ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၇ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၇ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၇၀၀ ကျပ် ဝယ်ဈေး – ၃၆၆၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၇၁၀ ကျပ် ဝယ်ဈေး – ၂၆၄၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၉၀ ကျပ် ဝယ်ဈေး – ၃၈၇၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၄.၄၈ ကျပ် ဝယ်ဈေး – ၁၀၀.၈၂ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၉၈ ကျပ် ဝယ်ဈေး – ၇၆၆ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၀၈ ကျပ် ဝယ်ဈေး –…

Read More

ပါကစ္စတန် ပန်ဂျပ်ပြည်နယ်မှာ ဘာသာရေးတင်းမာမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ဖြန့်ကြက်ထားရ

အစ္စလာမ္မာဘတ်၊ သြဂုတ်-၁၇-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံရှိ မြို့တမြို့မှာ ကုရ်အာန်ကျမ်းကို အမျိုးသားနှစ်ဦးက စော်ကားခဲ့တယ်ဆိုပြီး ထောင်နဲ့ချီတဲ့ မွတ်ဆလင်တွေက ခရစ်ယာဉ်ဘာသာဝင်တွေရဲ့ နေအိမ်တွေနဲ့ ဘုရားကျောင်းတွေကို မီးရှို့ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုတွေဟာပန်ဂျပ်ပြည်နယ်ရှိ ဂျာရန်ဝါလာမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘုရားကျောင်းလေးကျောင်းနဲ့ အခြားဆက်နွယ်တဲ့ အဆောက်အဦ တဒါဇင်ကျော် ပျက်စီးသွားကြောင်း ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ခရစ်ယာန်အမျိုးသားနှစ်ဦးဟာ မွတ်ဆလင်တို့အထွတ်အမြတ်ထားရာ ကုရ်အာန်ကျမ်းစာအုပ်မှာ အနီရောင်မှငနဲ့ ရှုတ်ချစော်ကားတွေ မှတ်ချက်တွေရေးသားထားတဲ့ စာမျက်နှာများတွေ့ရှိခဲ့ပြီး သူတို့နှစ်ဦးကို အမှုဖွင့်ထားကြောင်း သိရပါတယ်။ မွတ်ဆလင်အသိုင်းအဝိုင်းဟာ ပါကစ္စတန်လူဦးရေရဲ့ ၉၆ ရာခိုင်နှုန်းကျော်ရှိပါတယ်။ လက်ရှိဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာဖြန့်ကြက်ထားကာ လူဒါဇင်များစွာကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဘာသာရေးပုတ်ခတ်စော်ကားမှုဟာ ပါကစ္စတန်မှာ သေဒဏ်ထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ ဒီကိစ္စအတွက် ဘယ်သူ့ကိုမှ ကွပ်မျက်ခြင်းမပြုခဲ့သေးပေမယ့် ရာဇဝတ်မှုလို့စွပ်စွဲပြီး လူအုပ်က လာရောက်သတ်ဖြတ်မှုတွေကြောင့် ဒါဇင်များစွာ သေဆုံးခဲ့ပါတယ်။ Ref: BBC Photo:Reuters…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၁၇ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၁၇ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၉၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၆၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #DailyGold #PricesAugust17

Read More

This Day in History: August-17

This Day in History: August-17 Voice of Myanmar တူရကီနိုင်ငံ အိုင်ဇမစ်အနီးတွင် ၁၉၉၉ ခုနှစ် သြဂုတ် ၁၇ ရက်တွင် လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၄ အဆင့်ရှိ အင်အားပြင်း မြေငလျင်ကြောင့် လူပေါင်း ၁၇၀၀၀ ကျော်သေဆုံးခဲ့ပြီး လူငါးသိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ #voiceofmyanmar#VOM #ThisDayInHistory #August17

Read More

တရားဝင်လူနေထိုင်ခွင့် မကျသေးတဲ့ တိုက်ခန်းတွေ ကြိုပွိုင့်စနစ်နဲ့ အရောင်းအဝယ်ဖြစ်နေ

