ဆီးချိုရောဂါ ကာကွယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတမျိုး သုတေသီတွေ ရှာဖွေတွေ့ရှိ

တိုကျို၊ စက်တင်ဘာ-၅-၂၀၂၃
မျိုးဆက်(VOM)

ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ဖွယ်ရှိတဲ့ အူလမ်းကြောင်း ဘက်တီးရီးယားတမျိုးကို ဂျပန်သုတေသီတွေက တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

အဲဒီဘက်တီးရီးယားတွေဟာ သွေးတွင်းသကြားဓါတ်ကို လျှော့ချပေးတဲ့ ဟော်မုန်းတမျိုးဖြစ်တဲ့ အင်ဆူလင်ဓါတ်ထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

ဒီလေ့လာမှုကို ရိုင်ကန်သုတေသနအင်စတီကျု၊ တိုကျိုတက္ကသိုလ်နဲ့ အခြားသုတေသီတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး Nature သိပ္ပံဂျာနယ်မှာ မကြာသေးမီက ထုတ်ဖော်တင်ပြခဲ့တာဖြစ်ပါတယ်။

သုတေသီတွေဟာ လူတွေရဲ့အူလမ်းကြောင်း ဘက်တီးရီးယားအမျိုးအစား၊ ကာဘိုဟိုက်ဒရိတ်အခြေအနေတွေနဲ့ အင်ဆူလင်အခြေအနေတွေကို စစ်ဆေးလေ့လာခဲ့ကြပြီး Alistipes ဘက်တီးယားအပါအဝင် အချို့သောဘက်တီးရီးယားအမျိုးအစား မြင့်မားသူတွေဟာ အင်ဆူလင်ထုတ်လုပ်မှု ပိုမိုကောင်းမွန်ကြောင်း သုတေသီတွေက ပြောပါတယ်။

သုတေသီတွေဟာ အဝလွန်ကြွက်တွေကို Alistipes ပေးခဲ့ပြီး ဘက်တီးရီးယားမပေးတဲ့ ကြွက်တွေနဲ့နှိုင်းယှဉ်ရင် သွေးတွင်းသကြားဓါတ် ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဘက်တီးရီးယားဟာ သကြားနဲ့အခြားသော အချိုဓါတ်တွေကို အလွန်အကျွံစားသုံးခြင်းကြောင့် ဟော်မုန်းရဲ့ လုပ်ဆောင်ချက်တွေ အဟန့်အတားဖြစ်စေတာတွေကို လျှော့ချဖို့ အထောက်အကူဖြစ်စေကြောင်း သုတေသီတွေက ယုံကြည်နေပါတယ်။

Ref:NHK

#voiceofmyanmar #vom #ဆီးချို #ဘက်တီးရီးယား #ဂျပန်

Related posts

Leave a Comment

VOM News

FREE
VIEW