ဆူဒန်စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ မြို့တော်ခါတွမ်မှာ လူ (၂၀) ထက်မနည်းသေဆုံး

ခါတွမ်၊ စက်တင်ဘာ-၅-၂၀၂၃
မျိုးဆက်(VOM)

ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်ကို ဆူဒန်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လူ ၂၀ ထက်မနည်းသေဆုံးခဲ့ကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ခါတွမ်အနောက်တောင်ပိုင်းရှိ ကာလက်ခ်လာအယ်လ်ကူးဘား ဒေသမှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူအများအပြားဟာ အပျက်အစီးတွေအောက်မှာ ထိခိုက်သေဆုံးခဲ့ကြောင်း တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

စက်တင်ဘာ ၃ ရက်က မြို့ရဲ့နေရာအတော်များများမှာ လက်နက်ကြီး၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေရှိခဲ့ကြောင်း သူတို့ကဆိုပါတယ်။ ဆူဒန်စစ်တပ်နဲ့ အာအက်စ်အက်ဖ် ပြည်သူ့စစ်တို့အကြား ဧပြီလမှစတင်တဲ့တိုက်ပွဲတွေကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ကြပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ ၁၁၀၀ ကျော်သေဆုံးခဲ့ပြီး အမှန်တကယ်သေဆုံးမှု ပမာဏဟာ ထုတ်ပြန်ထားတာထက် ပိုမိုများပြားနိုင်ကြောင်း ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပဋိပက္ခတွေကြောင့် ဆူဒန်ပြည်သူ ၂ ဒသမ ၂ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ပြည်သူတသန်းခွဲကျော်ဟာ အိနီးချင်းနိုင်ငံတွေမှာ ခိုလှုံနေကြရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Ref:BBC

#voiceofmyanmar #VOM #SudanConflict #AirStrike #Khartoum #kills20

Related posts

Leave a Comment

VOM News

FREE
VIEW