ပေကျင်း၊ သြဂုတ်-၁-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံ နျူကလီးယားတပ်ဖွဲ့ကို ဦးဆောင်နေတဲ့ ထိပ်တန်းခေါင်းဆောင်နှစ်ဦးနေရာမှာ အစားထိုးခန့်အပ်မှု ပြုလုပ်ခဲ့တာကြောင့် သူတို့နှစ်ဦးနဲ့ပတ်သက်တဲ့ပြီး ထင်ကြေးအမျိုးမျိုးထွက်ပေါ်နေပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဒုံးကျည်တပ်ဖွဲ့ကို ဦးဆောင်တဲ့ ဗိုလ်ချုပ်ကြီး လီယုချာအိုနဲ့ သူ့ရဲ့လက်ထောက်တို့ဟာ လနဲ့ချီပြီး လူမြင်ကွင်းကနေ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့နေရာမှာ လက်ထောက်ရေတပ်ဦးစီးချုပ်ဟောင်း ဝန်ဟူဘင်နဲ့ ပါတီဗဟိုကော်မတီဝင် ရှူရှီရှန်းတို့ကို သမ္မတရှီကျင်းပင်က အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဒုံးကျည်တပ်ဖွဲ့ကို ဦးဆောင်တဲ့ ဗိုလ်ချုပ်ကြီး လီယုချာအိုနဲ့ သူ့ရဲ့လက်ထောက်တို့ ဘယ်မှာရှိနေတယ်ဆိုတာ အာဏာပိုင်တွေက မှတ်ချက်မပေးပေမယ့် အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးကော်မရှင်ဟာ သူတို့နှစ်ဦးကို စုံစမ်းစစ်ဆေးမှုတွေလုပ်နေကြောင်း South China Morning Post သတင်းဌာနက ပြီးခဲ့တဲ့အပတ်က ဖော်ပြထားပါတယ်။ ဒါဟာ ဆယ်စုနှစ်များစွာအတွင်း တရုတ်စစ်တပ်ထိပ်တန်းခေါင်းဆောင်ပိုင်းမှာ မျှော်လင့်မထားတဲ့ အကြီးမားဆုံး အပြောင်းအလဲ အရွေ့တခုလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဆယ်စုနှစ်များအတွင်း နျူကလီးယားဆိုင်ရာ မဟာဗျူဟာကို နက်နက်ရှိုင်းရှိုင်းအပြောင်းအလဲလုပ်နေကြောင်း Asia Society Policy…
Read MoreMonth: August 2023
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့အမှုအချို့ လွတ်ငြိမ်းသက်သာခွင့်ရ
ဩဂုတ် ၁-၂၀၂၃ KT(VOM) ဒီနေ့ ဩဂုတ် ၁ရက်နေ့မှာ ကျရောက်တဲ့ ဓမ္မာစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် တနိုင်ငံအတိုင်းအတာ အကျဉ်းသူ/သား ၇၇၄၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ နစက က ကြေညာချက်တွေထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ကြေညာချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့်တို့ ပြစ်ဒဏ်ချခံနေရတဲ့ အမှုတွေထဲက တချို့ကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ ကြေညာထားပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ရှေ့နေ့အသိုင်းအဝိုင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ “ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်အမှုအကြောင်းလားခင်ဗျာ၊လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ပေမယ့်အမှုတွေအများကြီးကျန်သေးတာပေါ့နော်၊ အခုသက်သာခွင့်ပြုတာက ပထမဆုံးစွဲထားတဲ့အမှုတွေပေါ့နော် ၃၅ တို့၃၇တို့က ဒေါ်စုပေါ့နော်၊ ၃၆ ကိုဗစ်အမှုတွေပေါ့နော်၊ အမှုတွေအများကြီးကျန်သေးတာပေါ့၊ အခုသက်သာခွင့်ပြုတာက ၅ မှုလေ အများကြီးကျန်သေးတာပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ၁၈ မှုလောက်ရှိတယ်လေ၊ သက်သာခွင့်ပေးတာပေါ့နော်”လို့ ပြောပါတယ်။ ဒါ့အပြင် အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်(၂၂)ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ #voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #ဦးဝင်းမြင့် #လွတ်ငြိမ်းသက်သာ
Read MoreThis Day in History: August 1 Voice of Myanmar
This Day in History: August 1 Voice of Myanmar အင်္ဂလိပ်ဓါတုဗေဒပညာရှင် ဂျိုးဆက်ပရစ်စလေသည် ဓါတ်ငွေ့ဆိုင်ရာ သမိုင်းဝင်တွေ့ရှိမှုအဖြစ် အောက်ဆီဂျင်ကို ဓါတ်ငွေ့အခြေအနေအတိုင်း ခွဲထုတ်ပြီး ၁၇၇၇ ခုနှစ် သြဂုတ် ၁ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ #VoiceOfMyanmar #VOM #ThisDayinHistory #August1 #သမိုင်းထဲကဒီနေ့
Read Moreရေချိုငါးလုပ်ငန်းဥပဒေ ဖျက်သိမ်းလိုက်တာရဲ့နောက်ဆက်တွဲ အခြေအနေ
ဩဂုတ် ၁ – ၂၀၂၃ GG (VOM) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက “ရေချိုငါးလုပ်ငန်းဥပဒေ’ကို ဖျက်သိမ်းလိုက်ကြောင်း ၂၀၂၃ ခုနှစ် ဇူလိုင်၂၈ ရက်နေ့မှာ အသိပေးခဲ့ပါတယ်။ ရေချိုးငါးလုပ်ငန်းဥပဒေ ရုပ်သိမ်းတဲ့ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၅၃/၂၀၂၃)နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ထိုးပြီး ရုပ်သိမ်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ဥပဒေ ပြဌာန်းထားချိန်မှာတောင် ငါးဖမ်းသူတွေက လိုက်နာမှုအားနည်းတာ ၊ ဘက်ထရီလျှော့ရိုက်ငါးဖမ်းတာ၊ အင်းသူကြီးတွေက ရရှိတဲ့ အင်းလေလံနှစ်အတွင်းမှာ အင်းထဲက ငါးကိုရသလောက် အကုန်ဖမ်းဆီးတာတွေ စတဲ့ ဥပဒေကိုကျော်လွန်လုပ်ဆောင်တာတွေ အများကြီးရှိခဲ့တယ်လို့ သိရပါတယ်။ ရေချိုငါးလုပ်ငန်းဥပဒေမှာ အားနည်းချက်တွေရှိတယ်ဆိုပေမယ့်လည်း ဖျက်သိမ်းလိုက်တာဟာ ကောင်းကျိုးထက်ဆိုးကျိုးကိုသာ ပိုပြီးဖြစ်စေလို့ ဥပဒေအသစ်ထပ်မံပြဌာန်းမယ်ဆိုပါကလည်း အမြန်ဆုံးပြဌာန်းဖို့လိုကြောင်း ၊ ဥပဒေဖျက်သိမ်းတဲ့ကြားကာလမှာ ထိန်းသိမ်းမယ့်နည်းလမ်းနဲ့ လုပ်ဆောင်မယ့် စည်းကမ်းတွေကို ထုတ်ပြန်အသိပေးဖို့ လိုအပ်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး…