ဩဂုတ် ၁၇ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့မှာ ကန်ထရိုက်တွေရဲ့ ကြိုပွိုင့်စနစ်နဲ့ တိုက်ခန်းရောင်းချခြင်းတွေကြောင့် တရားဝင် လူနေထိုင်ခွင့်မရှိသေးတဲ့ တိုက်ခန်းတွေအရောင်းအဝယ် ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ အဆောက်အဦဆောက်လုပ်ခွင့်ပြီးစီးကြောင်း အသိအမှတ်ပြုလက်မှတ် (Building Completion Certificate – BCC) မကျသေးတဲ့ တိုက်ခန်းတွေဟာ လက်ရှိမှာ အိမ်ရာနေထိုင်မှု လိုအပ်ချက်အရ အရောင်းအဝယ်ဖြစ်နေပြီး တိုက်ခန်းဆောက်လုပ်မှု မပြီးသေးဘဲ လူဝင်ရောက်နေထိုင်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ “အခုက လူနေထိုင်ခွင့်မကျသေးတဲ့ အထပ်မြင့်တိုက်တွေက တိုက်ခန်းတွေကို လိမ်လည် ရောင်းချတဲ့နည်း၊ ဈေးလျှော့တဲ့ နည်းလမ်းတွေနဲ့ ကန်ထရိုက်တွေက စည်းကမ်းမဲ့ ရောင်းနေကြတာ။ တချို့က သိသိကြီးနဲ့ လတ်တလော လိုအပ်ချက်အရ နေစရာမရှိလို့ ဝယ်ပြီး တက်နေနေကြတာလည်း ရှိသလို တချို့ကတော့လည်း နားမလည်ဘဲနဲ့ ဝယ်လိုက်မိတာတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ဒီဈေးက တန်တယ်ဆိုပြီး…

Read More

ယင်းမာပင်မြို့နယ် လည်ငေါက်ရွာမှာ လူ ၁၀ ယောက် ဖမ်းဆီးသတ်ဖြတ်ခံရ

သြဂုတ် ၊ ၁၇ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ လည်ငေါက်ကျေးရွာမှာ နေတဲ့ ရွာခံ ၁၀ ယောက်ကို မနေ့ သြဂုတ် ၁၆ မနက်အစောပိုင်းက လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသတ်ဖြတ်တာကို ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဖမ်းဆီး သတ်ဖြတ်ခံရသူတွေကတော့ ကနဦး သိရတာက ကိုဖိုးဉာဏ်(၄၈နှစ်)၊ ကိုသိန်းငွေ(၄၄နှစ်)၊ ကိုဇော်မြင့်ဌေး(၃၄နှစ်)၊ ကိုဇော်မျိုးခိုင် (၂၂နှစ်)၊ ပုလဲဘက်က ကိုဝင်းဇော်ဦး (၄၅နှစ်)၊ ကိုကျော်မျိုးဝင်း(၃၈နှစ်)တို့ဖြစ်တယ် ၊ နောက်ပြီး မြောက်ယမားချောင်းထဲမှာ အမျိုးသား ၃ လောင်းတွေ့တယ် ၊ သွားရောက် ကယ်ဆယ်နေတုန်း ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က…

