အိန္ဒိယ-တရုတ် အငြင်းပွားဖွယ်နယ်စပ်မှာ တင်းမာမှုများလျှော့ချဖို့ မိုဒီနဲ့ ရှီကျင်းပင် သဘောတူ

ဒေလီ၊ သြဂုတ်-၂၅-၂၀၂၃ မျိုးဆက်(VOM) အငြင်းပွားဖွယ်နယ်စပ်ဒေသတလျှောက်မှာ တင်းမာမှုတွေကို လျှော့ချဖို့ တရုတ်သမ္မတရှီကျင်းပင်နဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ သဘောတူခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ တောင်အာဖရိကမှာ ကျင်းပနေတဲ့ ဘရစ်အုပ်စု ထိပ်သီးဆွေးနွေးပွဲပြင်ပမှ သြဂုတ် ၂၄ ရက်က ဆွေးနွေးခဲ့ပြီး သဘောတူခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီး အိန္ဒိယနဲ့တရုတ်နိုင်ငံတို့ဟာ ဟိမဝန္တာဒေသမှာ အရှည် ၂၁၀၀မိုင်အရှည်ရှိ နယ်စပ်ချင်းထိစပ်နေကြပြီး နှစ်ဘက်တပ်ဖွဲ့ဝင်တွေအကြား လူသေဆုံးစေတဲ့ထိ ပဋိပက္ခတွေဖြစ်ပွားခဲ့ဖူးပါတယ်။ အိန္ဒိယ-တရုတ်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေးအတွက် နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့နဲ့ ပိုင်းခြားထားတဲ့နယ်စပ်မျဉ်းကို လေးစားလိုက်နာဖို့ မဖြစ်မနေလိုအပ်ကြောင်း ဝန်ကြီးချုပ်မိုဒီက တရုတ်သမ္မတကို ပြောကြားခဲ့ောကာင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုြတ်ပန်ပါတယ်။ မိုဒီရဲ့တောင်းဆိုချက်အရ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံက ထုတ်ပြန်ထားပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့အကြားဆက်ဆံရေးဟာ ဆယ်စုနှစ်သုံးခုကျော်ကြာဆိုးရွားနေခဲ့ပါတယ်။ Ref: BBC #voiceofmyanmar #VOM #IndiaAndChinaAgree #ToDe-escalate’…

Read More

ဝမ်ပေါင်ကုမ္မဏီဆီ အလုပ်လျှောက်ဖို့လာတယ်ဆိုတဲ့ လူ ၁၄ ယောက်ကို ဒေသတွင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးစစ်ဆေးနေ

သြဂုတ် ၊ ၂၅ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ် ကြေးနီထုတ်လုပ်ရေး ဝမ်ပေါင်ကုမ္မဏီဆီ အလုပ်လျှောက်ထားဖို့ သွားရောက်တယ်ဆိုတဲ့ လူ ၁၄ ယောက်ကို ဆားလင်းကြီးမြို့နယ်အတွင်းရှိ ချင်းတွင်းဂဠုန်ရာဇာ(CGYDF)အဖွဲ့က မနေ့ သြဂုတ် ၂၄ ရက် ညပိုင်းမှာ ဖမ်းဆီးထားတယ်လို့ လူမှုကွန်ယက်မှာ သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ ” အဖမ်းခံရတယ်ဆိုတဲ့ လူ ၁၄ ယောက်စလုံးက ကုမ္မဏီဝန်ထမ်းတွေ မဟုတ်ဘူး ၊ အလုပ်လျှောက်ဖို့ လာတဲ့ လူသစ်တွေဖြစ်တယ် ၊ အဆက်အသွယ် ရတာမျိုး မရှိပါဘူး”လို့ ဝမ်ပေါင်ကုမ္မဏီနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဆားလင်းကြီးမြို့ခံ(၁)ယောက်က “အဖမ်းခံရတဲ့ လူ ၁၄ ယောက်က ဧရာဝတီတိုင်း ၊ သာပေါင်းမြို့နယ်က လူတွေဖြစ်တယ်လို့…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၂၅ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၂၅ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၆၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #August25th

Read More

ရုရှားနိုင်ငံ မော်စကိုနဲ့ ကရိုင်းမီးယားဒေသကို ယူကရိန်းက ဒုံးကျည်၊ မောင်းသူမဲ့လေယာဉ် ၄၂ စင်းနဲ့တိုက်ခိုက်

