နဘဲပင်ရွာမှာ ပစ်ခတ်မှုဖြစ်ပြီး လူ(၅)ဦးသေဆုံး

စက်တင်ဘာ ၊ ၃ ၊ ၂၀၂၃ SP ( VOM) မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ နဘဲပင်ကျေးရွာမှာ ဒီမနက် အ​စောပိုင်း ၄ နာရီ ဝန်းကျင်အချိန်က ရွာထဲမှာ ပစ်ခတ်သံတွေကြားရပြီးနောက် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦး ကျည်ဆံထိမှန် သေဆုံးခဲ့သလို အခြား လူ ၂ ယောက်လည်း ကျည်ဆံထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” သေဆုံးနေသူတွေကတော့ ရွာခံ ဦးအောင်ခိုင်၊ ၄၅ နှစ်၊ ဦးဝင်းချို၊ ၄၅ နှစ် ၊ ဦးမျိုးဇော်ဦး၊ ၄၈ နှစ်၊ ဦးညွန့်ပြည့်၊ ၃၃ နှစ်၊ ဒေါ်နုနုဝင်း၊ ၅၂ နှစ် တို့ဖြစ်တယ် ”…

Read More

နွားထိုးကြီးမြို့နယ်မှာ ၃ လောင်းပြိုင် လူသတ်မှုဖြစ်

စက်တင်ဘာ ၊ ၃ ၊ ၂၀၂၃ SP (VOM) မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်၊ သင်းတယာကျေးရွာအုပ်စု၊ ထန်းတောမကျေးရွာမှာ ဒီမနက် အစောပိုင်းက အသတ်ခံထားရတဲ့ လူ ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ့ရတယ်လို့ မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” အသတ်ခံရသူတွေက ထန်းတောမရွာခံတွေဖြစ်တဲ့ ဦးနန်းအောင် ၄၇ နှစ် ၊ ဦးနန်းတင် ၄၅ နှစ် ၊ သူတို့ နှစ်ယောက်က ညီအစ်ကို အရင်းတွေဖြစ်တယ် ၊ နောက်တယောက်က ဦးဘိုတင် ၇၀ နှစ်ဖြစ်တယ် ၊ ရွာရဲ့တောင်ဘက် ဘုန်းကြီးကျောင်း လမ်းဆုံနေရာမှာ အသတ်ခံကြရတာ ” လို့ ထန်းတောမရွာခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ”…

Read More

UOB ရဲ့လမ်းစဉ်အတိုင်း တခြားဘဏ်တွေ လိုက်ပါဆောင်ရွက်နိုင်ဖွယ်ရှိနေတယ်လို့ စီးပွားရေးလေ့လာသူတွေ မှတ်ချက်ပြု

စက်တင်ဘာ ၃ – ၂၀၂၃ SN (VOM) UOB ရဲ့ လမ်းစဉ်အတိုင်း တခြားသော ဘဏ်တွေ၊ ငွေထုတ်ချေးတဲ့ အဖွဲ့အစည်းတွေလည်း လိုက်ပါဆောင်ရွက်လာနိုင်ဖွယ်ရှိနေလို့ စီးပွားရေးလေ့လာသူတွေက မှတ်ချက်ပြု ပြောဆိုကြပါတယ်။ စင်္ကာပူနိုင်ငံအခြေစိုက် နိုင်ငံစုံဘဏ်တခုဖြစ်တဲ့ United Overseas Bank (UOB)ဘဏ်အနေနဲ့ မြန်မာဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေကို စက်တင်ဘာ ၁ ရက်နေ့က စတင်ပြီး ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ Channel News Asia (CNA) သတင်းတရပ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ မြန်မာဘဏ်တွေဆီက ငွေထုတ်မှု၊ ငွေသွင်းမှုတွေအားလုံးကို ကန့်သတ်မှာဖြစ်သလို Credit အကြွေးဝယ်ကဒ်တွေဖြစ်တဲ့ Visa Card,Master Card တွေနဲ့ ငွေပေးချေမှုတွေကိုလည်း ရပ်နားမှာဖြစ်တယ်လို့ CNA ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ အခုလို နစကနဲ့ဆက်စပ်နေတဲ့ လုပ်ငန်းတွေကို နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ အကောင်အထည်ဖော်နေတဲ့နေရာမှာ…

Read More

This Day in History

This Day in History Voice of Myanmar အမေရိကန်အာကာသအေဂျင်စီ (နာဆာ)၏စက်ရုပ်အာကာသယာဉ် ဗိုင်ကင်း-၂ သည် ၁၉၇၆ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် အင်္ဂါဂြိုလ်ပေါ်သို့ဆင်းသက်ခဲ့ပြီး ဂြိုလ်၏လေထုနှင့်မြေဆီလွှာဆိုင်ရာအချက်အလက်များအပြင် မျက်နှာပြင်၏ရောင်ဓာတ်ပုံများကို ကမ္ဘာမြေသို့ ပြန်လည်ပေးပို့နိုင်ခဲ့သည်။ #voiceofmyanmar #vom #ThisDayInHistory #September3

Read More

လူသတ်၊ လုယက်မှုတွေကြားက ရန်ကုန်

SN (VOM) တနေ့တခြား ပိုမိုများပြားလာနေတဲ့ လုယက်မှု၊ အနုကြမ်းစီးမှု၊ ပစ္စည်းယူ လူသတ်မှုတွေကြောင့် ပြည်သူတွေကြားမှာ မလုံခြုံမှုတွေ ခံစားလာနေရပါတယ်။ ဒီလို လုယက်မှု၊ အနုကြမ်းစီးမှုတွေဟာ နယ်မြို့တွေမှာသာမက ရန်ကုန်မြို့လို မြို့ကြီးတွေရဲ့ တကယ့်အချက်အချာကျ၊ လူစည်ကားတဲ့ နေရာတွေမှာပါ ဖြစ်ပွားနေတာ ဖြစ်ပြီး တချို့ဖြစ်စဉ်တွေဆိုရင် မိမိအိမ်မှာပင် နေသော်ငြားလည်း အသက်၊ အိုးအိမ်၊ စည်းစိမ်အတွက် လုံခြုံမှု အာမခံချက်မရှိတာကို တွေ့မြင်နိုင်ပါတယ်။ လက်ရှိမှာ အဲ့ဒီ့ဖြစ်စဉ်တွေကို ကြားသိရသူတိုင်းအတွက် စိုးရိမ်စိတ်၊ ထိတ်လန့်စိတ်တွေ ဖြစ်လာမှာကတော့ ပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ ဒါပေမယ့်လည်း အမှုအခင်းဖြစ်ပွားမှုတွေမှာ အဘယ့်အတွက်ကြောင့် ရက်ရက်စက်စက် သတ်ဖြတ်လာသလဲဆိုတဲ့ အခြေအနေအတွက်ကတော့ ပြောစရာတခု ဖြစ်လာခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ပြည်သူတွေအကြား လူမှုစီးပွားရေးမှာ အများစုကျပ်တည်းနေတဲ့ အခြေအနေကို ဆိုက်ရောက်နေတာပါ။ ကုန်စျေးနှုန်း ကြီးမြင့်လာတာနဲ့အမျှ အခြေခံလူတန်းစားတွေ ဘဝရပ်တည်နိုင်ရေးအတွက်လည်း အခက်အခဲများစွာ ရှိလာနေကြပါတယ်။ အဲ့ဒီ့လို…

Read More
VOM News

FREE
VIEW