Read More

ရာသီဥတုဖောက်ပြန်မှု ၊ သဘာဝဘေးနဲ့ လူသားတို့ရဲ့ တာဝန်

မျိုးဆက်(VOM) သြဂုတ်-၁၇-၂၀၂၃ ကမ္ဘာပေါ်မှာ ရာသီဥတုပြောင်းလဲမှုနဲ့ဆက်နွယ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် နှစ်စဉ်နှစ်တိုင်း လူထောင်ပေါင်းများစွာ ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို နှစ်စဉ်ဒေါ်လာ ဘီလီယံများစွာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ကမ္ဘာ့ရာသီဥတုအခြေအနေဟာလည်း ၁၉၈၀ ပြည့်နှစ်အလွန်နှစ်တွေနောက်ပိုင်း သိသိသာသာ ပိုမိုဆိုးရွားလာခဲ့ပြီး ကမ္ဘာ့နေရာအနှံ့အပြားမှာ မိုးခေါင်းမှု၊ ရေကြီးမှု၊ အအေးလွန်ကဲမှု၊ ပြင်းထန်တဲ့မုန်တိုင်းတိုက်ခတ်မှု၊ တောမီးလောင်ကျွမ်းမှုစတဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ပြောင်းလဲလာမှုရဲ့ နောက်ဆက်တွဲဒဏ်တွေကို လူသားတွေ ရင်ဆိုင်နေရပါတယ်။ မကြာသေးမီအချိန်က ပါကစ္စတန်မှာဖြစ်ပွားခဲ့တဲ့ရေဘေးကြောင့် လူထောင်ပေါင်းများစွာသေဆုံးပြီး ဒေါ်လာဘီလီယံများစွာ ဆုံးရှုံးခဲ့ရသလို လက်ရှိအချိန်ထိလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံအတော်များများမှာ ပြင်းထန်တဲ့အပူလှိုင်းတွေဖြတ်ခဲ့ပြီး တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတွေကိုပါ ကြုံတွေ့ခဲ့ရကာ အမေရိကန်နိုင်ငံ ဟာဝိုင်အီမှာ လက်ရှိလောင်ကျွမ်းနေတဲ့ တောမီးကလည်း နှစ်ပေါင်း ၁၀၀ အတွင်း ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ဖြစ်ပါတယ်။ ဒီလိုသဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး၊ လူမှုဘဝ၊ ကျန်းမာရေး၊ ပညာရေး ထိခိုက်ဆုံးရှုံးမှုတွေကို ပြန်လည်ထူထောင်ဖို့အတွက်ကိုလည်း နှစ်စဉ်…

Read More

ကလေမြို့တောင်ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်နေလို့ ကလေး – ဂန့်ဂေါ ကားလမ်းပိတ်ထား

သြဂုတ် ၊ ၁၆ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ် တောင်ပိုင်းနဲ့ ဂန့်ဂေါမြို့နယ်အကြား ထိတွေ့တိုက်ပွဲတွေဖြစ်နေတာကြောင့် ဂန့်ဂေါ – ကလေးကားလမ်း ပိတ်ထားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ဂန့်ဂေါ ၊ ကန် ၊ မွှေ့လယ် ၊ တောင်ခရန်း ၊ မြောက် ခရန်း ၊ ဟံသာဝတီ ၊ တင်သား ၊ မြောက်စီး စတဲ့နယ်ဘက်က လိုင်းကားတွေ ပိတ်ထားတယ် ကြာပြီ ၊ အခုထိလည်း ဆက်ပိတ်ထားတယ် “လို့ ဒေသခံ ကားသမားတယောက်က ပြောပါတယ်။ ကလေး – ဂန့်ဂေါ ကားလမ်းတွေ ပိတ်ထားတာနဲ့ ပတ်သက်လို့ ကလေးမြို့ခံ ကားသမားတယောက်က ” လမ်းတွေပိတ်ထားတယ် ၊…

Read More

ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းက ယူကရိန်းမှာ အမေရိကန်ပိုင် ဇီဝဓာတ်ခွဲခန်းတွေ ရှိကြောင်း ဝန်ခံ

ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းက ယူကရိန်းမှာ အမေရိကန်ပိုင် ဇီဝဓာတ်ခွဲခန်းတွေ ရှိကြောင်း ဝန်ခံ အမေရိကန်ပြည်ထောင်စုဟာ ဇီဝလက်နက်ပါဝင်တဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းအနေနဲ့ ယူကရိန်းမှာ ဇီဝ ဓာတ်ခွဲခန်းတွေ တည်ဆောက်ထားတယ်လို့ ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ရောဘတ်ကင်ဒနီ ဂျူနီယာက ပြောခဲ့ပါတယ်။ “ဇီဝလက်နက်တွေ ချဲ့ထွင်နေတာကြောင့် ယူကရိန်းမှာ ဇီဝဓာတ်ခွဲခန်းတွေ ထားထားတာပါ၊ ဒီလက်နက်တွေမှာ CRISPR နဲ့ အရင်မျိုးဆက်တွေ မလုပ်နိုင်ခဲ့တဲ့ မျိုးရိုးဗီဇပြုပြင် ဖန်တီးမှု နည်းလမ်းတွေလို နောက်ဆုံးပေါ်လို လူလုပ်ဇီဝနည်းပညာတွေလည်း ပါဝင်နေတယ်” လို့ သူကဆိုပါတယ်။ ၂၀၀၁ ခုနှစ်မှာ အမေရိကန်ဟာ ဇီဝလက်နက်တွေမှာ အများအပြားရင်းနှီးမြှုပ်နှံမှု ပြန်စခဲ့ပေမဲ့ “ဂျနီဗာ သဘောတူညီချက်ကို ချိုးဖောက်တာဟာ ရာဇဝတ်မှုမြောက်တယ်” ဆိုတဲ့အချက်ကြောင့် စိုးရိမ်စိတ်တွေ ရှိခဲ့တယ်၊ အဲဒါကြောင့် ဇီဝဗေဒဆိုင်ရာ ဘေးကင်းလုံခြုံရေး စီမံမှုဆိုပြီး အမေရိကန် ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှု ဌာနကို လွှဲပြောင်းပေးခဲ့တယ်လို့ ပြောပါတယ်။…

Read More

ဂျပန် နျူ စက်ရုံဟောင်းမှ ရေဒီယိုသတ္တိကြွရေဆိုးတွေ သမုဒ္ဒရာထဲ စွန့်ပစ်မှုကို တောင်ကိုရီးယားမှာ ကန့်ကွက်ဆန္ဒပြကြ

Voice of Myanmar တိုကျို၊ သြဂုတ်-၁၇-၂၀၂၃ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်မှာ ဩဂုတ် ၁၁ ရက်တုန်းက နိုင်ငံသားတွေ စုဝေးချီတက်ပြီး ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွ စွန့်ပစ်ရေဆိုးတွေ သမုဒ္ဒရာထဲသို့ ထုတ်လွှတ်မယ့် ဂျပန်ရဲ့အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂယက်ရိုက်ခတ်လာနိုင်လို့ အဲဒီစွန့်ပစ်ရေဆိုးတွေနဲ့ပတ်သက်ပြီး ဂျပန်ရဲ့အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ်ထိတ်လန့်စွာနဲ့ အကြိမ်ကြိမ် ကန့်ကွက်နေကြပေမဲ့ တိုကျိုအစိုးရဟာ အခုသြဂုတ်လကုန်ကျရင် သူ့အစီအစဉ်ကို ရှေ့တိုး လုပ်ဆောင်ရန် မျှော်လင့်ထားကြောင်း ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ရာနဲ့ချီတဲ့ တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူတွေဟာ တိုကျိုအစိုးရရဲ့ အထက်ပါအစီအစဉ်ကို ရှုတ်ချဖို့ ဆိုးလ်မြို့တော်မှာ စုဝေးခဲ့ကြရာ တချို့က နျူကလီယား စွမ်းအင်သုံးစွဲမှုကိုတောင် ကန့်ကွက်ခဲ့ကြတာပါ။ နျူကလီးယားစွမ်းအင်အတွက် ဆိုးကျိုးတွေ မလိုလားကြောင်း၊ အဲဒီရေဆိုးတွေကို ဂျပန်ပြည်တွင်းမှာသာ ထားစေလိုကြောင်း၊ ပစိဖိတ်သမုဒ္ဒရာကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်ကြောင်း၊ ရေဆိုး စွန့်ပစ်တာဟာ ရေဒီယိုသတ္တိကြွပစ္စည်းတွေကြောင့် အဏ္ဏဝါဂေဟစနစ်ကို…

Read More
VOM News

FREE
VIEW