မော်စကို၊ သြဂုတ်-၂၅-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းဟာ ရုရှားနိုင်ငံ မြို့တော်မော်စကိုသို့ ဒုံးကျည်တစင်းနဲ့ ပစ်ခတ်ခဲ့ပြီး ကရိုင်းမီးယားကျွန်းဆွယ်မှာလည်း ဒရုန်း ၄၂ စင်းနဲ့တိုက်ခိုက်ခဲ့ကြောင်း ရုရှားက သြဂုတ် ၂၅ ရက်မှာ ပြောဆိုလိုက်ပါတယ်။ မော်စကိုဒေသနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကလူဂါဒေသကို ဖြတ်ကျော်ပံျသန်းလာတဲ့ ပြုပြင်ထားတဲ့ အက်စ်-၄၀၀ ဒုံးကျည်ကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ကလူဂါဒေသဟာ မော်စကိုကနေ ကီလိုမီတာ ၂၀၀ သာကွာဝေးပါတယ်။ အဲဒီဒုံးကျည်ကို ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်က ထောက်လှမ်းမိပြီး ပစ်ချခဲ့တာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးမှုမရှိကြောင်း ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် ရုရှားက ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့တဲ့ ကရိုင်းမီးယားဒေသကိုလည်း ယူကရိန်းက မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး လေယာဉ်ကိုစင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချခဲ့ပြီး ကျန် ၃၃ စင်းကတော့ အီလက်ထရွန်းနစ်စနစ်နဲ့ ဖျက်ဆီးခဲ့တာကြောင့်…

Read More

This Day in History(August25)

This Day in History(August25) Voice of Myanmar လကမ္ဘာပေါ်သို့ ပထမဆုံးခြေချနိုင်ခဲ့သော အမေရိကန်အာကာသယာဉ်မှူး နေးလ်အမ်းစထရောင်းသည် အသက် ၈၂ နှစ်အရွယ် ၂၀၁၂ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ကွယ်လွန်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory # August25

Read More

နန့်ယားမှာ စစ်ရှောင်အချို့နဲ့ ပိတ်မိနေတဲ့ ခရီးသွားအချို့ ပေါ်တာဆွဲခံရတယ်လို့ သိရ

ဩဂုတ် ၂၅၊ ၂၀၂၃ Shy V(VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နန့်ယားရွာရှိ နန့်ယားနှစ်ခြင်းဘရားကျောင်းက စစ်ရှောင် အချို့နဲ့ လမ်းမှာ ပိတ်မိသောင်တင်နေတဲ့ ခရီးသွားအချို့ ပေါ်တာဆွဲခံရတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။ “မနေ့ညက ကျနော်တို့နားမှာ ပေါ်တာလိုက်ဆွဲနေတာ။ တည်းခိုခန်းမှာ မအိပ်နိုင်တော့ဘူး။ ထွက်ပြေးရတယ်။ တညလုံး ခြင်စာ ဖြစ်သွားတယ်၊ တချို့ ကားသမားတွေရော ခရီးသည်တွေရော ခြေဦးတည့်ရာ ထွက်ပြေးတိမ်းရှောင်ကြပြီး နောက်မှ ကားပေါ် ပြန်လာအိပ်ကြတာ။” လို့ လမ်းခရီးမှာ သောင်တင်နေတဲ့ ခရီးသည်(၁)ဦးက ပြောပါတယ်။ ဒေသခံ(၁)ဦးကလည်း”မနေ့ည ၈ နာရီကနေ ၁၀ နာရီကြား နန့်ယား KBC ဘုရားကျောင်းမှာ စစ်ရှောင်လာတဲ့ အမျိုးသားတွေ၊ နန့်ယားရွာ လမ်းပေါ်မှာ ‌ပိတ်မိသောင်တင်နေတဲ့ ကားသမားတွေနဲ့ ခရီးသည်တွေကိုပါ ပေါ်တာဆွဲသွားတယ်၊ ကချင် နှစ်ခြင်းဘုရားကျောင်းက သာသနာ့ဝန်ထမ်း ဆရာ…

Read More

အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံတွေနဲ့ ယူကရိန်းစစ်သားစုဆောင်းရေးစနစ် ဂယက်ရိုက်နေ

