ဂရန်မြေကွက်တွေ အရောင်းအဝယ်ပိုဖြစ်နေတဲ့ အိမ်ခြံမြေဈေးကွက်

ဩဂုတ် ၁၄ – ၂၀၂၃ SN (VOM) လက်ရှိ အိမ်ခြံမြေဈေးကွက်အတွင်းမှာ ပါမစ်မြေ၊ စလစ်မြေတွေထက် ဂရန်မြေကွက်တွေ အရောင်းအဝယ် ပိုဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ လတ်တလောမှာ အိမ်ခြံမြေဈေးကွက်အတွင်း မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ မြေအရောင်းအ၀ယ် ဆောင်ရွက်မှုတွေရှိနေတာကြောင့် ပါမစ်မြေ၊ စလစ်မြေတွေထက် ပိုင်ဆိုင်မှုခိုင်မာတဲ့ ဂရန်မြေ (မြေပိုင်မြေအမည်ပေါက်)တွေကို ဝယ်ယူမှု ပိုမိုများပြားလာတာဖြစ်တယ်လို့ သိရပါတယ်။ “ဒီဘက်ခေတ်မှာ အိုင်တီနည်းပညာတွေ အရမ်းကျွမ်းကျင်ကြတော့ ပါမစ်အတု၊ စလစ်အတုတွေက အစစ်လိုပဲ ခွဲမရဘူး။ စာရွက်စာတမ်းအတုတွေနဲ့ လိမ်လည်တာတွေလည်း အရင်ကထက်ပိုပြီး များလာတယ်။ အဲ့ဒါကြောင့် အရောင်းအဝယ်သမားတွေက ဂရန်မြေဘက်ကို ခြေဦးလှည့်လာကြတာ။ အရင်ကတော့ ဂရန်မြေတွေက ဝယ်ပြီးရင် အခွန်ဆောင်ရတာတွေရှိတော့ ဘယ်သူမှ သိပ်စိတ်မဝင်စားကြဘူး”လို့ မြောက်ဒဂုံမြို့နယ်က အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။ အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ရာမှာ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ စလစ်မြေ အမျိုးမျိုးရှိတဲ့အထဲကမှ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၄ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၄ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၆၀၀ ကျပ် ဝယ်ဈေး – ၃၅၅၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၆၀၀ ကျပ် ဝယ်ဈေး – ၂၅၁၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၀၀ ကျပ် ဝယ်ဈေး – ၃၇၆၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၅ ကျပ် ဝယ်ဈေး – ၉၈.၀၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၇၀ ကျပ် ဝယ်ဈေး – ၇၅၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၁ ကျပ် ဝယ်ဈေး –…

Read More

အိန္ဒိယမှာ ရှေးဟောင်းဟိန္ဒိဘုရားကျောင်းပြိုကျမှု ကိုးဦးသေဆုံးပြီး ဒါဇင်များစွာ ပိတ်မိနေ

ဒေလီ၊ သြဂုတ်-၁၄-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမာချယ်ပရာဒေ့ရှ်ပြည်နယ်မှာ ရှေးဟောင်းဟိန္ဒိဘုရားကျောင်း ပြိုကျမှု သြဂုတ် ၁၄ ရက်မှာ ဖြစ်ပွားခဲ့တာကြာင့် လူကိုးဦးသေဆုံးပြီး ဒါဇင်များစွာ ပိတ်မိနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ နာမည်ကျော်ခရီးသွားမြို့ဖြစ်တဲ့ ရှင်မ်လာရှိ ဟိန္ဒိဘုရာကျောင်း မြေပြိုမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပူတပြင်း လုပ်ဆောင်နေပါတယ်။ အပျက်အစီးတွေအောက်မှာ လူ ၂၀ ကနေ ၂၅ ဦးထိ ပိတ်မိနေနိုင်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Sukhvinder Singh Sukhu ကပြောပါတယ်။ အဲဒီပြည်နယ်မှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ဆက်စပ်တဲ့ဖြစ်စဉ်တွေကြောင့် လူ ၂၁ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ ထောင်ပေါင်းများစွာသော ကမ္ဘာလှည့်ခရီးသွားတွေဟာ ပြည်နယ်ရဲ့ အေးမြတဲ့ရာသီဥတုနဲ့ သာယာတဲ့ရှုခင်းတွေကို ကြည့်ဖို့ တနှစ်ပတ်လုံး အထူးသဖြင့် ရှီမ်လာကို…

Read More

ဒုံးကျည်တွေ တိုးမြှင့်ထုတ်လုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် အမိန့်ထုတ်