Read Moreစားသုံးဆီစျေးမြင့်တက်လာလို့ အကြော်လုပ်ငန်းတွေ ရပ်နားလာရ
ဩဂုတ် ၁ – ၂၀၂၃ GG( VOM) စားသုံးဆီ စျေးနူန်း မြင့်တက်လာလို့ ပြည်တွင်းက အကြော်စုံလုပ်ငန်းတချို့ဟာ အကြော်စုံလုပ်ငန်းစက်ရုံတွေမှာ အသုံးပြုပြီးသား ဆီအကျတွေကို ဝယ်ယူအသုံးပြုတာတွေရှိလာ တယ်လို့ သိရပါတယ်။ အခုလို အသေးစား၊အလတ်စား အကြော်စုံလုပ်ငန်းတချို့ဟာ စက်ရုံအကျ ဆီတွေကို ဝယ်ယူပြီး စားသုံးဆီနဲ့ရောနှောအသုံးပြုနေကြတာကြောင့် တစ်ပတ်ရစ် ဆီအကျ စျေးကွက်တစ်ခုပင် ရှိလာတယ်လို့ သိရပါတယ်။ အဓိက အာလူးကြော် ၊ငါးမုန့်ကြော်အပါအဝင် မုန့်အကြော်စုံလုပ်ငန်း ၊ ပဲမျိုးစုံအကြော်လုပ်ငန်း စတဲ့ စားသုံးဆီကို အဓိကသုံးပြီး ကြော်ရတဲ့ အကြော်မျိုးစုံလုပ်ငန်းတွေဖြစ်တယ်လို့ သိရပါတယ်။ ” စားဆီ နဲ့ကြော်တယ်၊ ဒါပေမယ့် အကုန်လုံး စားဆီတော့မဟုတ်တော့ဘူး၊ စက်ရုံကြော် ဆီအကျတွေဝယ်ပြီး ရောကြော်ရတာပေါ့၊လမ်းဘေးက အကြော်သယ်လေးတွေလိုပေါ့ ၊အရင်နေ့ကကြော်ပြီးသား ဆီအကျကို စားဆီအသန့်နဲ့ရောကြော်သလိုမျိုးပေါ့၊ အာလူးစက်ရုံကြီးတွေက သူတို့ ဆီကို သုံးရက်လောက်သုံးပြီး ပြန်ထုတ်တယ်၊အဲ့ဒါကို အကြော်လုပ်ငန်းအတွက်…
Read Moreကာလုံ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာစောင့်ကြည်သူ ဦးခိုင်မောင်ရည်နဲ့ ဆက်သွယ်မေးမြန်းချက်
ဩဂုတ် ၁-၂၀၂၃ KT(VOM) ၂၀၂၃ ဇူလိုင် ၃၁ရက် မနေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊၂၀၁၀-၂၀၁၅ အခု ၂၀၂၃ခုနှစ် နိုင်ငံရေးလေ့လာနေသူ၊ တစ်သီးပုဂ္ဂလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ရဲ့ အမြင်ကို VOMက ဆက်သွယ်မေးမြန်းထားပါတယ်။ VOM -မနေ့ ဇူလိုင် ၃၁ရက်က ကျင်းပခဲ့တဲါ ကာလုံ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆရာဦးခိုင်မောင်ရည်ရဲ့အမြင်ကိုသိချင်ပါတယ်ခင်ဗျာ။ KMY -လက်ရှိအခြေအနေပေါ် မူတည်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ကာလုံအစည်းအဝေးတင်ပြမှုနဲ့ ကာလုံအစည်းအဝေးဆုံးဖြတ်မှုက ၆ လ သက်တမ်းတိုးမယ်ဆိုတဲ့ ဆုံးဖြတ်မှုက ကျွန်တော်တို့ မျှော်မှန်းထားသလိုပါပဲ သက်တမ်းတိုးတယ်ဆိုတာကို တွေ့ရတယ်၊ ကျွန်တော်တို့ နိုင်ငံရေးနယ်ပယ်ကလူတွေ တွက်ဆထားသလိုဖြစ်လာပါတယ်၊ လက်ရှိအခြေအနေက အားရစရာ မရှိသေးဘူးပေါ့ဗျာ၊ လက်ရှိနိုင်ငံရေးအကျပ်အတည်းရဲ့ထွက်ပေါက်က ရွေးကောက်ပွဲလို့မြင်ပါတယ်၊တခြားထွက်ပေါက်တွေ ရှိကောင်းရှိပါမယ်၊ဒါပေမယ့် ရွေးကောက်ပွဲကတော့ ထွက်ပေါက်တစ်ခုလို့သာမြင်ပါတယ်။ – နစက ပြုလုပ်မယ့် ရွေးကောက်ပွဲကဏ္ဍ KMY- ရွေးကောက်ပွဲကို…
Read More