အာဆီယံ-ဂျပန် အထူးထိပ်သီးဆွေးနွေးပွဲ တိုကျိုမှာ ကျင်းပဖို့ ဂျပန်အစိုးရဆုံးဖြတ်

တိုကျို၊ စက်တင်ဘာ-၂-၂၀၂၃
မျိုးဆက်(VOM)

ဂျပန်နိုင်ငံဟာ အာဆီယံအဖွဲ့နဲ့ အထူးထိပ်သီးဆွေးနွေးပွဲကို လာမယ့်ဒီဇင်ဘာလမှာ လက်ခံကျင်းပသွားမှာဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

အာဆီယံ-ဂျပန် ပူးပေါင်းဆောင်ရွက်မှု နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပမ့် အထူးအစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်ထိ တိုကျိုမှာကျင်းပသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီအထူးအစည်းအဝေးမှာ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဟာ ဒေသတွင်းရေးရာ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအပါအဝင် အခြားအကြောင်းအရာများကို အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေနဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး မက်ဆူနိုဟီရိုကာဇူက ပြောပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်ကီရှီဒါဟာ လာမယ့်သီတင်းပတ်မှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်မှာဖြစ်ပြီး ဒီဇင်ဘာထိပ်သီးဆွေးနွေးပွဲအတွက် ဖြစ်နိုင်ခြေရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အာဆီယံခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖွယ်ရှိနေပါတယ်။

အင်ဒိုနီးရှားမှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို တရုတ်ဝန်ကြီးချုပ်လီချန်းလည်း တက်ရောက်မှာဖြစ်ပြီး အစည်းအဝေးကို စက်တင်ဘာ ၅ ရက်ကနေ ၈ ရက်ထိ ကျင်းပသွားမှာဖြစ်ပါတယ်။

Ref: NHK
#voiceofmyanmar #VOM #JapanToHost #specialSummit #withASEAN #indecember

Related posts

Leave a Comment

VOM News

FREE
VIEW