ပြုံးယမ်း၊ သြဂုတ်-၁၄-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားရဲ့ ဒုံးကျည်ထုတ်လုပ်နိုင်စွမ်းကို တိုးမြှင့်ဖို့ ခေါင်းဆောင်ကင်ဂျုံအန်က တာဝန်ရှိသူတွေကို အမိန့်ထုတ်လိုက်ပါတယ်။ ကင်ဂျုံအန်ဟာ ဒုံးကျည်တွေ၊ လောင်ချာတွေနဲ့ အခြားမဟာဗျူဟာမြောက် လက်နက်တွေထုတ်လုပ်တဲ့ စက်ရုံကို သွားရောက်စစ်ဆေးပြီးနောက် အခုလိုအမိန့်ထုတ်လိုက်တာဖြစ်ကြောင်း မြောက်ကိုရီးယားအာဏာရ အလုပ်ပါတီသတင်းစာ ရိုဒေါင်ဆင်မွန်က ဖော်ပြထားပါတယ်။ ယူကရိန်းစစ်ပွဲမှာ ရုရှားအသုံးပြုနိုင်ဖို့အတွက် မြောက်ကိုရီးယားဟာ လက်နက်တွေတင်ပို့ဖို့ ကြိုးပမ်းဖွယ်ရှိကြောင်း တောင်ကိုရီးယားအခြေစိုက် ယွန်ဟတ်သတင်းဌာနက အစောပိုင်းမှာ ဖော်ပြထားပါတယ်။ ဒီအတောအတွင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမယ့်အပတ်မှာ စတင်မယ်လို့ ကြေညာထားပါတယ်။ Ulchi Freedom Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၂၁ ရက်ကနေ ၃၁ ရက်ထိ ပြုလုပ်သွားမှာဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုပေါင်း ၃၀ ကျော်ပြုလုပ်ဖို့ စီစဉ်ထားကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ကြေညာထားပါတယ်။ Ref: NHK…

Read More

ရွှေ၊ ငွေ၊ စက်သုံးဆီနဲ့ စားသုံးဆီ အတက်ကြမ်းနေတဲ့ တပတ်တာဈေးကွက်

ဩဂုတ် ၁၄ – ၂၀၂၃ SN (VOM) ပြည်တွင်းက ရွှေ၊ ငွေ၊ စက်သုံးဆီဈေးကွက် အခြေအနေဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကနေ ဒီနေ့ ဩဂုတ် ၁၄ ရက်တာကာလအတွင်း အတက်အကျ အလှုပ်အခတ်များခဲ့ကာ တချို့ရက်တွေမှာ သိသိသာသာ အတက်ကြမ်းခဲ့ပြီး အရောင်းအဝယ် ခေတ္တ ရပ်ဆိုင်းထားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ရာသီဥတုဆိုးရွားပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ကာ ကုန်စည်စီးဆင်းမှုတွေ ခက်ခဲခဲ့တာ၊ စားသုံးဆီနဲ့ စက်သုံးဆီ တင်သွင်းသူတွေ အများဆုံးအသုံးပြုနေတဲ့ စင်္ကာပူအခြေစိုက် UOB ဘဏ်က နိုင်ငံခြားငွေလွှဲလုပ်ငန်း ရပ်ဆိုင်းခဲ့တာတွေကြောင့် မြန်မာ့စီးပွားရေးမှာ လှုပ်ခတ်မှုတွေရှိခဲ့ပြီး ကုန်ဈေးနှုန်းတွေဟာ အခုသီတင်းတပတ်အတွင်းမှာ အရင်ကထက်ပိုပြီး အဆမတန် မြင့်တက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ တစ်ပတ်အတွင်းမှာ ရွှေဈေးတွေ ရုတ်တရက် ထိုးတက်သွားသလို မြန်မာ့ကုန်သွယ်မှုမှာ အဓိက အသုံးပြုနေတဲ့ ငွေလဲလှယ်နှုန်းတွေပါ မြင့်တက်သွားခဲ့တာကြောင့် စက်သုံးဆီဈေး၊…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၁၄ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၁၄ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၅၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar # VOM #Dailygoldprice #August14

