အိန္ဒိယနဲ့ တင်းမာနေစဉ် ဒေလီမှာကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ တရုတ်သမ္မတရှီကျင်းပင် တက်ရောက်ဖွယ်မရှိ

ဝါရှင်တန်၊ စက်တင်ဘာ-၄-၂၀၂၃
မျိူးဆက်(VOM)

တရုတ်သမ္မတရှီကျင်းပင်ဟာ အိန္ဒိယနိုင်ငံ၌ပြုလုပ်မည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နိုင်ဖွယ်မရှိဘဲ ဒီကိစ္စအပေါ် စိတ်ပျက်မိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သမ္မတရှီကျင်းပင်အစား တရုတ်ဝန်ကြီးချုပ် လီချန်းဟာ ယခုသီတင်းပတ်အတွင်းကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်နိုင်ငံကိုယ်စားပြုတက်ရောက်မှာဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

အခုလို တရုတ်သမ္မတမရောက်ခြင်းအတွက် စိတ်ပျက်မိကြောင်း ဒါပေမယ့်လည်း သူနဲ့တွေ့ဆုံသွားဖို့ရှိကြောင်း ဂျိုးဘိုင်ဒင်က သတင်းထောက်တွေကို ပြောကြားခဲ့ပြီး တွေ့ဆုံမယ့်အချိန်ကို ပြောကြားခြင်းမရှိပါဘူး။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ အင်ဒိုနီးရှားနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ကကျင်းပခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ နောက်ဆုံးတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ဂျီ-၂၀ အစည်းအဝေးအတွက် သမ္မတရှီကျင်းပင်ဟာ ဒေလီသို့သွားရောက်မယ်လို့ အစောပိုင်းသတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးမီကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတရှီအစည်းအဝေးတက်ရောက်မယ့်ကိစ္စကို အတည်ပြုပြောဆိုခြင်းမရှိခဲ့ပါဘူး။

တရုတ်နဲ့ အိန္ဒိယအကြား ဆက်ဆံရေးဟာ မကြာသေးမီနှစ်တွေအတွင်း ဆိုးရွားနေခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့နယ်မြေအချို့ပါဝင်နေတဲ့ တရုတ်နိုင်ငံရဲ့မြေပုံသစ်ကြောင့် အိန္ဒိယနိုင်ငံက လွန်ခဲ့တဲ့ သီတင်းပတ်က ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့သည်။

Ref:BBC
#voiceofmyanmar #VOM #BidenDisappointed #XiWwillNotAttend #G20Summit #india

Related posts

Leave a Comment

VOM News

FREE
VIEW