ကိယက်ဗ်၊ သြဂုတ် -၂၄-၂၀၂၃ ရုရှားရဲ့ အင်အားအလုံးအရင်းနဲ့ ကျူးကျော်မှုစတင်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံသား ထောင်နဲ့ချီပြီး တွန်းလှန်ဖို့ စစ်ထဲဝင်ခဲ့ကြပါတယ်။ မရေရာ မသေချာတဲ့အနာဂတ်တွေအကြား အန္တရာယ်ကြီးကြီးမားမားရှိနေပေမဲ့ အဲဒီလိုတွန်းလှန်နေခဲ့ကြတာ လပေါင်းများစွာ ကြာခဲ့ပြီဖြစ်သလို ချေမှုန်းရေးအတွက် စေတနာ့ဝန်ထမ်းဆိုတဲ့စကားလုံးကို မီဒီယာစာမျက်နှာတွေမှာ လွယ်လင့်တကူ ပြောဆိုသုံးနှုန်းလာကြတာ တွေ့ရပါတယ်။ စစ်ဖြစ်ပြီး ၁၈ လအကြာမှာတော့ ကိယက်ဗ်မြို့ရဲ့ လွတ်လပ်ရေးရင်ပြင်ရှိ ကျဆုံးသွားတဲ့ စစ်သည်တွေအတွက် အထိမ်းအမှတ်အလံတွေ စိုက်ထူထားတဲ့ဧရိယာဟာ ပိုကျယ်လာခဲ့ပါတယ်။ အခြားတဖက်မှာလည်း မဖြစ်မနေ စစ်မှုထမ်းရခြင်းကို ရှောင်ရှားခြင်း (draft dodger) ဆိုတဲ့အသုံးအနှုန်းကလည်း မကြာခဏကြားနေရပါတယ်။ ယူကရိန်းစစ်သားစုဆောင်းရေးစနစ်အပေါ် လူထုက အပြစ်တင်ရှုတ်ချကြသလို စစ်သားတွေအပေါ် ဖိနှိပ်မှုတွေကလည်း ထိတ်လန့်စရာကောင်းလာတယ်လို့ ဆိုကြပါတယ်။ ယူကရိန်းပြည်တွင်း အကျင့်ပျက်ခြစားတဲ့အထောက်အထားတွေဟာ အရှုပ်တော်ပုံတွေအဖြစ် ဆက်တိုက်ပေါ်ပေါက်လာခဲ့ပြီး သမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက နိုင်ငံတဝန်းရှိ အကြီးတန်းစစ်သားစုဆောင်းစနစ်တွေကို ပယ်ဖျက်လိုက်ပါတယ်။ လက်ရှိစစ်ပွဲမှာ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်တွေကြောင့် စစ်သားတွေ ရင်ဆိုင်နေရတဲ့၊…

Read More

တောင်ကိုရီးယားသွားတဲ့ မြန်မာလုပ်သားတွေ တားမြစ်စားသောက်ကုန်သယ်လာတာ ထပ်မိရင် ပြည်ဝင်ခွင့်ပိတ်မယ်

ဩဂုတ် ၂၄ – ၂၀၂၃ SN (VOM) တောင်ကိုရီးယားသွားတဲ့ မြန်မာလုပ်သားတွေ တားမြစ်စားသောက်ကုန်တွေ သယ်လာတာ လေဆိပ်မှာ မကြာခဏသိမ်းဆည်းရမိတဲ့အတွက် နောက်တကြိမ် ထပ်မိရင် ပြည်ဝင်ခွင့်ပိတ်မယ်လို့ တောင်ကိုရီးယားဘက်က သတိပေးလာတယ်လို့ ဆိုးလ်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။ နိုင်ငံအားလုံးအနေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ဂေဟစနစ်မပျက်စီးစေဖို့၊ အာဖရိကဝက်တုပ်ကွေးရောဂါနဲ့ ကြက်ငှက်တုပ်ကွေးရောဂါကဲ့သို့သော ရောဂါသစ်၊ ရောဂါဆန်းတွေ ဝင်ရောက်လာခြင်းမရှိစေဖို့ IPPC Convention နဲ့သော်လည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေစည်းမျဉ်းတွေနဲ့သော်လည်းကောင်း ရောဂါပိုးမွှားကင်းရှင်းကြောင်း စစ်ဆေးထားခြင်းမရှိတဲ့ အပင်၊ သစ်သီးနဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေကို ကြီးကြပ်စစ်ဆေးပြီး တားမြစ်ပိတ်ပင်လျက်ရှိတယ်လို့ သိရပါတယ်။ “အသားခြောက် လုံးဝ လုံးဝ ဖမ်းပါတယ်။ ကွမ်းရွက် ဖမ်းတာပါပဲ။ Re-entry တွေက လူနည်းတဲ့အတွက် သေချာစစ်ပါတယ်။ တခြားနိုင်ငံတွေ အိတ်စစ်ချိန် ၅ မိနစ်တောင် မကြာတဲ့အချိန် ကျွန်တော်တို့တွေ ဝင်လိုက်ရင် အနည်းဆုံး…

Read More
VOM News

FREE
VIEW