ်းခြောက်သူဖြစ်တဲ့ ခရက်ရောဘတ်ဆန် ဆိုသူရဲ့ နေအိမ်မှာ သူ့ကို ဖမ်းဆီးဖို့ကြိုးပမ်းခဲ့ပါတယ်။ ရာဇဝတ်မှုဆိုင်ရာ တိုင်တန်းချက်တခုမှာတော့ ရာဘတ်ဆန်ဟာ မစ္စတာဘိုင်ဒင်အပြင် ဒေါ်နယ်ထရန့်ကို ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ခဲ့တဲ့ အစိုးရရှေ့နေတဦးကိုလည်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ခြိမ်းခြောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဆားလိတ်မြို့ရဲ့တောင်ဘက် မိုင် ၄၀ အကွာရှိ ပရိုဗိုမှာ သြဂုတ် ၉ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၅ မိနစ်မှာ ခြိမ်းခြောက်ခဲ့သူကို အက်ဖ်ဘီအိုင်က ဝင်ရောက်စီးနှင်းခဲ့ခြင်းဖြစ်ပြီး ကျန်အသေးစိတ်အချက်အလက်တွေကို အက်ဖ်ဘီအိုင်က ထုတ်ပြန်ခြင်းမရှိပါဘူး။ သမ္မတဂျိုးဘိုင်ဒင်ဟာ ယူတားပြည်နယ်သို့ ပထမဆုံးအကြိမ်အဖြစ် သြဂုတ် ၁၀ ရက်မှာ…

Read More

စစ်ကိုင်းတိုင်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ လူပေါင်း ၈၀ ကျော် သေဆုံးခဲ့

သြဂုတ် ၊ ၁၀ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်းထဲက မြို့ကြီးတွေနဲ့ ကျေးရွာတွေမှာ၂၀၂၁ မေလကနေ ၂၀၂၃ သြဂုတ် ၉ ရက်အထိ ၂ နှစ်ကျော်ကာလအတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ထိမှန် သေဆုံးရသူ ၈၀ ကျော်ရှိသွားပြီလို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ သြဂုတ် ၉ ရက် ည ၇ နာရီဝန်းကျင်မှာ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ မကျီးတုံးကျေးရွာဘက်ကို လက်နက်ကြီးကျည် ၅ ချက် ကျရောက်ပေါက်ကွဲတယ် ၊ မကျီးတုံးရွာက ဘုန်းကြီးကျောင်းပေါ်ကို ကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒီကျောင်းမှာ စာဝါလိုက်နေတဲ့ ကိုရင် ရှင်ပညိန္ဒ သက်တော် ၁၄ နှစ် ၊ ဝါတော် ၅ ဝါ အပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲကာ…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၁၀ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၁၀ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၄၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #Voiceofmyanamr#VOM # Dailygoldprice # August-10

Read More

This Day in History: August-10

This Day in History: August-10 Voice of Myanmar အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင် ရာထူးမှနှုတ်ထွက်သွားပြီးနောက် ဒုတိယသမ္မတဖြစ်သူ ဂျရယ်ဖို့ဒ်သည် ၁၉၇၄ ခုနှစ် သြဂုတ် ၁၀ ရက်တွင် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ၎င်းသည် အမေရိကန်သမိုင်းတွင် ရွေးကောက်ပွဲယှဉ်ပြိုင်ခြင်းမရှိဘဲ သမ္မတဖြစ်လာသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ #voiceofmyanmar#VOM #thisdayinhistory #August-10

Read More

မဟာမြိုင် ကားလမ်းမှာ တိုက်ပွဲဖြစ်နေလို့ ကားတွေ ရာနဲ့ချီပိတ်မိနေ

သြဂုတ် ၊ ၁၀ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ အောင်ချမ်းသာကျေးရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် မဟာမြိုင်ကားလမ်းမှာ ကားတွေရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” အောင်ချမ်းသာရွာနားမှာ တိုက်ပွဲဖြစ်တာပါ ၊ ဒီလ ၆ ရက်နေ့ကတည်းကဖြစ်တာလို့ သိရတယ် ၊အခုထိတော့ သေနတ်သံတွေ ၊ ရဟတ်ယာဥ်အသံတွေ ကြားရတယ် ၊အဲ့ဒါကြောင့် မဟာမြိုင်ကားလမ်းမှာ ကားတွေက နီးစပ်ရာ နေရာတွေမှာ ခိုနေရတယ် ၊ အတက်ကားတွေက ကံထူးမ ၊ တောကျင် ၊ ပျဥ်းကိုင်း ၊သက္ကယ်ကျင်း စတဲ့ရွာတွေမှာ စခန်းချ ခိုလှုံနေတယ် ၊အဆင်းကားတွေကတော့ ကလေးဝဘက်မှာ ခိုကြတယ်”လို့ ကားသမားတယောက်က ပြောပါတယ်။ မဟာမြိုင်တိုက်ပွဲနဲ့ပတ်သက်ပြီး ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အောင်ချမ်းသာရွာက…

Read More
VOM News

FREE
VIEW