Read More

ကမ္ဘောဒီးယားရှိ စာသင်ကျောင်းမှ စစ်ကျန်လက်နက် ထောင်ပေါင်းများစွာ တွေ့ရှိ

ဖနွမ်းပင်၊ သြဂုတ်-၁၄-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘောဒီးယားနိုင်ငံအရှေ့မြောက်ပိုင်းရှိ အထက်တန်းကျောင်းထဲကနေ စစ်ကျန် မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းမီးကျောက် ထောင်ပေါင်းများစွာ တွေ့ရှိပြီးနောက် အဲဒီကျောင်းကို ယာယီပိတ်ထားလိုက်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကမ္ဘောဒီးယားဟာ ဆိုးရွားတဲ့ပြည်တွင်းစစ်ဖြစ်ပြီးနောက် ၄၈ နှစ်ကြာချိန်ထိ ကမ္ဘောပေါ်မှာ မိုင်းအများအပြား ကျန်ရှိနေတဲ့ နိုင်ငံများထဲမှ တနိုင်ငံဖြစ်ပါတယ်။ စုစုပေါင်း လက်နက်ခဲယမ်း ၂၀၀၀ ကျော်ကို သုံးရက်အတွင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတဦးကပြောပါတယ်။ ပြည်တွင်းစစ်ကာလအတွင်း လက်ရှိခဲယမ်းမီးကျောက်တွေ တွေ့ရှိခဲ့တဲ့ ခရာတိုင်းပြည်နယ်ရှိ ကိုဆိုမာ့ခ် အထက်တန်းကျောင်းကိုစစ်စခန်းအဖြစ် အသုံးပြုခဲ့ကြပါတယ်။ တွေ့ရှိခဲ့ရတဲ့ လက်နက်တွေထဲမှာ လက်ပစ်ဗုံးတွေနဲ့ တင့်ကားဖျက်လောင်ချာတွေအပါအဝင် အခြားသော လက်နက်ခဲယမ်းတွေ ပါဝင်နေပါတယ်။ ပန်းခြံချဲ့ထွင်ဖို့ မြေရှင်းလင်းမှုတွေ လုပ်ဆောင်စဉ် လက်နက်တွေကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျောင်းတကျောင်းလုံးကို ရှင်းလင်းတူးဖော်ရဖွယ်ရှိကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ ရှစ်နှစ်ကြာပြည်တွင်းစစ်ဟာ ၁၉၇၅ ခုနှစ်မှာ ပြီးဆုံးခဲ့ပေမယ့်လည်း နိုင်ငံတဝန်း ပျံ့ကြဲနေတဲ့ မြေမြုပ်မိုင်းတွေကြောင့်…

Read More

ပခုက္ကူခရိုင်ထဲက မြို့နယ်အချို့မှာ ခရီးသွားလုံခြုံမှုမရှိသေး

သြဂုတ် ၁၄ -၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲက မြို့နယ်အချို့မှာ ကားသမားတွေနဲ့ ခရီးသည်တွေ သတ်ဖြတ်ခံရတာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ကနေ အခုနှစ် သြဂုတ် ၁၃ ရက်အထိ အယောက်(၅၀)ကျော်ရှိခဲ့တာကြောင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံမှု မရှိသေးဘူးလို့ သိရပါတယ်။ ” ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်က မြိုင်မြို့နယ် ၊ ဌေးအောင်ကျေးရွာက သားအဖ နှစ်ယောက်ဖြစ်တဲ့ ဦးမြင့်ရွှေနဲ့ သူ့သား ဇော်နိုင်ဦးတို့ နှစ်ယောက်ဟာ ရန်ကုန်က အပြန်လမ်းမှာ ခရီးသည်တင်ကားပေါ်ကနေ ဆွဲချပြီး အသတ်ခံရတယ် ၊ ရေပြာနဲ့ မြိုင် အကြား မုံရွာ – ပုသိမ်ကားလမ်းပေါ်မှာ ခရီးသည်နဲ့ ကားသမားတွေ ဆွဲချပြီး အသတ်ခံရတာတွေရှိတယ် ၊ အသတ်ခံရသူပေါင်း ၁၀ ယောက်ထက်မနည်းဘူး “လို့ မြိုင်မြို့နယ်ဒေသခံ…

Read More

This Day in History: August-14

This Day in History: August-14 တရုတ်နိုင်ငံသည် ပထမကမ္ဘာစစ်အတွင်း၌ ဂျာမနီနှင့် သြစတြေးလျ-ဟန်ဂေရီတို့ကို ၁၉၁၇ ခုနှစ် သြဂုတ် ၁၄ ရက်တွင် စစ်ကြေညာခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory # August14

Read More

ဖားကန့်မှာ မြေပြိုကျလို့ အလုပ်သမား ၃၀ နီးပါးပျောက်ဆုံးနေ

သြဂုတ် ၊ ၁၄ ၊ ၂၀၂၃ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ၊ မနကျေးရွာနားက ကျောက်စိမ်းလုပ်ကွက်တခုမှာ မနေ့ သြဂုတ် ၁၃ ရက် ညနေပိုင်းက မြေပြိုကျပြီး ရေလှိုင်းလုံးတွေ တက်လာတဲ့အတွက် ရေစီးနဲ့အတူ ကျောက်စိမ်းတူးဖော်ရှာဖွေနေသူ အလုပ်သမား ၂၀ ကျော် ၊ ၃၀ နီးပါးပျောက်ဆုံးတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဖြစ်တာက ညနေ ၃ နာရီဝန်းကျင်ဖြစ်တာ ၊ မနမှော်ဘက်က ကျောက်စိမ်းတောင် မြေပြိုကျတာပါ ၊ မြေပြိုကျတဲ့ အချိန် ၊ မြေပြိုတဲ့ တောင်ကမိးပါးမှာ ရေမဆေးကျောက်ရှာနေတဲ့ လူတွေရှိနေတယ် ၊ ပြိုကျတဲ့ မြေက အင်းထဲရောက်တဲ့အခါ အင်းထဲက ရေတွေက လှိုင်းလုံးဖြစ်သွားပြီး အပေါ်ကို လျှံတက်လာတယ်…

Read More
VOM News

FREE
VIEW